မန်ယူအသင်းသားတွေ သူခိုင်းတဲ့အတိုင်းမလုပ်ခဲ့လို့ ဗီလာကိုရှုံးခဲ့တာ ဆိုတဲ့ တန်ဟတ်

ဗီလာကို ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်မှာ အသင်းရဲ့ ခံစစ်ပိုင်း ကစားပုံနဲ့ပတ်သက်တဲ့ မကျေနပ်ချက်တွေကို မန်ယူနည်းပြ အဲရစ်တန်ဟတ်က ဖွင့်ဟပြောဆိုလိုက်ပြီး

ကစားသမားတွေဟာ သူစီစဉ်ထားတဲ့အတိုင်း ကစား ခဲ့ကြတာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပထမပေးဂိုးနဲ့ ဒုတိယပေးဂိုး အကြာ

း ကြာမြင့်ချိန်က ၅ မိနစ်ပဲ ရှိခဲ့တာကြောင့် မန်ယူရဲ့ ခံစစ်ပိုင်း လစ်ဟင်းမှုကို ထင်သာမြင်သာဖြစ်စေခဲ့ပြီး အဆင့် ၄ နေရာအတွင်း ဝင်ဖို့အတွက် ရုန်းကန်ရတော့မယ့်

အခြေအနေမျိုး ရှိလာနေ ပြီပဲ ဖြစ်ပါတယ်။ ဗီလာကို အခုလိုမျိုး ခြေပြတ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို

အာရုံမစိုက်ခဲ့တာကြောင့်ဖြစ်ပြီး ပွဲအစကတည်းက မန်ယူအသင်းဟာ နိုင်လိုစိတ် ပျောက်ဆုံးနေခဲ့တာကြောင့် ဖြစ်တယ်လို့ တန်ဟတ်က

ပြောဆိုခဲ့တဲ့အကြောင်း ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ ‘’ပွဲတစ်ပွဲကို အခုလိုမျိုး စတင်မယ်ဆိုရင်တော့ ရှုံးမှာပဲလေ။

သေးသေးလေးတွေကအစ ကျွန်တော်တို့ကို ဒုက္ခပေးသွားတာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဖိပြီး မကစားနိုင်ဘူး။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ပွဲစကတည်းက မကောင်းခဲ့တာ။

အထူးသဖြင့် ပွဲအစပိုင်းမှာကတည်းက ပေါ့လေ။ ကျွန်တော် ဟန်ချက်ညီမှုတွေလည်း ပျောက်ဆုံးနေခဲ့တယ်။ ခံစစ် ပိုင်းမှာလိုက်နာရမယ့် စည်းကမ်းတွေကိုလည်း မလိုက်နာခဲ့ကြဘူး။

ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်းလည်း ပျောက်ဆုံးနေခဲ့တယ်။ ကွင်းထဲမှာ ရှိတဲ့ ကစားသမား တွေဟာ သူတို့အလုပ်ကို ရာနှုန်းပြည့် လုပ်မယ်၊ နိုင်လိုစိတ်၊

ထက်သန်တဲ့ ဆန္ဒတွေနဲ့အတူ ဘောလုံးရဲ့ စည်းမျဉ်းဥပဒေသတွေကို အပြည့်အ၀ လိုက်နာမယ်ဆိုရင် ဒီပွဲကို နိုင်မှာပါပဲ’’ လို့ တန်ဟတ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

နောက်ပြီး ဗီလာဘက်ကို ဂိုးသွင်းနိုင်ဖို့အတွက် ဖြတ်တင်ဘောတွေကနေ တစ်ဆင့် ကြိုးစားအားထုတ်ဖို့ ကြံရွယ်ခဲ့ပေမဲ့လည်း အရာမထင်ခဲ့ဘူးလို့ အေဂျက်ဇ်နည်းပြဟောင်းက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

မန္ယူအသင္းသားေတြ သူခိုင္းတဲ့အတိုင္းမလုပ္ခဲ့လို႔ ဗီလာကိုရႈံးခဲ့တာ ဆိုတဲ့ တန္ဟတ္

ဗီလာကို ရႈံးနိမ့္ခဲ့ရတဲ့ ပြဲစဥ္မွာ အသင္းရဲ႕ ခံစစ္ပိုင္း ကစားပုံနဲ႔ပတ္သက္တဲ့ မေက်နပ္ခ်က္ေတြကို မန္ယူနည္းျပ အဲရစ္တန္ဟတ္က ဖြင့္ဟေျပာဆိုလိုက္ၿပီး

