မန်ယူအဖို့ လွယ်မယောင်နဲ့ ခက်နေတဲ့ ရှရစ်ဖ်နဲ့ပွဲအတွက် အဖြေရှာရမယ့် ပုစ္ဆာ

ဒီနေ့ညမှာ ကစားမယ့် ရှရစ်ဖ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်အာ အိုးလ်ထရက်ဖို့ဒ် ပွဲစဉ်ဖြစ်လို့ မန်ယူအတွက် လွယ်ကူမယ့်အခြေအနေမျိုး ရှိနေပေမယ့်

လည်း နည်းပြတန်ဟတ်တစ်ယောက် ခေါင်းခဲရမယ့် ကိစ္စတွေကတော့ အများကြီး ရှိနေပါတယ်။ မန်ယူဟာ ယူရိုပါလိဂ် ၃၂ သင်းအဆင့်ကို တက်ရောက် နိုင်ဖို့အတွက်

ရှရစ်ဖ်နဲ့ပွဲမှာ တစ်မှတ်သာရဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲမှာ စပါးကိုနိုင်ပြီး ချဲလ်ဆီးကို သရေကစားထားနိုင်ခဲ့တာကြောင့် သရဲနီတွေ ရဲ့ စိတ်ဓာတ်က

အမြင့်ပျံနေမှာ သေချာနေပါတယ်။ ဒါပေမဲ့ စပါးနဲ့ ပွဲမှာ ပွဲချိန် မပြီးသေးခင် ကွင်းထဲက ထွက်သွားခဲ့တဲ့ စီရော်နယ်ဒိုကြောင့် ဝေဖန်သူတွေ ပါးစပ်အရသာခံပြီး ပြောရမယ့် အကြောင်းအရာ

ရသွားခဲ့တာလည်း ရှိတယ်။ တစ်ဖက်မှာ ဒဏ်ရာပြဿနာတွေရဲ့ ထိုးနှက်မှုကြောင့် အခု ရှရစ်ဖ်နဲ့ ပွဲစဉ်မှာ နည်းပြတန်ဟတ်အနေနဲ့ ကစားသမားအလှည့်ကျသုံးစွဲမှုကို ဘယ်လိုမျိုး

ထုဆစ်ပုံဖော်မလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။ လက်ရှိမှာတော့ တန်ဟတ်အနေနဲ့ မဖြစ်မနေ ခေါင်းခဲရမယ့် အကြောင်းအရာ ၃ ခုကို Express Sport သတင်းပိုင်းမှာ

ရေးသားဖော်ပြထားတာကို ပြန်လည် မျှဝေလိုက်ပါတယ်။ ပထမဆုံးကတော့ စီရော်နယ်ဒိုပါ။ အသင်းကြီးနဲ့အတူ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ စီရော်နယ်ဒိုဟာ စိတ်ဓာတ်ရေးရာအရ

အမြင့်ဆုံး အနေအ ထားမှာ မရှိတာကြောင့် ဒီပွဲမှာ ထည့်သုံးမှာလား၊ မသုံးဘူးလားဆိုတာကို တန်ဟတ်အနေနဲ့ မဖြစ်မနေ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ် အရွယ်ရှိနေပြီး

တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ်အထိ ရရှိထားတဲ့ ကစားသမားဟာ သူ့နည်းလမ်းနဲ့သူတော့ ရှိနေမှာပါ။ ဒါပေမဲ့ ကစားသမားရဲ့ လက်ရှိစိတ်ခံစားမှုနဲ့ ခြေစွမ်းက

ဒီပွဲအပေါ်မှာ အကျိုးသက် ရောက်မှု ရှိလာနိုင်တယ်။ ဒုတိယ တစ်ချက်ကတော့ ဒဏ်ရာရသွားတဲ့ ဗာရန်းနေရာမှာ ဘယ်သူနဲ့ အစားထိုးမှာလဲဆိုတဲ့ မေးခွန်းပါပဲ။ လင်ဒီလော့ဖ်လို

ကစားသမားမျိုးရှိနေပေမယ့် တကယ့်ကို အကြိတ်အနယ် ကစားရပြီဆိုရင် ပါဝါ ထွက်မလာတာက ဆွီဒင်ကစားသမားရဲ့ အားနည်းချက်ဖြစ်နေတယ်။ နောက် ဆုံးတစ်ချက်ကတော့

မက်ဂွိုင်းယားပါပဲ။ ဒီအင်္ဂလန်သားဟာ လက်ရှိအချိန် မှာ ကြံ့ခိုင်မှု ကောင်းကောင်း ပြန်ရနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အခုကစားမယ့် ပွဲစဉ်မှာ မက်ဂွိုင်းယားကို ထည့်သုံးခဲ့ရင် ဖြစ်လာမယ့်

အကျိုးဆက်ကိုတော့ နည်းပြတန်ဟတ်အနေနဲ့ ကြိုတင်ပြီး တွက်ဆထားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

(Zawgyi)

မန္ယူအဖို႔ လြယ္မေယာင္နဲ႔ ခက္ေနတဲ့ ရွရစ္ဖ္နဲ႔ပြဲအတြက္ အေျဖရွာရမယ့္ ပုစာၦ

ဒီေန႔ညမွာ ကစားမယ့္ ရွရစ္ဖ္နဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္အာ အိုးလ္ထရက္ဖို႔ဒ္ ပြဲစဥ္ျဖစ္လို႔ မန္ယူအတြက္ လြယ္ကူမယ့္အေျခအေနမ်ိဳး ရွိေနေပမယ့္ လည္း နည္းျပတန္ဟတ္တစ္ေယာက္

