
ကြားက ဆက်သွယ်ပေးသူတွေရဲ့တီးခေါက်မှုအရ
အေဂျက်နည်းပြအဲရစ်တန်ဟက်ဟာ မန်ယူအသင်းနဲ့ စကားပြောကြည့်ဖို့
အရမ်းကို စိတ်အားထက်သန်နေကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ဆိုးလ်ရှားနေရာအစားထိုးဖို့ အမြဲတမ်းနည်းပြတစ်ယောက်
ရှာဖွေနေတာဖြစ်ပြီး လက်ရှိယာယီနည်းပြရန်းနစ်ဟာ ရာသီကုန်တာနဲ့
အသင်းရဲ့နည်းစနစ်အကြံပေးအဖြစ် ပြောင်းလဲတာဝန်ယူမှာပါ။
လောလောဆယ်တော့ မန်ယူရဲ့အမြဲတမ်းနည်းပြနေရာအတွက်
အဲရစ်တန်ဟက်နဲ့အတူ ပီအက်စ်ဂျီက စပါးနည်းပြဟောင်းပိုချက်တီနိုတို့ဟာ
ရေပန်းအစားဆုံးဖြစ်နေကြတာပါ။
ချန်ပီယံလိဂ်မှာ ရီးရဲလ်ရဲ့နောက်ကောက်ချခြင်းခံခဲ့ရတဲ့ပီအက်စ်ဂျီဟာ
ပိုချက်တီနိုကို ထုတ်ပယ်လိုက်မယ်ဆိုရင် မန်ယူဟာ ဘာမှမပေးရဘဲနဲ့
အဲဒီအာဂျင်တီးနားသားကို ခေါ်ယူနိုင်မှာပါ။
ဒါပေမဲ့ Sky Sports သတင်းဌာနရဲ့နောက်ဆုံးဖော်ပြချက်အရ
အဲရစ်တန်ဟက်ဟာ မန်ယူနည်းပြရာထူးကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အခုချိန်ထိတော့ အေဂျက်နဲ့ မန်ယူတို့ကြားထဲမှာ official ဆက်သွယ်မှုမရှိသေးပါဘူး။
ဒါပေမဲ့ ယူနိုက်တက်ဘက်ကသာ တရားဝင်ချဉ်းကပ်မှုလုပ်လာမယ်ဆိုရင်
၅၂ နှစ်အရွယ် အဲဒီနယ်သာလန်သားနည်းပြဟာ
စကားပြောကြည့်ဖို့ အရမ်းကိုစိတ်အားထက်သန်နေတာပါ။
လက်ရှိမှာ မန်ယူဂန္ထဝင်ဟောင်းဗန်ဒါဆားဟာ အေဂျက်မှာ
အမှုဆောင်ချုပ်ဖြစ်နေလို့ နှစ်သင်းကြားမှာလည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။
တန်ဟက်ဟာ အေဂျက်နဲ့စာချုပ်သက်တမ်းအနည်းငယ်သာ ကျန်တော့သလို
သူ့အသင်းဟာလည်း နယ်သာလန်လိဂ်ကို ဦးဆောင်နေတာပါ။
သူဟာ ၂၀၁၇ ဒီဇင်ဘာကတည်းက အေဂျက်ကို ကိုင်တွယ်နေတာဖြစ်ပြီး
၂၀၁၉ နဲ့ ၂၀၂၁ တို့မှာ ပြည်တွင်းဆုဖလား နှစ်ခုစီရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် တန်ဟက်ဟာ ဘိုင်ယန်အရန်အသင်းနဲ့ နယ်သာလန်က
Go Ahead Eagles အသင်းတို့ကိုလည်း ကိုင်တွယ်ဖူးပါတယ်။
zawgyi
