
ဝက်ပုတ်ကြီးလို့ ခေါ်ဆိုနေကြတဲ့မြောက်ကိုရီးယားအာဏာရှင်
ကင်ဂျုံအန် ဟာပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့
မန်ယူအသင်းကိုအားပေးတဲ့ သူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။
သူကမန်ယူအသင်းကို အားပေးတယ်ဆိုတာကိုဖွင့်ဟလိုက်သူက
အီတလီလွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ အန်တိုနီယိုရက်ဇီဖြစ်ပြီး
သူတို့နှစ်ဦးသီးသန့်တွေ့ပြီးစကားပြောကြချိန်မှာ အခုလိုကြားသိခဲ့ရတာလို့
ရက်ဇီက ဆိုပါတယ်။ အင်္ဂလန်အသင်းရဲ့ဂန္ထဝင်ဖြစ်တဲ့ ဝိန်းရူနီကို
အားပေးတဲ့သူလို့သတင်းထွက်ခဲ့ဘူးတဲ့ ကင်ဂျုံအန်ဟာအသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး
၂၀၁၄ တုန်းကမြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံလိုင်းကို
မန်ယူအသင်းရဲ့ပွဲတွေကိုပြသပေးဖို့ ညွှန်ကြားခဲ့သေးတယ်လို့ သိခဲ့ရပါတယ်။
၂၀၁၄ ကနေ ၂၀၁၇ အတွင်းမှာမြောက်ကိုရီးယား ကိုမကြာခဏသွားခဲ့တဲ့
ရက်ဇီ က ကင်ဂျုံအန်ဟာ မန်ယူအသင်းကိုချစ်မြတ်နိုးသူဖြစ်ပေမယ့်
ကင်တိုနာနဲ့ အီဘရာဟီမိုဗစ် တို့လိုကစားသမားတွေကိုတော့နှစ်သက်ခြင်းမရှိဘဲ
ရူနီကိုသာ အကြိုက်တွေ့ခဲ့သူဖြစ်ပါတယ်။
ရစ်ဇို ထုတ်ပြောတဲ့အချိန်မှာ မန်ယူအသင်းမှာ ရူနီမမရှိတော့တာကြောင့်
အခြားကျန်တဲ့သူတွေကို အကြိုက်မတွေ့ခဲ့တာဖြစ်ပါတယ်။
ကင်ဂျုံအန်က သူ့ကိုယ်သူမန်ယူကဘယ်ကစားသမားနဲ့
တူတယ်လို့ခံယူထားလဲဆိုပြီး မေးရာမှာ
ရက်ဇီက” နိုးပါဗျ။ ကင် က ကင်ပါဘဲ။ ကင်ဂျုံအန်ဆိုတာ
တစ်ယောက်တည်းရှိတာလေဗျာ” လို့ဖြေခဲ့ဘူးပါတယ်။
မြောက်ကိုရီးယား နိုင်ငံကနေ ဟန်ကွမ်ဆွန်ဆိုတဲ့ကစားသမား
ထွက်ပေါ်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကြောင့်နိုင်ငံတွင်းကနေ
အရည်အသွေးမြင့်မားတဲ့ကစားသမားတွေထွက်ပေါ်လာဖို့လည်း
ကင် ကမျှော်လင့်ခဲ့တယ်လို့ဆိုပါတယ်။ အသက် ၂၃ နှစ်ရှိတဲ့
ဟန်ကွမ်ဆွန်ဟာ အီတလီကလပ်တွေဖြစ်တဲ့
ဂျူဗင်တပ်(ယူ_၂၃) အသင်းနဲ့ ပီရူဂျီယာ တို့မှာကစားခဲ့ဖူးသူဖြစ်ပြီး
လက်ရှိမှာတော့ ကာတာကလပ် အယ်လ်ဒူဟေးလ် အသင်းမှာ
ကစားနေသူဖြစ်ပါတယ်။ ကင် ဟာမြောက်ကိုရီးယားကနေ
ဟန်ကွမ်ဆွန် တစ်ဦးတည်းထွက်ပေါ်လာသေးတာကို
အားမရဘဲဖြစ်နေတယ်လို့လည်းသိရပါတယ်။
ကင်ဂျုံအန်ဟာ ၂၀၁၁ ကကွယ်လွန်သွားတဲ့
သူ့ဖခင် ကင်ဂျုံအီလ် လက်ထဲကနေအာဏာကိုလွှဲယူခဲ့သူဖြစ်ပြီး