ေခါင္းခဲရမယ့္ ကိစၥေတြကေတာ့ အမ်ားႀကီး ရွိေနပါတယ္။ မန္ယူဟာ ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္ကို တက္ေရာက္ ႏိုင္ဖို႔အတြက္ ရွရစ္ဖ္နဲ႔ပြဲမွာ တစ္မွတ္သာရဖို႔

လိုအပ္ပါတယ္။ ၿပီးခဲ့တဲ့ အပတ္ ထဲမွာ စပါးကိုႏိုင္ၿပီး ခ်ဲလ္ဆီးကို သေရကစားထားႏိုင္ခဲ့တာေၾကာင့္ သရဲနီေတြ ရဲ႕ စိတ္ဓာတ္က အျမင့္ပ်ံေနမွာ ေသခ်ာေနပါတယ္။

ဒါေပမဲ့ စပါးနဲ႔ ပြဲမွာ ပြဲခ်ိန္ မၿပီးေသးခင္ ကြင္းထဲက ထြက္သြားခဲ့တဲ့ စီေရာ္နယ္ဒိုေၾကာင့္ ေဝဖန္သူေတြ ပါးစပ္အရသာခံၿပီး ေျပာရမယ့္ အေၾကာင္းအရာ

ရသြားခဲ့တာလည္း ရွိတယ္။ တစ္ဖက္မွာ ဒဏ္ရာျပႆနာေတြရဲ႕ ထိုးႏွက္မႈေၾကာင့္ အခု ရွရစ္ဖ္နဲ႔ ပြဲစဥ္မွာ နည္းျပတန္ဟတ္အေနနဲ႔ ကစားသမားအလွည့္က်သုံးစြဲမႈကို

ဘယ္လိုမ်ိဳး ထု ဆစ္ပုံေဖာ္မလဲဆိုတာက စိတ္ဝင္စားစရာ ေကာင္းပါတယ္။ လက္ရွိမွာေတာ့ တန္ဟတ္အေနနဲ႔ မျဖစ္မေန ေခါင္းခဲရမယ့္ အေၾကာင္းအရာ ၃ ခုကို

Express Sport သတင္းပိုင္းမွာ ေရးသားေဖာ္ျပထားတာကို ျပန္လည္ မွ်ေဝလိုက္ပါ တယ္။ ပထမဆုံးကေတာ့ စီေရာ္နယ္ဒိုပါ။ အသင္းႀကီးနဲ႔အတူ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့

စီေရာ္နယ္ဒိုဟာ စိတ္ဓာတ္ေရးရာအရ အျမင့္ဆုံး အေနအ ထားမွာ မရွိတာေၾကာင့္ ဒီပြဲမွာ ထည့္သုံးမွာလား၊ မသုံးဘူးလားဆိုတာကို တန္ဟတ္အေနနဲ႔ မျဖစ္မေန ဆုံးျဖတ္ရမွာ ျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္ အ႐ြယ္ရွိေနၿပီး တစ္ႏွစ္တာအေကာင္းဆုံး ေဘာလုံးသမားဆုကို ၅ ႀကိမ္အထိ ရရွိထားတဲ့ ကစားသမားဟာ သူ႔နည္းလမ္းနဲ႔သူေတာ့ ရွိေနမွာပါ။

ဒါေပမဲ့ ကစားသမားရဲ႕ လက္ရွိစိတ္ခံစားမႈနဲ႔ ေျခစြမ္းက ဒီပြဲအေပၚမွာ အက်ိဳးသက္ ေရာက္မႈ ရွိလာႏိုင္တယ္။ ဒုတိယ တစ္ခ်က္ကေတာ့ ဒဏ္ရာရသြားတဲ့ ဗာရန္း ေနရာမွာ ဘယ္သူနဲ႔

အစားထိုးမွာလဲဆိုတဲ့ ေမးခြန္းပါပဲ။ လင္ဒီေလာ့ဖ္လို က စားသမားမ်ိဳးရွိေနေပမယ့္ တကယ့္ကို အႀကိတ္အနယ္ ကစားရၿပီဆိုရင္ ပါဝါ ထြက္မလာတာက ဆြီဒင္ကစားသမားရဲ႕

အားနည္းခ်က္ျဖစ္ေနတယ္။ ေနာက္ ဆုံးတစ္ခ်က္ကေတာ့ မက္ဂြိဳင္းယားပါပဲ။ ဒီအဂၤလန္သားဟာ လက္ရွိအခ်ိန္ မွာ ႀကံ့ခိုင္မႈ ေကာင္းေကာင္း ျပန္ရေနၿပီျဖစ္ပါတယ္။

ဒါေပမဲ့ အခုကစားမယ့္ ပြဲစဥ္မွာ မက္ဂြိဳင္းယားကို ထည့္သုံးခဲ့ရင္ ျဖစ္လာမယ့္ အက်ိဳးဆက္ကိုေတာ့ နည္းျပတန္ဟတ္အေနနဲ႔ ႀကိဳတင္ၿပီး တြက္ဆထားဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။