မန်ယူအသင်း အရောင်းအဝယ်ကိစ္စမှာ ပွဲစားဖြစ်လာဖို့ ရှိနေတဲ့ ဘက်ဟမ်း

မန်ယူအသင်းကို ဝယ်ယူချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ အရောင်းအဝယ် ဖြစ်မြောက်ရေးအတွက် ဂန္ထဝင်ကစား သမားဟောင်း ဒေးဗစ်ဘက်ဟမ်းရဲ့ အကူအညီနဲ့အတူ ကြိုးပမ်းလာနိုင်တယ်လို့

သတင်း ထွက်လာပါတယ်။ ဘက်ဟမ်းဟာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်မှာ မန်ယူကနေ ရီးရဲလ်အသင်းကို ပြောင်းရွှေ့သွားပြီးကတည်းက အသင်းဟောင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို အမြဲတစေ

ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး လက် ရှိမှာလည်း မန်ယူဘုတ်အဖွဲ့ဝင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ဘက်ဟမ်းရဲ့ အရှိန်သြဇာ

လွှမ်းမိုးမှု ဟာ လက်ရှိ ဂလေဇာ မိသားစု အပါအဝင် တာဝန်ရှိသူတွေအပေါ်မှာ အ တိုင်းအတာ တစ်ခုအထိ သက်ရောက်မှု ရှိနေတာကြောင့် အခုလိုမျိုး ကြိုးစားလာနိုင်တယ်လို့ သတင်းထွက်လာတာပါ။

မန်ယူအသင်းပိုင်ရှင် တွေဖြစ်တဲ့ ဂလေဇာ မိသားစုဟာ မန်ယူကို ပေါင် ၆ ဘီလီယံနဲ့ အရောင်းစာရင်းတင်ထားတာဖြစ်ပြီး လက်ရှိမှာ ဘက်ဟမ်းရဲ့ အသားတင် ကြွယ်ဝချမ်း သာမှုက ပေါင်သန်း ၃၇၀ ရှိနေပါတယ်။

ဒါကြောင့် တစ်ဖက်မှာ ဘက်ဟမ်းဟာ မန်ယူအသင်းမှာ အကျိုးတူ စီးပွားရေးလုပ်ကိုင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာနိုင်တယ်လို့လည်း အင်္ဂလန်အခြေစိုက် Daily Star သတင်းစာက ရေးသားဖော်ပြပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ သတင်းတွေ ထွက်ပေါ်နေတဲ့ အဆင့်မျိုး သာရှိနေပြီး မန်ယူကို ဝယ်ယူလိုတဲ့ ဘယ်လို စီးပွားရေးလုပ်ငန်းရှင်မှ မရှိသေး သလို ထဲထဲဝင်ဝင် စကားပြောဆိုတာမျိုးလည်း မရှိသေးပါဘူး။

၂၀၂၂ ကာ တာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အထူးသံတမန်အဖြစ် တာဝန်ယူခဲ့တဲ့ ဘက်ဟမ်းဟာ ဥရောပ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း အတော်များများ ရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။

မန်ယူရဲ့ ခေါ်ဈေးဟာ ကာလပေါက် ဈေးထက် အရမ်းကို မြင့်မားလွန်းနေတာကြောင့် တော်ရုံတန်ရုံ စီးပွားရေး လုပ်ငန်းရှင်မျိုးဟာ အနားမကပ်နိုင်သလို စုပေါင်းစပ်ပေါင်း၊ ဒါမှမဟုတ်

အစု ရှယ်ယာတွေနဲ့ ဝယ်မှသာ ဖြစ်နိုင်မယ့် အနေအထားရှိနေပြီး လက်ရှိမှာတော့ ဗြိတိန်ရဲ့ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် ရက်ကလစ်တစ်ယောက်ပဲ သတင်းထွက်လာနေပါတယ်။

ဘယ်လို ကမ်းလှမ်းမှုမျိုးကို လက်ခံစဉ်းစားဖို့ ရှိနေတယ်လို့ မန်ယူဘက်ကနေပြီး ထုတ်ပြန်ခဲ့တာမျိုး ရှိပေမဲ့ အိုးရောင်း ခွက်ရောင်းတော့ ရောင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။

(Zawgyi)

မန္ယူအသင္း အေရာင္းအဝယ္ကိစၥမွာ ပြဲစားျဖစ္လာဖို႔ ရွိေနတဲ့ ဘက္ဟမ္း

မန္ယူအသင္းကို ဝယ္ယူခ်င္တဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြဟာ အေရာင္းအဝယ္ ျဖစ္ေျမာက္ေရးအတြက္ ဂႏၴဝင္ကစား သမားေဟာင္း ေဒးဗစ္ဘက္ဟမ္းရဲ႕ အကူအညီနဲ႔အတူ