မန္ယူအသင္းနဲ႔ စကားေျပာဖို႔ အရမ္းကို စိတ္အားထက္သန္ေနတဲ့ နယ္သာလန္သားႀကီး
ၾကားက ဆက္သြယ္ေပးသူေတြရဲ႕တီးေခါက္မႈအရ
ေအဂ်က္နည္းျပအဲရစ္တန္ဟက္ဟာ မန္ယူအသင္းနဲ႔ စကားေျပာၾကည့္ဖို႔
အရမ္းကို စိတ္အားထက္သန္ေနေၾကာင္း သိရပါတယ္။
ယူႏိုက္တက္ဟာ ဆိုးလ္ရွားေနရာအစားထိုးဖို႔ အၿမဲတမ္းနည္းျပတစ္ေယာက္
ရွာေဖြေနတာျဖစ္ၿပီး လက္ရွိယာယီနည္းျပရန္းနစ္ဟာ ရာသီကုန္တာနဲ႔
အသင္းရဲ႕နည္းစနစ္အႀကံေပးအျဖစ္ ေျပာင္းလဲတာဝန္ယူမွာပါ။
ေလာေလာဆယ္ေတာ့ မန္ယူရဲ႕အၿမဲတမ္းနည္းျပေနရာအတြက္
အဲရစ္တန္ဟက္နဲ႔အတူ ပီအက္စ္ဂ်ီက စပါးနည္းျပေဟာင္းပိုခ်က္တီႏိုတို႔ဟာ
ေရပန္းအစားဆုံးျဖစ္ေနၾကတာပါ။
ခ်န္ပီယံလိဂ္မွာ ရီးရဲလ္ရဲ႕ေနာက္ေကာက္ခ်ျခင္းခံခဲ့ရတဲ့ပီအက္စ္ဂ်ီဟာ
ပိုခ်က္တီႏိုကို ထုတ္ပယ္လိုက္မယ္ဆိုရင္ မန္ယူဟာ ဘာမွမေပးရဘဲနဲ႔
အဲဒီအာဂ်င္တီးနားသားကို ေခၚယူႏိုင္မွာပါ။
ဒါေပမဲ့ Sky Sports သတင္းဌာနရဲ႕ေနာက္ဆုံးေဖာ္ျပခ်က္အရ
အဲရစ္တန္ဟက္ဟာ မန္ယူနည္းျပရာထူးကို စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။
အခုခ်ိန္ထိေတာ့ ေအဂ်က္နဲ႔ မန္ယူတို႔ၾကားထဲမွာ official ဆက္သြယ္မႈမရွိေသးပါဘူး။
ဒါေပမဲ့ ယူႏိုက္တက္ဘက္ကသာ တရားဝင္ခ်ဥ္းကပ္မႈလုပ္လာမယ္ဆိုရင္
၅၂ ႏွစ္အ႐ြယ္ အဲဒီနယ္သာလန္သားနည္းျပဟာ
စကားေျပာၾကည့္ဖို႔ အရမ္းကိုစိတ္အားထက္သန္ေနတာပါ။
လက္ရွိမွာ မန္ယူဂႏၴဝင္ေဟာင္းဗန္ဒါဆားဟာ ေအဂ်က္မွာ
အမႈေဆာင္ခ်ဳပ္ျဖစ္ေနလို႔ ႏွစ္သင္းၾကားမွာလည္း ေကာင္းမြန္တဲ့ဆက္ဆံေရးရွိပါတယ္။
တန္ဟက္ဟာ ေအဂ်က္နဲ႔စာခ်ဳပ္သက္တမ္းအနည္းငယ္သာ က်န္ေတာ့သလို
သူ႔အသင္းဟာလည္း နယ္သာလန္လိဂ္ကို ဦးေဆာင္ေနတာပါ။
သူဟာ ၂၀၁၇ ဒီဇင္ဘာကတည္းက ေအဂ်က္ကို ကိုင္တြယ္ေနတာျဖစ္ၿပီး
၂၀၁၉ နဲ႔ ၂၀၂၁ တို႔မွာ ျပည္တြင္းဆုဖလား ႏွစ္ခုစီရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္ တန္ဟက္ဟာ ဘိုင္ယန္အရန္အသင္းနဲ႔ နယ္သာလန္က
Go Ahead Eagles အသင္းတို႔ကိုလည္း ကိုင္တြယ္ဖူးပါတယ္။