မန်ယူအသင်းမှာဘဲ ကစားသမားဘဝကုန်ဆုံးတဲ့အထိဆက်နေမယ်လို့ အရိပ်အမြွက်ပြောလိုက်တဲ့ ဒီဂီယာ

မန်ယူအသင်းဂိုးသမား ဒေးဗစ်ဒီဂီယာက သူဟာ မက်ဒရစ်မြို့မှာမွေးဖွားခဲ့ပေမယ့်

အခုဆိုရင်မန်ချက်စတာဒေသခံသား (Mancunian) တစ်ဦးအဖြစ်

ခံစားနေရပြီလို့ ပြောလိုက်ပါတယ်။

ဒါဟာ မန်ယူအသင်းမှာဘဲ ကစားသမားဘဝကုန်ဆုံးတဲ့အ ထိဆက်နေမယ့်

သဘောလည်းဖြစ်တယ်လို့ ကောက်ချက်ဆွဲနေကြပါတယ်။

မက်ဒရစ်မြို့မှာမွေးခဲ့တဲ့ ဒီဂီယာ ဟာသူ့ကစား သမားဘဝကို

အက်သလက်တီကိုနဲ့စတင်ခဲ့သူဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ

သူ့အသင်းဟောင်း အက်သလက်တီကိုနဲ့ ချန်ပီ ယံလိဂ် ၁၆ သင်းအဆင့်

ပထမအကျော့ကစားရဖို့ရှိနေတာပါ။

ဒီဂီယာက” မက်ဒရစ်မှာမြို့မှာမွေးခဲ့တာကို ကျွန်တော်နှစ် သက်ပါတယ်။

ဒါပေမယ့် အဆုံးသတ်မှာတော့ မက်ဒရစ်ဆိုတာကျွန်တော့်အတွက်

မြို့တစ်ခုဆိုတာထက် မပိုတော့ပါဘူး။

အခုအချိန်မှာ မန်ချက်စတာမြို့သားတစ်ယောက်လို ခံစားနေရပါပြီ။

မန်ချက်စတာဒေသခံသားတစ်ဦးလိုပေါ့ဗျာ။

ကျွန် တော့်ကို ချစ်ခင်နှစ်သက်ကြတဲ့သူတွေနဲ့

ကိုယ့်အိမ်လိုသဘောထား ကြိုဆိုခဲ့ကြတဲ့နေရာပေါ့။

ဒီမှာကျွန်တော်ရှိနေတာနှစ် တွေမနည်းတော့ပါဘူး။

ဘဝမှာရော ဘောလုံးမှာပါ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာသိပါတယ်။

ဒါပေမယ့် ရိုးသားစွာနဲ့ပြောရ ရင် မန်ယူအသင်းနဲ့အဝေးမှာရှိနေရမယ်လို့

မတွေးမိသေးပါဘူး” လို့ပြောသွားပါတယ်။

အက်သလက်တီကိုနဲ့ပြန်တွေ့မယ့်အရေးအတွက်

ယူအီးအက်ဖ်အေဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံရာမှာ

ဒီဂီယာကအခုလိုဘဲဆက် ပြောပါတယ်။

သူက” ကျွန်တော်အိမ်ပြန်ရဦးမှာပေါ့။ ကျွန်တော့်ကို ဒီကနေ့လိုဖြစ်လာအောင်

အခွင့်အရေးပေးခဲ့တဲ့ ကလပ်ဆီ ပြန်သွားရဦးမှာပေါ့။

ဒါပေမယ့် ဒါကနောက်ထပ်ပွဲစဥ်တစ်ခုပါဘဲ။

အားလုံးက ကောင်းကောင်းကစားလိုကြပြီး အနိုင်လည်း လိုချင်ကြပါတယ်။

ဒါက ချန်ပီယံလိဂ်ပွဲစဥ်တစ်ခုလေဗျာ။

အထူးသဖြင့် ကျွန်တော့်အတွက်ပေါ့” လို့ပြောသွားပါတယ်။

ဒီဂီ ယာဟာ ၂၀၁၁ ကအသက် ၁၈ နှစ်အရွယ်မှာအက်သလက်တီကိုကနေ

အဲဒီတုန်းကဂိုးသမားတွေအတွက်စံချိန်တင်ပြောင်း ရွှေ့ကြေး

ပေါင် ၁၈.၉ သန်းနဲ့ပြောင်းလာသူဖြစ်ပါတယ်။

သူ့ကိုခေါ်ယူခဲ့တာက ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ဖြစ်ပြီး

ပထမဆုံး ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ကြံ့ခိုင်မှုနဲ့အသားမကျလို့

ရုန်းကန်ခဲ့ရပြီးဝေဖန်ခံခဲ့ရပေမယ့် ဖာဂူဆန်ရဲ့ မာစတာကျတဲ့

စီမံခန့် ခွဲမှုနဲ့အတူဒုတိယမြောက်ရာသီမှာလက်စွမ်းပြပြီး

ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။

zawgyi

မန္ယူအသင္းမွာဘဲ ကစားသမားဘဝကုန္ဆုံးတဲ့အထိဆက္ေနမယ္လို႔ အရိပ္အႁမြက္ေျပာလိုက္တဲ့ ဒီဂီယာ

