
ဥရုဂွေးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ
အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ မမျှော်လင့်တဲ့ဂိုးတစ်ဂိုးသွင်း
ယူနိုင်ခဲ့သလို နောက်ထပ်ဂိုးသွင်းစံချိန်မှတ်တမ်းတစ်ရပ်လည်း ရရှိခဲ့ပါတယ်။
ဒေသတွင်းအဓိကပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ဥရုဂွေးကို ၃ ဂိုးပြတ်နဲ့
အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီဟာ အာဂျင်တီးနားအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ပထမပိုင်းပွဲချိန် ၃၈ မိနစ်မှာရတဲ့ မက်ဆီရဲ့အဲဒီအဖွင့်ဂိုးက မရည်ရွယ်ဘဲ
ရရှိသွားခဲ့တာလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီပီအက်စ်ဂျီတိုက်စစ်မှုးဟာ
ပြိုင်ဘက်ပင်နယ်တီဧရိယာထဲကို ပေးပို့မှုပြုလုပ်ပေးခဲ့တာဖြစ်ပေမယ့်
ဥရုဂွေးဂိုးသမားမူဆလီရာရဲ့အမှားကြောင့် ဂိုးထဲတန်းဝင်သွားခဲ့တာပါ။
အဲဒီဂိုးကြောင့် မက်ဆီဟာ နိုင်ငံတကာဘောလုံးမှာ ဂိုး ၈၀ သွင်းနိုင်ခဲ့တဲ့
ပထမဆုံးတောင်အမေရိကသား ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်လကပဲ မက်ဆီဟာ
အာဂျင်တီးနားအတွက် ၇၉ ဂိုးမြောက်သွင်းပြီး ပီလီရဲ့နိုင်ငံတကာသွင်ဂိုးအများဆုံး
တောင်အမေရိကသားဆိုတဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။
မက်ဆီဟာ အခုချိန်ထိ အာဂျင်တီးနားအတွက် ဂိုး ၈၀ သွင်းထားသလို
ဂိုးဖန်တီးမှု ၅၁ ကြိမ်လည်း ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် မက်ဆီဟာ
ပြီးခဲ့တဲ့ဇွန်လကတည်းက အာဂျင်တီးနားအတွက် ၉ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးပေးထားကာ
နိုင်ငံအသင်းမှာ လတ်တလော အထူးခြေစွမ်းပြနိုင်နေတာပါ။ သူဟာ
အာဂျင်တီးနားအတွက် နောက်ဆုံး ၁၃ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၁၄ ကြိမ်ရှိခဲ့တာလည်း ဖြစ်ပါတယ်။
zawgyi
မေမွ်ာ္လင့္တဲ့ဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့သလို ေနာက္ထပ္ဂိုးသြင္းစံခ်ိန္မွတ္တမ္းတစ္ရပ္လည္း ရရွိခဲ့တဲ့ မက္ဆီ
ဥ႐ုေဂြးကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ေတာင္အေမရိကဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲမွာ
အာဂ်င္တီးနားအသင္းေခါင္းေဆာင္မက္ဆီဟာ မေမွ်ာ္လင့္တဲ့ဂိုးတစ္ဂိုးသြင္း
ယူႏိုင္ခဲ့သလို ေနာက္ထပ္ဂိုးသြင္းစံခ်ိန္မွတ္တမ္းတစ္ရပ္လည္း ရရွိခဲ့ပါတယ္။
ေဒသတြင္းအဓိကၿပိဳင္ဘက္အသင္းတစ္သင္းျဖစ္တဲ့ဥ႐ုေဂြးကို ၃ ဂိုးျပတ္နဲ႔
အႏိုင္ရခဲ့တဲ့ပြဲမွာ မက္ဆီဟာ အာဂ်င္တီးနားအတြက္ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့တာပါ။
ပထမပိုင္းပြဲခ်ိန္ ၃၈ မိနစ္မွာရတဲ့ မက္ဆီရဲ႕အဲဒီအဖြင့္ဂိုးက မရည္႐ြယ္ဘဲ
ရရွိသြားခဲ့တာလို႔ဆိုရင္ ပိုမွန္ပါလိမ့္မယ္။ အဲဒီပီအက္စ္ဂ်ီတိုက္စစ္မႈးဟာ
ၿပိဳင္ဘက္ပင္နယ္တီဧရိယာထဲကို ေပးပို႔မႈျပဳလုပ္ေပးခဲ့တာျဖစ္ေပမယ့္
ဥ႐ုေဂြးဂိုးသမားမူဆလီရာရဲ႕အမွားေၾကာင့္ ဂိုးထဲတန္းဝင္သြားခဲ့တာပါ။
အဲဒီဂိုးေၾကာင့္ မက္ဆီဟာ ႏိုင္ငံတကာေဘာလုံးမွာ ဂိုး ၈၀ သြင္းႏိုင္ခဲ့တဲ့
ပထမဆုံးေတာင္အေမရိကသား ျဖစ္လာခဲ့ပါတယ္။ လြန္ခဲ့တဲ့တစ္လကပဲ မက္ဆီဟာ
အာဂ်င္တီးနားအတြက္ ၇၉ ဂိုးေျမာက္သြင္းၿပီး ပီလီရဲ႕ႏိုင္ငံတကာသြင္ဂိုးအမ်ားဆုံ
းေတာင္အေမရိကသားဆိုတဲ့စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာပါ။
မက္ဆီဟာ အခုခ်ိန္ထိ အာဂ်င္တီးနားအတြက္ ဂိုး ၈၀ သြင္းထားသလို
ဂိုးဖန္တီးမႈ ၅၁ ႀကိမ္လည္း ျပဳလုပ္ေပးထားပါတယ္။ ဒါ့အျပင္ မက္ဆီဟာ
ၿပီးခဲ့တဲ့ဇြန္လကတည္းက အာဂ်င္တီးနားအတြက္ ၉ ဂိုးသြင္း၊ ၅ ဂိုးဖန္တီးေပးထားကာ
ႏိုင္ငံအသင္းမွာ လတ္တေလာ အထူးေျခစြမ္းျပႏိုင္ေနတာပါ။ သူဟာ
အာဂ်င္တီးနားအတြက္ ေနာက္ဆုံး ၁၃ ပြဲမွာ ဂိုးပါဝင္ပတ္သက္မႈ ၁၄ ႀကိမ္ရွိခဲ့တာလည္း ျဖစ္ပါတယ္။