မန်ယူအတွက်သီကျူးခဲ့တဲ့ စီရော်နယ်ဒိုရဲ့ ကြေကွဲ သံစဉ်တွေဟာ တန်ဟတ်အတွက် နားဝင် မချိုခဲ့ဘူး

စပါးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲမပြီးခင် အဝတ်လဲခန်းထဲကို တချိုးတည်း လစ်သွားခဲ့တဲ့ ကိစ္စအတွက် မန်ယူနည်းပြ တန်ဟတ်နဲ့ စီရော်နယ်ဒိုတို့အကြား ဒဲ့ရှင်းခဲ့ကြပြီးတဲ့နောက်ပိုင်း ချဲလ်ဆီးနဲ့ ကစားမယ့် ပွဲမှာ ပေါ်တူဂီသားကို ထည့် သုံးမှာ မဟုတ်တော့ဘူးလို့ အဖြေထွက်လာပါပြီ။

ခံစားမှုတစ်ရပ်အပေါ်မှာ စိတ်လိုလက်ရ ပြုမူဆောင်ရွက်ချက်လေး တစ်ခုကြောင့် နည်းပြတန်ဟတ် အပါအဝင် မန်ယူအသင်းသားတွေ အကုန်လုံးရဲ့ မျက်မုန်းကျိုးတာကို ခံလိုက် ရတဲ့ စီရော်နယ်ဒိုကတော့

ယူနိုက်တက်အနေနဲ့ သူ့ကို ဘယ်နေရာမှာပဲထား ထား အရာအားလုံး ပြန်လည်ပေးဆပ်သွားဖို့ အဆင်သင့်ပဲလို့ ပြောဆိုလိုက် ပြီဖြစ်ပါတယ်။

‘’ကျွန်တော်ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ အမြဲတမ်း လုပ်ဆောင်ခဲ့သလိုပဲ ကျွန်တော် ရှင်သန်ရပ်တည်ဖို့ ကြိုးစားတယ်။

လုပ်ဖော် ကိုင်ဖက်တွေ၊ ပြိုင်ဘက်တွေ၊ နည်းပြတွေအားလုံးကို လေးစားသမှုနဲ့ ကစားပေးနိုင်ဖို့ ကြိုးစားတယ်။ ကျွန်တော်က တသမတ်တည်းရှိနေတဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး ကျွန်တော် ဘာမှ မပြောင်းလဲပါဘူး။

ဥရောပ ဘောလုံး ရပ်ဝန်းမှာ ကျွန်တော်ဟာ ပရောက်ဖက်ရှင်နယ်ပီသစွာနဲ့ တသမတ်တည်း ကစားလာခဲ့တာ နှစ်ပေါင်း ၂၀ ရှိနေပါပြီ။ လေးစားသမှုနဲ့ အမြဲတမ်း ကစားခဲ့ သလို ဆုံးဖြတ်ချက်တွေကိုလည်း လေးစားသမှုနဲ့ လုပ်ခဲ့တာပါပဲ။

အရမ်းငယ်ရွယ်တဲ့အချိန်မှာပဲ ဘဝကို စတင်ခဲ့ရပြီး အသက်ကြီးလာတဲ့အခါ စံပြကစား သမားတစ်ယောက်ဖြစ်လာဖို့က ကျွန်တော့်အတွက် အရေးကြီးပါတယ်။

ဒါကြောင့် လူငယ်ကစားသမားတွေအတွက် စံပြဖြစ်ဖို့ရာ ကျွန်တော် အမြဲတမ်း ကြိုးစားပါတယ်။ ကံဆိုးတာက တစ်ခါတလေမှာတော့ ကျွန်တော်တို့အတွက် စိတ်အလိုမကျစရာ အခိုက်အတန့်လေးတွေ ရှိရပါတယ်။

အခုတော့ ကျွန်တော်ဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ အလုပ်တွေကြိုးစားဖို့ပဲ စိတ်ကူး ထားတယ်။ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို ကူညီမယ်။

အရာအားလုံး ပေးဆပ်ဖို့ အဆင်သင့်ပါပဲ။ ဖိအားပေးတယ်ဆိုတာမျိုးက ရွေးချယ်စရာတစ်ခုမှ မဟုတ်တာ။ အဲဒါမျိုး ကျွန်တော် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ဒါက မန်ချက် စတာယူနိုက်တက်ဗျ။

ယူနိုက်တက်နဲ့အတူ ကျွန်တော်တို့ ရပ်တည်ရမယ်။ ကျွန်တော်တို့ အတူတကွ ပြန်လာနိုင်မှာပါ’’ လို့ စီရော်နယ်ဒိုက သူ့ရဲ့ လူမှု ကွန်ရက် စာမျက်နှာကတစ်ဆင့် ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမဲ့ စီရော်နယ်ဒို ရဲ့ ပြောဆိုမှုဟာ တန်ဟတ်အတွက်တော့ လက်ရှိမှာ အသုံးမဝင်ခဲ့ပါဘူး။

(Zawgyi)

မန္ယူအတြက္သီက်ဴးခဲ့တဲ့ စီေရာ္နယ္ဒိုရဲ႕ ေၾကကြဲ သံစဥ္ေတြဟာ တန္ဟတ္အတြက္ နားဝင္ မခ်ိဳခဲ့ဘူး

စပါးကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပြဲမၿပီးခင္ အဝတ္လဲခန္းထဲကို တခ်ိဳးတည္း လစ္ သြားခဲ့တဲ့ ကိစၥအတြက္ မန္ယူနည္းျပ တန္ဟတ္နဲ႔ စီေရာ္နယ္ဒိုတို႔အၾကား ဒဲ့ ရွင္းခဲ့ၾကၿပီးတဲ့ေနာက္ပိုင္း ခ်ဲလ္ဆီးနဲ႔ ကစားမယ့္ ပြဲမွာ ေပၚတူဂီသားကို ထည့္ သုံးမွာ မဟုတ္ေတာ့ဘူးလို႔ အေျဖထြက္လာပါၿပီ။

ခံစားမႈတစ္ရပ္အေပၚမွာ စိတ္လိုလက္ရ ျပဳမူေဆာင္႐ြက္ခ်က္ေလး တစ္ခုေၾကာင့္ နည္းျပတန္ဟတ္ အပါအဝင္ မန္ယူအသင္းသားေတြ အကုန္လုံးရဲ႕ မ်က္မုန္းက်ိဳးတာကို ခံလိုက္ ရတဲ့ စီေရာ္နယ္ဒိုကေတာ့ ယူႏိုက္တက္အေနနဲ႔ သူ႔ကို ဘယ္ေနရာမွာပဲထား ထား အရာအားလုံး ျပန္လည္ေပးဆပ္သြားဖို႔ အဆင္သင့္ပဲလို႔ ေျပာဆိုလိုက္ ၿပီျဖစ္ပါတယ္။

‘’ကြၽန္ေတာ္ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္မွာ အၿမဲတမ္း လုပ္ေဆာင္ခဲ့သလိုပဲ ကြၽန္ေတာ္ ရွင္သန္ရပ္တည္ဖို႔ ႀကိဳးစားတယ္။

လုပ္ေဖာ္ ကိုင္ဖက္ေတြ၊ ၿပိဳင္ဘက္ေတြ၊ နည္းျပေတြအားလုံးကို ေလးစားသမႈနဲ႔ ကစား ေပးႏိုင္ဖို႔ ႀကိဳးစားတယ္။ ကြၽန္ေတာ္က တသမတ္တည္းရွိေနတဲ့ ကစားသမား တစ္ေယာက္ျဖစ္ၿပီး ကြၽန္ေတာ္ ဘာမွ မေျပာင္းလဲပါဘူး။

ဥေရာပ ေဘာလုံး ရပ္ဝန္းမွာ ကြၽန္ေတာ္ဟာ ပေရာက္ဖက္ရွင္နယ္ပီသစြာနဲ႔ တသမတ္တည္း ကစားလာခဲ့တာ ႏွစ္ေပါင္း ၂၀ ရွိေနပါၿပီ။

ေလးစားသမႈနဲ႔ အၿမဲတမ္း ကစားခဲ့ သလို ဆုံးျဖတ္ခ်က္ေတြကိုလည္း ေလးစားသမႈနဲ႔ လုပ္ခဲ့တာပါပဲ။ အရမ္း ငယ္ ႐ြယ္တဲ့အခ်ိန္မွာပဲ ဘဝကို စတင္ခဲ့ရၿပီး အသက္ႀကီးလာတဲ့အခါ စံျပကစား သမားတစ္ေယာက္ျဖစ္လာဖို႔က ကြၽန္ေတာ့္အတြက္ အေရးႀကီးပါတယ္။

ဒါ ေၾကာင့္ လူငယ္ကစားသမားေတြအတြက္ စံျပျဖစ္ဖို႔ရာ ကြၽန္ေတာ္ အၿမဲတမ္း ႀကိဳးစားပါတယ္။

ကံဆိုးတာက တစ္ခါတေလမွာေတာ့ ကြၽန္ေတာ္တို႔အတြက္ စိတ္အလိုမက်စရာ အခိုက္အတန႔္ေလးေတြ ရွိရပါတယ္။ အခုေတာ့ ကြၽန္ ေတာ္ဟာ ကာရင္တန္ ေလ့က်င့္ေရးကြင္းမွာ အလုပ္ေတြႀကိဳးစားဖို႔ပဲ စိတ္ကူး ထားတယ္။ ကြၽန္ေတာ့္ရဲ႕ အသင္းေဖာ္ေတြကို ကူညီမယ္။ အရာအားလုံး ေပး ဆပ္ဖို႔ အဆင္သင့္ပါပဲ။ ဖိအားေပးတယ္ဆိုတာမ်ိဳးက ေ႐ြးခ်ယ္စရာတစ္ခုမွ မဟုတ္တာ။

အဲဒါမ်ိဳး ကြၽန္ေတာ္ ဘယ္တုန္းကမွ မလုပ္ခဲ့ဘူး။ ဒါက မန္ခ်က္ စတာယူႏိုက္တက္ဗ်။ ယူႏိုက္တက္နဲ႔အတူ ကြၽန္ေတာ္တို႔ ရပ္တည္ရမယ္။

ကြၽန္ေတာ္တို႔ အတူတကြ ျပန္လာႏိုင္မွာပါ’’ လို႔ စီေရာ္နယ္ဒိုက သူ႔ရဲ႕ လူမႈ ကြန္ရက္ စာမ်က္ႏွာကတစ္ဆင့္ ေျပာဆိုသြားခဲ့ပါတယ္။ ဒါေပမဲ့ စီေရာ္နယ္ဒို ရဲ႕ ေျပာဆိုမႈဟာ တန္ဟတ္အတြက္ေတာ့ လက္ရွိမွာ အသုံးမဝင္ခဲ့ပါဘူး။