မန်ယူအပါအ၀င် ပရီးမီးယားလိဂ်အကျတွေနဲ့ အောင်မြင်နေတဲ့ ဗယ်လက်ကာနို

ဗယ်လက်ကာနိုဆိုတာ လာလီဂါမှာအသင်းလေးတစ်သင်းသာဖြစ်ပြီး

ဘာအစဥ်အလာမှလည်းရှိတာမဟုတ်ပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီက

ဆီဂန်ဒါကနေတစ်ဆင့် လာလီဂါကိုတန်းတက်လာရတာဖြစ်ပေမယ့်

ဒီရာသီမှာတော့ဘယ်သူမှမထင်မှတ်ထားလောက်အောင်အစွမ်းပြပြီး

လာလီဂါပြိုင်ပွဲဆောင်းခိုသွားချိန်မှာအဆင့် ၄ နေရာကို

ရယူထားနိုင်တဲ့အထိ စွမ်းဆောင်ပြထားပါ တယ်။ ဒီအသင်းလေးဟာ

ဘာစီလိုနာနဲ့ အက်သလက်တီ ကိုဆိုတဲ့လာလီဂါထိပ်တန်းအသင်းတွေကိုပါ

ကျော်ဖြတ်ပြီး အခုလိုရပ်တည်နေတာဖြစ်ပါတယ်။ သူတို့ရဲ့လူစာရင်းကိုကြည့်ရင်

နာမည်ကျော်ဆိုလို့လည်းဘယ်သူမှ ပါတာမဟုတ်ပါဘူး။

ဒါပေမယ့် အသင်းရဲ့ကစားဟန်ကောင်းမွန်မှုနဲ့အတူ ဘောလုံးကျွမ်းကျင်သူတွေကိုပါ

မျက်လုံးပြူးစေခဲ့တဲ့အထိခြေစွမ်းပြနေတာဖြစ်ပြီး

ဒီနေရာမှာ မန်ယူအသင်းရဲ့အကျတွေဖြစ်တဲ့ ဖယ်လ်ကာအိုနဲ့ ဘီဘီ တို့လို

ကစားသမားတွေကအရေးပါတဲ့နေရာကနေရပ်တည်ခဲ့တာပါ။

နောက်ပြီး ပြင်သစ်ဂန္ထဝင်ဇီဒန်းရဲ့သားဖြစ်တဲ့ လူးကက်စ်ဇီဒန်း၊

မန်စီးတီးလူငယ်ကစားသမားဖြစ်ခဲ့ဘူးတဲ့ ဂျို့စ်အိန်ဂျယ်လ်ပိုဇိုတို့ကတော့

သူတို့ကိုအကူအညီအများကြီးဖြစ်စေခဲ့တာပါ။ ဖယ်လ်ကာအိုကတော့

အဓိကကျသူဖြစ်ပြီး ၅ ဂိုးသွင်းယူထားနိုင်ပါတယ်။

ဖယ်လ်ကာအိုဟာ မန်ယူမှာအဆင်မပြေခဲ့တဲ့အပြင် ချဲလ်ဆီးမှာလည်းအံမဝင်ခဲ့လို့

အင်္ဂလန်ကနေလက်မြှောက်ထွက်ခွာခဲ့ရသူဖြစ်ပါတယ်။

ဘီဘီ ကတော့ဖာဂူဆန် မန်ယူကိုကိုင်တွယ်တုန်းကအားကိုးတကြီး နဲ့

ခေါ်ယူခဲ့သူဖြစ်ပေမယ့်အခြေအနေမလှဘဲထွက်ပြေးသွားခဲ့ရသူဖြစ်ပါတယ်။

သူတို့နည်းပြကလည်း လူငယ်ပိုင်းဘဲဖြစ်ပြီးအခုမှတက်ခါစရှိသေးတဲ့

အန်ဒိုနီအီရာအိုလာ ဖြစ်ပေမယ့် နောက်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့် ရယူဖို့အထိ

