အိုးလ်ထရက်ဖို့ဒ်ကိုပြောင်းရွှေ့ဖို့ချိတ်ဆက်နေခဲ့တဲ့ ဂတ်ပိုဟာ မထင်မှတ်တဲ့
အနေအထားနဲ့ အန်ဖီးလ်ရောက်လာခဲ့ပြီးနောက် လီဗာပူးကစားသမားဘ၀
အဖွင့် ၆ပွဲဆက် ဂိုးပေါက်ပျောက်နေခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ်
ဒတ်ချ်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားအပြီးမှာ လီဗာပူးကို ပေါင် ၃၅သန်းနဲ့
ပြောင်းရွှေ့လာခဲ့ပြီးနောက် ပုံရိပ်အနည်းငယ်ကျဆင်းသွားခဲ့တာဖြစ်တယ်။
Liverpool Echo ရဲ့အဆိုအရတော့ ၁၉၄၅-၄၆ ခုနှစ်ကတည်း လက်ရှိအချိန်အထိ
အန်ဖီးလ်ရောက်လာတဲ့တိုက်စစ်မှူးသစ်တွေထဲမှာ ဂတ်ပိုထက်ပွဲဆက်ရှည်
ဂိုးပေါက်ပျောက်ခဲ့တဲ့ ကစားသမား ၉ဦး သာရှိပါတော့တယ်။ ဒါပေမဲ့ တစ်ဖက်က
ကြည့်ရင်တော့ နယ်သာလန်ကြယ်ပွင့်ရဲ့အနေအထားက ပီတာခရော့ချ်၊
ရော်ဘီကိန်းနဲ့ အီရန်ရက်ရှ်တို့လောက်မဆိုးသေးတာတွေ့ရပါတယ်။
လီဗာပူးအသင်းရဲ့ထာဝရအသင်းဂိုးသွင်းအမျာဆုံးဖြစ်နေတဲ့ အီရန်ရက်ရှ်ဟာ
မာဆေးဆိုက်ကလပ်အတွက် ၃၄၆ဂိုး အထိသွင်းယူခဲ့ပေမဲ့ ၁၀ပွဲအထိကစားခဲ့ပြီးမှ
ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်တယ်။ လက်ရှိအနေအထားနဲ့ပက်သတ်လို့
ဂတ်ပိုက “ကျွန်တော်က တိုက်စစ်ကစားသမားဖြစ်လို့ သွင်းဂိုးနဲ့ ဖန်တီးမှုတွေကိုနှစ်သက်ပါတယ်။
ဒီလိုမလုပ်နိုင်လို့ ဘယ်သူ့ကိုမှမထိခိုက်ဘူးပြောရင် လိမ်ရာကျပါလိမ့်မယ်။
မင်းက ဒါကိုအကဲဖြတ်ပြီးတစ်ခုခုဖြစ်နေပြီလားလို့တွေးမှာပါ၊
ကျွန်တော်တတ်နိုင်သမျှအမြန်ဆုံးပြန်လာနိုင်ဖို့ကြိုးစားရလိမ့်မယ်။
ပွဲတိုင်းအနိုင်ရတဲ့အသင်းထဲကိုရောက်လာတာ စိတ်လှုပ်ရှားဖို့ကောင်းပေမဲ့
ဒီလိုအခြေအနေရောက်တာတော့ မကောင်းဘူးလို့ထင်တယ်။
ဒီလိုအချိန်မှာ မင်းတို့ကိုယ်တိုင်မသိသေးတဲ့အရာတွေကို တိုးတက်အောင်လုပ်ဖို့လိုတယ်။
တိုးတက်ဖို့နဲ့ အနိုင်ရဖို့စတင်ရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။
ကျွန်တော်တို့မှာအရည်အသွေးအများကြီးရှိပေမဲ့ အသင်းလိုက်တိုးတက်ဖို့လိုပါတယ်” လို့ ဆိုခဲ့ပါတယ်။
zawgyi
မပြောင်းချင်တဲ့ကလပ်ကိုပြောင်းခဲ့ပြီး လီဗာပူးကိုစာလုံးပေါင်းဖို့ ခက်ခဲနေတယ်လို့ ဂတ်ပို ဖွင့်ဟလာ
ဒတ်ခ်ျတိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားအပြီးမှာ လီဗာပူးကို ပေါင် ၃၅သန်းနဲ့
ကြည့်ရင်တော့ နယ်သာလန်ကြယ်ပွင့်ရဲ့အနေအထားက ပီတာခရော့ခ်ျ၊