မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ပြရင်း တန်းတက်လာတဲ့ ဘာတန်ရဲ့ ဘရစ္စတိုးရိုဗာ

လိဂ် ၂ကလပ် ဘရစ္စတိုးရိုဗာကတော့ မဖြစ်နိုင်တာကို

ဖြစ်အောင် တကယ်လုပ်ပြရင်း ရာသီပိတ်ပွဲစဉ်အပြီးမှာ
လိဂ် ၁ ကို တိုက်ရိုက်တန်းတက်ခွင့်ရရှိသွားခဲ့ပါတယ်။
ဘရစ္စတိုးရိုဗာဟာ ရာသီပိတ်ပွဲမတိုင်ခင် တတိယနေရာက
နော်သမ်တန်နဲ့ အမှတ်တူနေခဲ့ပေမယ့် ဂိုးကွာခြားချက်
၅ဂိုး လျော့နည်းနေခဲ့တာဖြစ်ပြီး နော်သမ်တန်က

ဘာရိုးကို ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့လို့ ဘရစ္စတိုးရိုဗာလည်း
တိုက်ရိုက်တန်းတက်ခွင့်ရရှိရေးအတွက် အိမ်ကွင်းမှာ
စကန်သော့ပ်ကို အနည်းဆုံး ၇ဂိုးပြတ်အနိုင်ရဖို့ လိုအပ်သွားပါတယ်။
ပထမပိုင်းအပြီးမှာ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂျိုယေးဘာတန်
နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ဘရစ္စတိုးရိုဗာက

စကန်သော့ပ်ကို ၂ဂိုးပြတ်နဲ့ပဲ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်း ၄၅ မိနစ်မှာတော့ ဘရစ္စတိုးရိုဗာ
အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လိုအပ်နေတဲ့
ဂိုးအရေအတွက်အတိုင်း ၅ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
ပွဲချိန် ၈၅ မိနစ်အရောက် ဘရစ္စတိုးရိုဗာအသင်း ၇ဂိုးမြောက်ဂိုး

သွင်းယူနိုင်ပြီးချိန်မှာတော့ အိမ်ရှင်ပရိသတ်တွေ အပျော်လွန်ပြီး
ကွင်းထဲ ပြေးဝင်လာကြလို့ ဒိုင်လူကြီးလည်း ပွဲကို ခဏရပ်ထားရပါတယ်။
၁၆ မိနစ်အကြာမှာ ပွဲပြန်စခဲ့ပြီး ဘရစ္စတိုးလည်း ဇယားအောက်ဆုံးက
စကန်သော့ပ်ကို အေးဆေးထိန်းကစားကာ လိုအပ်နေတဲ့ဂိုးပြတ်နိုင်ပွဲရသွားပါတယ်။
လိဂ် ၂ ရာသီပိတ်ပွဲစဉ်ရဲ့ တကယ့်ကို အမှတ်ရစရာအကောင်းဆုံး

ပွဲဖြစ်ခဲ့ပြီး ဘရစ္စတိုးရိုဗာလည်း ဖောရက်စ်ဂရင်း၊ အိတ်စတာအသင်းတို့နဲ့အတူ
လိဂ် ၁ ကို တန်းပြန်တက်နိုင်ခဲ့ပါတယ်။

Zawgyi

မျဖစ္ႏိုင္တာကို ျဖစ္ေအာင္လုပ္ျပရင္း တန္းတက္လာတဲ့ ဘာတန္ရဲ႕ ဘရစၥတုိးရိုဗာ
လိဂ္ ၂ကလပ္ ဘရစၥတိုးရိုဗာကေတာ့ မျဖစ္ႏိုင္တာကို
ျဖစ္ေအာင္ တကယ္လုပ္ျပရင္း ရာသီပိတ္ပြဲစဥ္အၿပီးမွာ
လိဂ္ ၁ ကို တုိက္ရိုက္တန္းတက္ခြင့္ရရွိသြားခဲ့ပါတယ္။
ဘရစၥတိုးရိုဗာဟာ ရာသီပိတ္ပြဲမတိုင္ခင္ တတိယေနရာက

ေနာ္သမ္တန္နဲ႔ အမွတ္တူေနခဲ့ေပမယ့္ ဂိုးကြာျခားခ်က္
၅ဂိုး ေလ်ာ့နည္းေနခဲ့တာျဖစ္ၿပီး ေနာ္သမ္တန္က
ဘာရိုးကို ၁-၃ ဂိုးနဲ႔ အႏုိင္ရခဲ့လို႔ ဘရစၥတိုးရိုဗာလည္း
တုိက္ရိုက္တန္းတက္ခြင့္ရရွိေရးအတြက္ အိမ္ကြင္းမွာ
စကန္ေသာ့ပ္ကို အနည္းဆုံး ၇ဂိုးျပတ္အႏိုင္ရဖို႔ လိုအပ္သြားပါတယ္။

ပထမပုိင္းအၿပီးမွာ အဂၤလန္လက္ေရြးစင္ေဟာင္း ဂ်ိဳေယးဘာတန္
နည္းျပအျဖစ္ တာ၀န္ယူကိုင္တြယ္ေနတဲ့ ဘရစၥတိုးရိုဗာက
စကန္ေသာ့ပ္ကို ၂ဂိုးျပတ္နဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒါေပမ့ဲ ဒုတိယပို္င္း ၄၅ မိနစ္မွာေတာ့ ဘရစၥတိုးရိုဗာ
အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ လိုအပ္ေနတဲ့

ဂိုးအေရအတြက္အတုိင္း ၅ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။
ပြဲခ်ိန္ ၈၅ မိနစ္အေရာက္ ဘရစၥတိုးရိုဗာအသင္း ၇ဂိုးေျမာက္ဂိုး
သြင္းယူႏုိင္ၿပီးခ်ိန္မွာေတာ့ အိမ္ရွင္ပရိသတ္ေတြ အေပ်ာ္လြန္ၿပီး
ကြင္းထဲ ေျပး၀င္လာၾကလုိ႔ ဒုိင္လူႀကီးလည္း ပဲြကို ခဏရပ္ထားရပါတယ္။
၁၆ မိနစ္အၾကာမွာ ပြဲျပန္စခဲ့ၿပီး ဘရစၥတုိးလည္း ဇယားေအာက္ဆုံးက

စကန္ေသာ့ပ္ကို ေအးေဆးထိန္းကစားကာ လိုအပ္ေနတဲ့ဂိုးျပတ္ႏိုင္ပြဲရသြားပါတယ္။
လိဂ္ ၂ ရာသီပိတ္ပြဲစဥ္ရဲ႕ တကယ့္ကို အမွတ္ရစရာအေကာင္းဆုံး
ပြဲျဖစ္ခဲ့ၿပီး ဘရစၥတိုးရိုဗာလည္း ေဖာရက္စ္ဂရင္း၊ အိတ္စတာအသင္းတို႔နဲ႔အတူ
လိဂ္ ၁ ကို တန္းျပန္တက္ႏုိင္ခဲ့ပါတယ္။