မှန်းဆနေပါတယ်။ ဗယ်လက်ကာနိုဟာ အခုရာသီအစပိုင်းမှာ ၂ ပွဲ ဆက်ရှုံးခဲ့ပေမယ့်

စက်တင်ဘာနောက်ပိုင်းကတည်းက ရှုံးပွဲမရှိတော့ဘဲရပ်တည်နေတာပါ။

သူတို့ရဲ့နိုင်ပွဲတွေထဲမှာ ဘာစီလိုနာကို ၁-၀ နဲ့နိုင်ခဲ့တဲ့ပွဲလည်းပါဝင်ပါတယ်။

အနိုင်ဂိုးကိုတော့ ဖယ်လ်ကာအို ကသွင်းယူပေးခဲ့တာဖြစ်ပြီး ရော်နယ်ကိုမန်းကို

ဘာစီလိုနာနည်းပြဘဝအဆုံးသတ်သွားစေတဲ့ ဂိုးလည်းဖြစ်ပါတယ်။

အီရာအိုလာ ဟာပြီးခဲ့တဲ့ ၂၀၂၀ ဇူလိုင်လကကလပ်ကိုတာဝန်ယူခဲ့ပြီး

သူ့လက်ထက်မှာ ဗယ်လက်ကာနိုဟာ ညှို့ငင်နိုင်စွမ်းအပြည့်နဲ့အတူ

ပြောင်းလဲလာခဲ့တာပါ။ ဆီဂန်ဒါမှာအဆင့် ၆ ရပြီး နောက် play-offs ကစားခဲ့ရာမှာ

ဂီရိုနာကို ၂ ပွဲပေါင်းရလဒ် ၃-၂ နဲ့နိုင်ပြီး လာလီဂါကိုတက်ရောက်လာတာပါ။

အီရာအိုလာ ဟာအသက် ၃၉ နှစ်ဘဲရှိသေးလို့ခေတ်သစ်ဘောလုံးအမြင်ကျယ်သူဖြစ်ပြီး

ရလဒ်ပိုင်းထက် ကစားဟန်ကိုအသားပေးသူဖြစ်ပေမယ့်

သူ့အသင်းရဲ့အင်အားနဲ့ကိုက်ညီမယ့် နည်းစနစ်ကိုအသုံးပြုနိုင်လို့ ဗယ်လက်ကာနို ဟာ

အခုလိုရပ်တည်နိုင်တာဖြစ်ပါတယ်။ သူတို့ဟာ ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ

အိမ်ကွင်းရမှတ်အများဆုံးရယူနိုင်တဲ့အသင်းဖြစ်နေပြီး ၂၇ မှတ်မှာ ၂၅ မှတ်အထိ

ရရှိထားပါတယ်။ ဒါဟာတကယ့်ထိပ်သီးတွေဖြစ်တဲ့ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊

ပီအက်စ်ဂျီ အစရှိတဲ့အသင်းတွေတောင် မရတဲ့အောင်မြင်မှုမျိုးဖြစ်ပါတယ်။

မက်ဒရစ်မြို့မှာအခြေစိုက်တဲ့အသင်းဖြစ်ပေမယ့် ပရိသတ် ၁၅၅၀၀ သာ

ဝင်ဆန့်တဲ့ကွင်းနဲ့ လာလီဂါမှာဘတ်ဂျက်သုံးစွဲမှုအနည်းဆုံးအသင်းဖြစ်တဲ့အပြင်

လက်မှတ်ခကလည်းတစ်ပွဲကိုမှ ၁၀ ယူရိုသာရှိတဲ့အသင်းလေးက

အခုလိုမျိုးလူရိုသေရှင်ရိုသေ လုပ်ပြနိုင်တာဟာ

တကယ့်ကိုချီးကျူးရမယ့်စွမ်းဆောင်ရည်ကြောင့်ဘဲလို့သာဆိုရပါမယ်။

zawgyi

မန္ယူအပါအ၀င္ ပရီးမီးယားလိဂ္အက်ေတြနဲ႔ ေအာင္ျမင္ေနတဲ့ ဗယ္လက္ကာႏို

ဗယ္လက္ကာႏိုဆိုတာ လာလီဂါမွာအသင္းေလးတစ္သင္းသာျဖစ္ၿပီး

ဘာအစဥ္အလာမွလည္းရွိတာမဟုတ္ပါဘူး။ သူတို႔ဟာ ၿပီးခဲ့တဲ့ရာသီက

ဆီဂန္ဒါကေနတစ္ဆင့္ လာလီဂါကိုတန္းတက္လာရတာျဖစ္ေပမယ့္

ဒီရာသီမွာေတာ့ဘယ္သူမွမထင္မွတ္ထားေလာက္ေအာင္အစြမ္းျပၿပီး

လာလီဂါၿပိဳင္ပြဲေဆာင္းခိုသြားခ်ိန္မွာအဆင့္ ၄ ေနရာကို

ရယူထားႏိုင္တဲ့အထိ စြမ္းေဆာင္ျပထားပါ တယ္။ ဒီအသင္းေလးဟာ

ဘာစီလိုနာနဲ႔ အက္သလက္တီ ကိုဆိုတဲ့လာလီဂါထိပ္တန္းအသင္းေတြကိုပါ

ေက်ာ္ျဖတ္ၿပီး အခုလိုရပ္တည္ေနတာျဖစ္ပါတယ္။ သူတို႔ရဲ႕လူစာရင္းကိုၾကည့္ရင္

နာမည္ေက်ာ္ဆိုလို႔လည္းဘယ္သူမွ ပါတာမဟုတ္ပါဘူး။

ဒါေပမယ့္ အသင္းရဲ႕ကစားဟန္ေကာင္းမြန္မႈနဲ႔အတူ ေဘာလုံးကြၽမ္းက်င္သူေတြကိုပါ

မ်က္လုံးျပဴးေစခဲ့တဲ့အထိေျခစြမ္းျပေနတာျဖစ္ၿပီး

ဒီေနရာမွာ မန္ယူအသင္းရဲ႕အက်ေတြျဖစ္တဲ့ ဖယ္လ္ကာအိုနဲ႔ ဘီဘီ တို႔လို

ကစားသမားေတြကအေရးပါတဲ့ေနရာကေနရပ္တည္ခဲ့တာပါ။

ေနာက္ၿပီး ျပင္သစ္ဂႏၴဝင္ဇီဒန္းရဲ႕သားျဖစ္တဲ့ လူးကက္စ္ဇီဒန္း၊

မန္စီးတီးလူငယ္ကစားသမားျဖစ္ခဲ့ဘူးတဲ့ ဂ်ိဳ႕စ္အိန္ဂ်ယ္လ္ပိုဇိုတို႔ကေတာ့

သူတို႔ကိုအကူအညီအမ်ားႀကီးျဖစ္ေစခဲ့တာပါ။ ဖယ္လ္ကာအိုကေတာ့

အဓိကက်သူျဖစ္ၿပီး ၅ ဂိုးသြင္းယူထားႏိုင္ပါတယ္။

ဖယ္လ္ကာအိုဟာ မန္ယူမွာအဆင္မေျပခဲ့တဲ့အျပင္ ခ်ဲလ္ဆီးမွာလည္းအံမဝင္ခဲ့လို႔

အဂၤလန္ကေနလက္ေျမႇာက္ထြက္ခြာခဲ့ရသူျဖစ္ပါတယ္။

ဘီဘီ ကေတာ့ဖာဂူဆန္ မန္ယူကိုကိုင္တြယ္တုန္းကအားကိုးတႀကီး နဲ႔

ေခၚယူခဲ့သူျဖစ္ေပမယ့္အေျခအေနမလွဘဲထြက္ေျပးသြားခဲ့ရသူျဖစ္ပါတယ္။

သူတို႔နည္းျပကလည္း လူငယ္ပိုင္းဘဲျဖစ္ၿပီးအခုမွတက္ခါစရွိေသးတဲ့

အန္ဒိုနီအီရာအိုလာ ျဖစ္ေပမယ့္ ေနာက္ရာသီမွာခ်န္ပီယံလိဂ္ဝင္ခြင့္ ရယူဖို႔အထိ

မွန္းဆေနပါတယ္။ ဗယ္လက္ကာႏိုဟာ အခုရာသီအစပိုင္းမွာ ၂ ပြဲ ဆက္ရႈံးခဲ့ေပမယ့္

စက္တင္ဘာေနာက္ပိုင္းကတည္းက ရႈံးပြဲမရွိေတာ့ဘဲရပ္တည္ေနတာပါ။

သူတို႔ရဲ႕ႏိုင္ပြဲေတြထဲမွာ ဘာစီလိုနာကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ့ပြဲလည္းပါဝင္ပါတယ္။