ကစားသမားေတြဟာ သူစီစဥ္ထားတဲ့အတိုင္း ကစား ခဲ့ၾကတာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ ဗီလာပါ့ခ္မွာ ကစားခဲ့တဲ့ ပြဲစဥ္မွာ ပထမေပးဂိုးနဲ႔

ဒုတိယေပးဂိုး အၾကား ၾကာျမင့္ခ်ိန္က ၅ မိနစ္ပဲ ရွိခဲ့တာေၾကာင့္ မန္ယူရဲ႕ ခံစစ္ပိုင္း လစ္ဟင္းမႈကို ထင္သာျမင္သာျဖစ္ေစခဲ့ၿပီး အဆင့္ ၄ ေနရာအတြင္း

ဝင္ဖို႔အတြက္ ႐ုန္းကန္ရေတာ့မယ့္ အေျခအေနမ်ိဳး ရွိလာေန ၿပီပဲ ျဖစ္ပါတယ္။ ဗီလာကို အခုလိုမ်ိဳး ေျချပတ္ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့ရတာဟာ လိုက္နာရမယ့္

စည္းမ်ဥ္းစည္းကမ္းေတြကို အာ႐ုံမစိုက္ခဲ့တာေၾကာင့္ျဖစ္ၿပီး ပြဲအစကတည္းက မန္ယူအသင္းဟာ ႏိုင္လိုစိတ္ ေပ်ာက္ဆုံးေနခဲ့တာေၾကာင့္ ျဖစ္တယ္လို႔

တန္ဟတ္က ေျပာဆိုခဲ့တဲ့အေၾကာင္း ႐ိုက္တာ သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။ ‘’ပြဲတစ္ပြဲကို အခုလိုမ်ိဳး စတင္မယ္ဆိုရင္ေတာ့ ရႈံးမွာပဲေလ။

ေသးေသးေလးေတြကအစ ကြၽန္ေတာ္တို႔ကို ဒုကၡေပးသြားတာ။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္ ဖိၿပီး မကစားႏိုင္ဘူး။

ဒီေန႔ပြဲမွာ ကြၽန္ေတာ္ တို႔ ပြဲစကတည္းက မေကာင္းခဲ့တာ။ အထူးသျဖင့္ ပြဲအစပိုင္းမွာကတည္းက ေပါ့ေလ။ ကြၽန္ေတာ္

ဟန္ခ်က္ညီမႈေတြလည္း ေပ်ာက္ဆုံးေနခဲ့တယ္။ ခံစစ္ ပိုင္းမွာလိုက္နာရမယ့္ စည္းကမ္းေတြကိုလည္း မလိုက္နာခဲ့ၾကဘူး။ ရင္ဆိုင္ တိုက္ခိုက္ႏိုင္စြမ္းလည္း

ေပ်ာက္ဆုံးေနခဲ့တယ္။ ကြင္းထဲမွာ ရွိတဲ့ ကစားသမား ေတြဟာ သူတို႔အလုပ္ကို ရာႏႈန္းျပည့္ လုပ္မယ္၊ ႏိုင္လိုစိတ္၊ ထက္သန္တဲ့ ဆႏၵေတြနဲ႔အတူ

ေဘာလုံးရဲ႕ စည္းမ်ဥ္းဥပေဒသေတြကို အျပည့္အ၀ လိုက္ နာမယ္ဆိုရင္ ဒီပြဲကို ႏိုင္မွာပါပဲ’’ လို႔ တန္ဟတ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေနာက္ၿပီး ဗီလာဘက္ကို ဂိုးသြင္းႏိုင္ဖို႔အတြက္ ျဖတ္တင္ေဘာေတြကေန တစ္ဆင့္ ႀကိဳးစားအားထုတ္ဖို႔ ႀကံ႐ြယ္ခဲ့ေပမဲ့လည္း အရာမထင္ခဲ့ဘူးလို႔ ေအဂ်က္ဇ္နည္းျပေဟာင္းက ေျပာဆိုသြားခဲ့ပါတယ္။