ႀကိဳးပမ္းလာႏိုင္တယ္လို႔ သတင္း ထြက္လာပါတယ္။ ဘက္ဟမ္းဟာ ၿပီးခဲ့တဲ့ ၂၀၀၃ ခုႏွစ္မွာ မန္ယူကေန ရီးရဲလ္အသင္းကို ေျပာင္းေ႐ႊ႕သြားၿပီးကတည္းက အသင္းေဟာင္းနဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးကို

အၿမဲတေစ ထိန္းသိမ္းထားႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး လက္ ရွိမွာလည္း မန္ယူဘုတ္အဖြဲ႕ဝင္ေတြနဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးမ်ိဳး ရွိေနတဲ့ လူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘက္ဟမ္းရဲ႕

အရွိန္ၾသဇာ လႊမ္းမိုးမႈ ဟာ လက္ရွိ ဂေလဇာ မိသားစု အပါအဝင္ တာဝန္ရွိသူေတြအေပၚမွာ အ တိုင္းအတာ တစ္ခုအထိ သက္ေရာက္မႈ ရွိေနတာေၾကာင့္ အခုလိုမ်ိဳး ႀကိဳးစားလာႏိုင္တယ္လို႔

သတင္းထြက္လာတာပါ။ မန္ယူအသင္းပိုင္ရွင္ ေတြျဖစ္တဲ့ ဂေလဇာ မိသားစုဟာ မန္ယူကို ေပါင္ ၆ ဘီလီယံနဲ႔ အေရာင္းစာ ရင္းတင္ထားတာျဖစ္ၿပီး လက္ရွိမွာ ဘက္ဟမ္းရဲ႕ အသားတင္ ႂကြယ္ဝခ်မ္း သာမႈက

ေပါင္သန္း ၃၇၀ ရွိေနပါတယ္။ ဒါေၾကာင့္ တစ္ဖက္မွာ ဘက္ဟမ္းဟာ မန္ယူအသင္းမွာ အက်ိဳးတူ စီးပြားေရးလုပ္ကိုင္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္လာႏိုင္ တယ္လို႔လည္း အဂၤလန္အေျခစိုက္ Daily Star

သတင္းစာက ေရးသား ေဖာ္ ျပပါတယ္။ ဒါေပမဲ့ လက္ရွိမွာေတာ့ သတင္းေတြ ထြက္ေပၚေနတဲ့ အဆင့္မ်ိဳး သာရွိေနၿပီး မန္ယူကို ဝယ္ယူလိုတဲ့ ဘယ္လို စီးပြားေရးလုပ္ငန္းရွင္မွ မရွိေသး သလို

ထဲထဲဝင္ဝင္ စကားေျပာဆိုတာမ်ိဳးလည္း မရွိေသးပါဘူး။ ၂၀၂၂ ကာ တာ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ အထူးသံတမန္အျဖစ္ တာဝန္ယူခဲ့တဲ့ ဘက္ဟမ္းဟာ ဥေရာပ လူ႔အခြင့္အေရးဆိုင္ရာ အဖြဲ႕အစည္း

အေတာ္မ်ားမ်ား ရဲ႕ ေဝဖန္မႈနဲ႔ ရင္ဆိုင္ခဲ့ရသူျဖစ္ပါတယ္။ မန္ယူရဲ႕ ေခၚေဈးဟာ ကာလေပါက္ ေဈးထက္ အရမ္းကို ျမင့္မားလြန္းေနတာေၾကာင့္ ေတာ္႐ုံတန္႐ုံ စီးပြားေရး လုပ္ငန္းရွင္မ်ိဳးဟာ

အနားမကပ္ႏိုင္သလို စုေပါင္းစပ္ေပါင္း၊ ဒါမွမဟုတ္ အစု ရွယ္ယာေတြနဲ႔ ဝယ္မွသာ ျဖစ္ႏိုင္မယ့္ အေနအထားရွိေနၿပီး လက္ရွိမွာေတာ့ ၿဗိတိန္ရဲ႕ အခ်မ္းသာဆုံး စီးပြားေရးလုပ္ငန္းရွင္

ရက္ကလစ္တစ္ေယာက္ပဲ သတင္းထြက္လာေနပါတယ္။ ဘယ္လို ကမ္းလွမ္းမႈမ်ိဳးကို လက္ခံစဥ္းစားဖို႔ ရွိေနတယ္လို႔ မန္ယူဘက္ကေနၿပီး ထုတ္ျပန္ခဲ့တာမ်ိဳး ရွိေပမဲ့ အိုးေရာင္း ခြက္ေရာင္းေတာ့

ေရာင္းမွာ မဟုတ္ဘူးလို႔ သိရပါတယ္။