အႏိုင္ဂိုးကိုေတာ့ ဖယ္လ္ကာအို ကသြင္းယူေပးခဲ့တာျဖစ္ၿပီး ေရာ္နယ္ကိုမန္းကို

ဘာစီလိုနာနည္းျပဘဝအဆုံးသတ္သြားေစတဲ့ ဂိုးလည္းျဖစ္ပါတယ္။

အီရာအိုလာ ဟာၿပီးခဲ့တဲ့ ၂၀၂၀ ဇူလိုင္လကကလပ္ကိုတာဝန္ယူခဲ့ၿပီး

သူ႔လက္ထက္မွာ ဗယ္လက္ကာႏိုဟာ ညႇိဳ႕ငင္ႏိုင္စြမ္းအျပည့္နဲ႔အတူ

ေျပာင္းလဲလာခဲ့တာပါ။ ဆီဂန္ဒါမွာအဆင့္ ၆ ရၿပီး ေနာက္ play-offs ကစားခဲ့ရာမွာ

ဂီ႐ိုနာကို ၂ ပြဲေပါင္းရလဒ္ ၃-၂ နဲ႔ႏိုင္ၿပီး လာလီဂါကိုတက္ေရာက္လာတာပါ။

အီရာအိုလာ ဟာအသက္ ၃၉ ႏွစ္ဘဲရွိေသးလို႔ေခတ္သစ္ေဘာလုံးအျမင္က်ယ္သူျဖစ္ၿပီး

ရလဒ္ပိုင္းထက္ ကစားဟန္ကိုအသားေပးသူျဖစ္ေပမယ့္

သူ႔အသင္းရဲ႕အင္အားနဲ႔ကိုက္ညီမယ့္ နည္းစနစ္ကိုအသုံးျပဳႏိုင္လို႔ ဗယ္လက္ကာႏို ဟာ

အခုလိုရပ္တည္ႏိုင္တာျဖစ္ပါတယ္။ သူတို႔ဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ

အိမ္ကြင္းရမွတ္အမ်ားဆုံးရယူႏိုင္တဲ့အသင္းျဖစ္ေနၿပီး ၂၇ မွတ္မွာ ၂၅ မွတ္အထိ

ရရွိထားပါတယ္။ ဒါဟာတကယ့္ထိပ္သီးေတြျဖစ္တဲ့ မန္စီးတီး၊ ဘိုင္ယန္ျမဴးနစ္၊

ပီအက္စ္ဂ်ီ အစရွိတဲ့အသင္းေတြေတာင္ မရတဲ့ေအာင္ျမင္မႈမ်ိဳးျဖစ္ပါတယ္။

မက္ဒရစ္ၿမိဳ႕မွာအေျခစိုက္တဲ့အသင္းျဖစ္ေပမယ့္ ပရိသတ္ ၁၅၅၀၀ သာ

ဝင္ဆန႔္တဲ့ကြင္းနဲ႔ လာလီဂါမွာဘတ္ဂ်က္သုံးစြဲမႈအနည္းဆုံးအသင္းျဖစ္တဲ့အျပင္

လက္မွတ္ခကလည္းတစ္ပြဲကိုမွ ၁၀ ယူ႐ိုသာရွိတဲ့အသင္းေလးက

အခုလိုမ်ိဳးလူ႐ိုေသရွင္႐ိုေသ လုပ္ျပႏိုင္တာဟာ

တကယ့္ကိုခ်ီးက်ဴးရမယ့္စြမ္းေဆာင္ရည္ေၾကာင့္ဘဲလို႔သာဆိုရပါမယ္။