မန်ယူအတွက်ဆိုရင် အလကား ကစားပေးမယ့် ချီချာရီတို

မန်ယူနဲ့အတူပရီးမီးယားလိဂ်ချန်ပီယံဆု နှစ်ကြိမ်ရယူခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း ဂျာဗီးယားဟာနန်ဒက်ဇ်(ခေါ်) ချီချာရီတိုက မန်ယူသာအလိုရှိပါက လစာမယူဘဲ ကစားပေးဖိုအသင့်ရှိတယ်လို ဖွင့်ဟလိုက်ပါတယ်။

လက်ရှိမှာ မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီမှာကစားနေတဲ့ အသက် ၃၄ နှစ်အရွယ် ဟာနန်ဒက်ဇ်ဟာ မန်ယူဂန္တဝင် နည်းပြကြီး ဖာဂူဆန်လက်ထက်မှာ ၅ နှစ်ကြာကစားခဲ့သူလည်းဖြစ်ပါတယ်။

မန်ယူအတွက်ပြိုင်ပွဲစုံ ၅၉ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို နှစ်ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မန်ယူဟာ သူ့ရဲ့နှလုံးသားတစ်နေရာမှာရှိနေကြောင်းကို ဟာနန်ဒက်ဇ်က အခုလိုဖွင့်ဟထားခဲ့တာပါ။

“ တကယ်လိုမန်ယူက ကျွန်တော့်ကိုပြန်လာမလားမေးရင် လာမယ်လိုပဲဖြေမိမှာပါ။ ပြီးတော့ လစာမယူဘဲ ကစားပေးမှာပါ။ ဒါပေမယ့် လက်ရှိအသင်းအပေါ်မှာလည်း ကျွန်တော်လေးစားမှုအပြည့်ရှိပါတယ်။

ဂလက်စီနဲ့ အတူ ချန်ပီယံဆုရယူနိုင်ဖို အတွက် အကောင်းဆုံးကစားပေးနိုင်ဖိုလည်း အမြဲတမ်းစိတ်ထဲထည့်ထားပါတယ်။ အနာဂတ်မှာအမြဲတမ်း ပြောင်းလဲနေပေမယ့် လက်ရှိမှာတော့ ကျွန်တော့်ရဲ့စိတ်က ဂလက်စီအတွက်

ပေးဆပ်ဖို ရာခိုင်နှုန်းအပြည့်ပါပဲ” လို ဟာနန်ဒက်ဇ်ကပြောခဲ့ပါတယ်။ ဒါ့အပြင် မန်ယူအနေနဲ့ နည်းပြကြီး ဖာဂူဆန် လက်ထက်က အတိတ်တွေကို ပြန်တမ်းတမနေဘဲ အနာဂတ်အတွက်သာ

အကောင်းဆုံးလုပ်ဆောင်ရတော့မယ့် အချိန်ရောက်နေပြီလိုလည်း ဟာနန်ဒက်ဇ် ကသတိပေးခဲ့ပါတယ်။ လက်ရှိမှာ မန်ယူရဲ့အဓိကတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းမှထွက်ခွာဖိုသာ

စိတ်အားဓာတ်သန်နေသလို အန်တိုနီမာရှယ်ကလည်းဒဏ်ရာရနေတာ ကြောင့် နည်းပြတန်ဟတ်အနေနဲ့ တိုက်စစ်မှူးသစ်တစ်ယောက်ခေါ်ယူနိုင်ဖို ကြိုးစားနေရပါတယ်။

(zawgyi)

မန္ယူနဲ႔အတူပရီးမီးယားလိဂ္ခ်န္ပီယံဆု ႏွစ္ႀကိမ္ရယူခဲ့ဖူးတဲ့ တိုက္စစ္မႉးေဟာင္း ဂ်ာဗီးယားဟာနန္ဒက္ဇ္(ေခၚ) ခ်ီခ်ာရီတိုက မန္ယူသာအလိုရွိပါက လစာမယူဘဲ ကစားေပးဖိုအသင့္ရွိတယ္လို ဖြင့္ဟလိုက္ပါတယ္။

လက္ရွိမွာ ေမဂ်ာလိဂ္ကလပ္ အယ္လ္ေအဂလက္စီမွာကစားေနတဲ့ အသက္ ၃၄ ႏွစ္အ႐ြယ္ ဟာနန္ဒက္ဇ္ဟာ မန္ယူဂႏၲဝင္ နည္းျပႀကီး ဖာဂူဆန္လက္ထက္မွာ ၅ ႏွစ္ၾကာကစားခဲ့သူလည္းျဖစ္ပါတယ္။ မန္ယူအတြက္ၿပိဳင္ပြဲစုံ ၅၉ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ၿပီး

ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ႏွစ္ႀကိမ္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ မန္ယူဟာ သူ႔ရဲ႕ႏွလုံးသားတစ္ေနရာမွာရွိေနေၾကာင္းကို ဟာနန္ဒက္ဇ္က အခုလိုဖြင့္ဟထားခဲ့တာပါ။ “ တကယ္လိုမန္ယူက ကြၽန္ေတာ့္ကိုျပန္လာမလားေမးရင္

လာမယ္လိုပဲေျဖမိမွာပါ။ ၿပီးေတာ့ လစာမယူဘဲ ကစားေပးမွာပါ။ ဒါေပမယ့္ လက္ရွိအသင္းအေပၚမွာလည္း ကြၽန္ေတာ္ေလးစားမႈအျပည့္ရွိပါတယ္။ ဂလက္စီနဲ႔ အတူ ခ်န္ပီယံဆုရယူႏိုင္ဖို အတြက္ အေကာင္းဆုံးကစားေပးႏိုင္ဖိုလည္း

အၿမဲတမ္းစိတ္ထဲထည့္ထားပါတယ္။ အနာဂတ္မွာအၿမဲတမ္း ေျပာင္းလဲေနေပမယ့္ လက္ရွိမွာေတာ့ ကြၽန္ေတာ့္ရဲ႕စိတ္က ဂလက္စီအတြက္ ေပးဆပ္ဖို ရာခိုင္ႏႈန္းအျပည့္ပါပဲ” လို ဟာနန္ဒက္ဇ္ကေျပာခဲ့ပါတယ္။

ဒါ့အျပင္ မန္ယူအေနနဲ႔ နည္းျပႀကီး ဖာဂူဆန္ လက္ထက္က အတိတ္ေတြကို ျပန္တမ္းတမေနဘဲ အနာဂတ္အတြက္သာ အေကာင္းဆုံးလုပ္ေဆာင္ရေတာ့မယ့္ အခ်ိန္ေရာက္ေနၿပီလိုလည္း ဟာနန္ဒက္ဇ္ ကသတိေပးခဲ့ပါတယ္။

လက္ရွိမွာ မန္ယူရဲ႕အဓိကတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ အသင္းမွထြက္ခြာဖိုသာ စိတ္အားဓာတ္သန္ေနသလို အန္တိုနီမာရွယ္ကလည္းဒဏ္ရာရေနတာ ေၾကာင့္ နည္းျပတန္ဟတ္အေနနဲ႔ တိုက္စစ္မႉးသစ္တစ္ေယာက္ေခၚယူႏိုင္ဖို ႀကိဳးစားေနရပါတယ္။