လက်ရှိမှာတော့ မြောက်ကိုရီးယားရဲ့အကြွင်းမဲ့အာဏာရှင်ဖြစ်နေပါတယ်။
zawgyi
မန္ယူအသင္းကိုပဲ အားေပးတယ္ဆိုတဲ့ ၀က္ပုတ္
ဝက္ပုတ္ႀကီးလို႔ ေခၚဆိုေနၾကတဲ့ေျမာက္ကိုရီးယားအာဏာရွင္
ကင္ဂ်ဳံအန္ ဟာပရီးမီးယားလိဂ္ကလပ္ျဖစ္တဲ့
မန္ယူအသင္းကိုအားေပးတဲ့ သူတစ္ဦးျဖစ္တယ္လို႔သိရပါတယ္။
သူကမန္ယူအသင္းကို အားေပးတယ္ဆိုတာကိုဖြင့္ဟလိုက္သူက
အီတလီလႊတ္ေတာ္အမတ္ေဟာင္းျဖစ္တဲ့ အန္တိုနီယိုရက္ဇီျဖစ္ၿပီး
သူတို႔ႏွစ္ဦးသီးသန႔္ေတြ႕ၿပီးစကားေျပာၾကခ်ိန္မွာ အခုလိုၾကားသိခဲ့ရတာလို႔
ရက္ဇီက ဆိုပါတယ္။ အဂၤလန္အသင္းရဲ႕ဂႏၴဝင္ျဖစ္တဲ့ ဝိန္း႐ူနီကို
အားေပးတဲ့သူလို႔သတင္းထြက္ခဲ့ဘူးတဲ့ ကင္ဂ်ဳံအန္ဟာအသက္ ၃၉ ႏွစ္ရွိၿပီျဖစ္ၿပီး
၂၀၁၄ တုန္းကေျမာက္ကိုရီးယားႏိုင္ငံပိုင္႐ုပ္သံလိုင္းကို
မန္ယူအသင္းရဲ႕ပြဲေတြကိုျပသေပးဖို႔ ၫႊန္ၾကားခဲ့ေသးတယ္လို႔ သိခဲ့ရပါတယ္။
၂၀၁၄ ကေန ၂၀၁၇ အတြင္းမွာေျမာက္ကိုရီးယား ကိုမၾကာခဏသြားခဲ့တဲ့
ရက္ဇီ က ကင္ဂ်ဳံအန္ဟာ မန္ယူအသင္းကိုခ်စ္ျမတ္ႏိုးသူျဖစ္ေပမယ့္
ကင္တိုနာနဲ႔ အီဘရာဟီမိုဗစ္ တို႔လိုကစားသမားေတြကိုေတာ့ႏွစ္သက္ျခင္းမရွိဘဲ
႐ူနီကိုသာ အႀကိဳက္ေတြ႕ခဲ့သူျဖစ္ပါတယ္။
ရစ္ဇို ထုတ္ေျပာတဲ့အခ်ိန္မွာ မန္ယူအသင္းမွာ ႐ူနီမမရွိေတာ့တာေၾကာင့္
အျခားက်န္တဲ့သူေတြကို အႀကိဳက္မေတြ႕ခဲ့တာျဖစ္ပါတယ္။
ကင္ဂ်ဳံအန္က သူ႔ကိုယ္သူမန္ယူကဘယ္ကစားသမားနဲ႔
တူတယ္လို႔ခံယူထားလဲဆိုၿပီး ေမးရာမွာ
ရက္ဇီက” ႏိုးပါဗ်။ ကင္ က ကင္ပါဘဲ။ ကင္ဂ်ဳံအန္ဆိုတာ
တစ္ေယာက္တည္းရွိတာေလဗ်ာ” လို႔ေျဖခဲ့ဘူးပါတယ္။
ေျမာက္ကိုရီးယား ႏိုင္ငံကေန ဟန္ကြမ္ဆြန္ဆိုတဲ့ကစားသမား
ထြက္ေပၚလာခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ေၾကာင့္ႏိုင္ငံတြင္းကေန
အရည္အေသြးျမင့္မားတဲ့ကစားသမားေတြထြက္ေပၚလာဖို႔လည္း
ကင္ ကေမွ်ာ္လင့္ခဲ့တယ္လို႔ဆိုပါတယ္။ အသက္ ၂၃ ႏွစ္ရွိတဲ့
ဟန္ကြမ္ဆြန္ဟာ အီတလီကလပ္ေတြျဖစ္တဲ့
ဂ်ဴဗင္တပ္(ယူ_၂၃) အသင္းနဲ႔ ပီ႐ူဂ်ီယာ တို႔မွာကစားခဲ့ဖူးသူျဖစ္ၿပီး
လက္ရွိမွာေတာ့ ကာတာကလပ္ အယ္လ္ဒူေဟးလ္ အသင္းမွာ
ကစားေနသူျဖစ္ပါတယ္။ ကင္ ဟာေျမာက္ကိုရီးယားကေန
ဟန္ကြမ္ဆြန္ တစ္ဦးတည္းထြက္ေပၚလာေသးတာကို
အားမရဘဲျဖစ္ေနတယ္လို႔လည္းသိရပါတယ္။
ကင္ဂ်ဳံအန္ဟာ ၂၀၁၁ ကကြယ္လြန္သြားတဲ့
သူ႔ဖခင္ ကင္ဂ်ဳံအီလ္ လက္ထဲကေနအာဏာကိုလႊဲယူခဲ့သူျဖစ္ၿပီး
လက္ရွိမွာေတာ့ ေျမာက္ကိုရီးယားရဲ႕အႂကြင္းမဲ့အာဏာရွင္ျဖစ္ေနပါတယ္။