မန်ယူအသင်းကြီးကသာ ရုန်းကန်နေရပေမယ့် လူငယ်အသင်းကတော့ အက်ဖ်အေလူငယ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်သွား

ဒီရာသီမှာ မန်ယူအသင်းကြီးကသာ အနိမ့်အမြင့်အတက်အကျများစွာနဲ့

ရုန်းကန်နေရပေမယ့် လူငယ်အသင်းကတော့ ခြေစွမ်းပြနေပြီး

အက်ဖ်အေလူငယ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်သွားပါပြီ။

အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဝုဗ်နဲ့ပွဲမှာ ၃-၀ နဲ့အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။

မန်ယူအနေနဲ့ ၂၀၁၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်

အက်ဖ်အေလူငယ်ဖလားမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မန်ယူဟာ ပထမပိုင်းမှာကတည်းက ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ၁၈ နှစ်အရွယ်

တိုက်စစ်မှုးလေး ချာလီမက်နေးလ်က ၁၆ မိနစ်ကတည်းက

ဦးဆောင်ဂိုးသွင်းခဲ့ကာ ဂိုးသမားကိုလိမ်ခေါက်ပြီးသွင်းခဲ့တာပါ။

ပထမပိုင်းမှာ ၁-၀ နဲ့သာ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၅၉ မိနစ်အရောက်မှာ

စပိန်သားတောင်ပံကစားသမားဂါနာချိုက

အဝေးတိုင်ထောင့်ထဲကန်သွင်းပြီး ဒုတိယဂိုးဖြစ်စေခဲ့ပါတယ်။

မန်ယူအတွက် ပွဲသိမ်းဂိုးကိုတော့ မိနစ် ၉၀ မှာ မန်ချက်စတာမှာပဲမွေးတဲ့

တိုက်စစ်မှုးမက်နေးလ်ကပဲ သွင်းပေးခဲ့တာပါ။

ဗိုလ်လုပွဲမှာတော့ မန်ယူဟာ ချဲလ်ဆီးနဲ့နော်တင်ဟမ်တို့ရဲ့တစ်ဖက်ဆီးမီးပွဲက

အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တစ်ခုအားသာတာက အက်ဖ်အေလူငယ်ဖလားဗိုလ်လုပွဲကို

အိုးလ်ထရက်ဖို့ဒ်ကွင်းမှာပဲ ကျင်းပမှာပါ။

မန်ယူဟာ အက်ဖ်အေလူငယ်ဖလားသမိုင်းမှာ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး

စုစုပေါင်း ၁၀ ကြိမ်ဗိုလ်စွဲထားပါတယ်။

နောက်ဆုံးဗိုလ်စွဲခဲ့တဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်ကအသင်းမှာ

လက်ရှိအသင်းကြီးကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့လင်ဂတ်တို့ပါဝင်ကြတာပါ။

zawgyi

မန္ယူအသင္းႀကီးကသာ ႐ုန္းကန္ေနရေပမယ့္ လူငယ္အသင္းကေတာ့ အက္ဖ္ေအလူငယ္ဖလားၿပိဳင္ပြဲမွာ ဗိုလ္လုပြဲတက္ေရာက္သြား

ဒီရာသီမွာ မန္ယူအသင္းႀကီးကသာ အနိမ့္အျမင့္အတက္အက်မ်ားစြာနဲ႔

႐ုန္းကန္ေနရေပမယ့္ လူငယ္အသင္းကေတာ့ ေျခစြမ္းျပေနၿပီး

အက္ဖ္ေအလူငယ္ဖလားၿပိဳင္ပြဲမွာ ဗိုလ္လုပြဲတက္ေရာက္သြားပါၿပီ။

အိုးလ္ထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ ဝုဗ္နဲ႔ပြဲမွာ ၃-၀ နဲ႔အႏိုင္ရၿပီး ဗိုလ္လုပြဲတက္ခဲ့တာပါ။

မန္ယူအေနနဲ႔ ၂၀၁၁ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္

အက္ဖ္ေအလူငယ္ဖလားမွာ ဗိုလ္လုပြဲတက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

မန္ယူဟာ ပထမပိုင္းမွာကတည္းက ပြဲကို စိုးမိုးႏိုင္ခဲ့ၿပီး ၁၈ ႏွစ္အ႐ြယ္

တိုက္စစ္မႈးေလး ခ်ာလီမက္ေနးလ္က ၁၆ မိနစ္ကတည္းက

ဦးေဆာင္ဂိုးသြင္းခဲ့ကာ ဂိုးသမားကိုလိမ္ေခါက္ၿပီးသြင္းခဲ့တာပါ။

ပထမပိုင္းမွာ ၁-၀ နဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္း ၅၉ မိနစ္အေရာက္မွာ

စပိန္သားေတာင္ပံကစားသမားဂါနာခ်ိဳက

အေဝးတိုင္ေထာင့္ထဲကန္သြင္းၿပီး ဒုတိယဂိုးျဖစ္ေစခဲ့ပါတယ္။

မန္ယူအတြက္ ပြဲသိမ္းဂိုးကိုေတာ့ မိနစ္ ၉၀ မွာ မန္ခ်က္စတာမွာပဲေမြးတဲ့

တိုက္စစ္မႈးမက္ေနးလ္ကပဲ သြင္းေပးခဲ့တာပါ။

ဗိုလ္လုပြဲမွာေတာ့ မန္ယူဟာ ခ်ဲလ္ဆီးနဲ႔ေနာ္တင္ဟမ္တို႔ရဲ႕တစ္ဖက္ဆီးမီးပြဲက

အႏိုင္ရတဲ့အသင္းနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

တစ္ခုအားသာတာက အက္ဖ္ေအလူငယ္ဖလားဗိုလ္လုပြဲကို

အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာပဲ က်င္းပမွာပါ။

မန္ယူဟာ အက္ဖ္ေအလူငယ္ဖလားသမိုင္းမွာ အေအာင္ျမင္ဆုံးအသင္းျဖစ္ၿပီး

စုစုေပါင္း ၁၀ ႀကိမ္ဗိုလ္စြဲထားပါတယ္။

ေနာက္ဆုံးဗိုလ္စြဲခဲ့တဲ့ လြန္ခဲ့တဲ့ ၁၁ ႏွစ္ကအသင္းမွာ

လက္ရွိအသင္းႀကီးကစားသမားေတြျဖစ္တဲ့ ေပါ့ဂ္ဘာနဲ႔လင္ဂတ္တို႔ပါဝင္ၾကတာပါ။