မန္ယူအသင္းဂိုးသမား ေဒးဗစ္ဒီဂီယာက သူဟာ မက္ဒရစ္ၿမိဳ႕မွာေမြးဖြားခဲ့ေပမယ့္

အခုဆိုရင္မန္ခ်က္စတာေဒသခံသား (Mancunian) တစ္ဦးအျဖစ္

ခံစားေနရၿပီလို႔ ေျပာလိုက္ပါတယ္။

ဒါဟာ မန္ယူအသင္းမွာဘဲ ကစားသမားဘဝကုန္ဆုံးတဲ့အ ထိဆက္ေနမယ့္

သေဘာလည္းျဖစ္တယ္လို႔ ေကာက္ခ်က္ဆြဲေနၾကပါတယ္။

မက္ဒရစ္ၿမိဳ႕မွာေမြးခဲ့တဲ့ ဒီဂီယာ ဟာသူ႔ကစား သမားဘဝကို

အက္သလက္တီကိုနဲ႔စတင္ခဲ့သူျဖစ္ၿပီး ဗုဒၶဟူးေန႔မွာ

သူ႔အသင္းေဟာင္း အက္သလက္တီကိုနဲ႔ ခ်န္ပီ ယံလိဂ္ ၁၆ သင္းအဆင့္

ပထမအေက်ာ့ကစားရဖို႔ရွိေနတာပါ။

ဒီဂီယာက” မက္ဒရစ္မွာၿမိဳ႕မွာေမြးခဲ့တာကို ကြၽန္ေတာ္ႏွစ္ သက္ပါတယ္။

ဒါေပမယ့္ အဆုံးသတ္မွာေတာ့ မက္ဒရစ္ဆိုတာကြၽန္ေတာ့္အတြက္

ၿမိဳ႕တစ္ခုဆိုတာထက္ မပိုေတာ့ပါဘူး။

အခုအခ်ိန္မွာ မန္ခ်က္စတာၿမိဳ႕သားတစ္ေယာက္လို ခံစားေနရပါၿပီ။

မန္ခ်က္စတာေဒသခံသားတစ္ဦးလိုေပါ့ဗ်ာ။

ကြၽန္ ေတာ့္ကို ခ်စ္ခင္ႏွစ္သက္ၾကတဲ့သူေတြနဲ႔

ကိုယ့္အိမ္လိုသေဘာထား ႀကိဳဆိုခဲ့ၾကတဲ့ေနရာေပါ့။

ဒီမွာကြၽန္ေတာ္ရွိေနတာႏွစ္ ေတြမနည္းေတာ့ပါဘူး။

ဘဝမွာေရာ ေဘာလုံးမွာပါ ဘာမဆိုျဖစ္ႏိုင္တယ္ဆိုတာသိပါတယ္။

ဒါေပမယ့္ ႐ိုးသားစြာနဲ႔ေျပာရ ရင္ မန္ယူအသင္းနဲ႔အေဝးမွာရွိေနရမယ္လို႔

မေတြးမိေသးပါဘူး” လို႔ေျပာသြားပါတယ္။

အက္သလက္တီကိုနဲ႔ျပန္ေတြ႕မယ့္အေရးအတြက္

ယူအီးအက္ဖ္ေအဝက္ဘ္ဆိုက္နဲ႔ ေတြ႕ဆုံရာမွာ

ဒီဂီယာကအခုလိုဘဲဆက္ ေျပာပါတယ္။

သူက” ကြၽန္ေတာ္အိမ္ျပန္ရဦးမွာေပါ့။ ကြၽန္ေတာ့္ကို ဒီကေန႔လိုျဖစ္လာေအာင္

အခြင့္အေရးေပးခဲ့တဲ့ ကလပ္ဆီ ျပန္သြားရဦးမွာေပါ့။

ဒါေပမယ့္ ဒါကေနာက္ထပ္ပြဲစဥ္တစ္ခုပါဘဲ။

အားလုံးက ေကာင္းေကာင္းကစားလိုၾကၿပီး အႏိုင္လည္း လိုခ်င္ၾကပါတယ္။

ဒါက ခ်န္ပီယံလိဂ္ပြဲစဥ္တစ္ခုေလဗ်ာ။

အထူးသျဖင့္ ကြၽန္ေတာ့္အတြက္ေပါ့” လို႔ေျပာသြားပါတယ္။

ဒီဂီ ယာဟာ ၂၀၁၁ ကအသက္ ၁၈ ႏွစ္အ႐ြယ္မွာအက္သလက္တီကိုကေန

အဲဒီတုန္းကဂိုးသမားေတြအတြက္စံခ်ိန္တင္ေျပာင္း ေ႐ႊ႕ေၾကး

ေပါင္ ၁၈.၉ သန္းနဲ႔ေျပာင္းလာသူျဖစ္ပါတယ္။

သူ႔ကိုေခၚယူခဲ့တာက ဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္ျဖစ္ၿပီး

ပထမဆုံး ရာသီမွာ ပရီးမီးယားလိဂ္ရဲ႕ႀကံ့ခိုင္မႈနဲ႔အသားမက်လို႔

႐ုန္းကန္ခဲ့ရၿပီးေဝဖန္ခံခဲ့ရေပမယ့္ ဖာဂူဆန္ရဲ႕ မာစတာက်တဲ့

စီမံခန႔္ ခြဲမႈနဲ႔အတူဒုတိယေျမာက္ရာသီမွာလက္စြမ္းျပၿပီး

ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦးျဖစ္လာခဲ့ပါတယ္။