မန်ယူဟာ ရန်းနစ်လက်ထက်မှာ ဘာမှတိုးတက်မလာဘူးလို့ ယုံကြည်နေတဲ့ ပေါလ်အင့်စ်

မန်ယူအသင်းကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ပေါလ်အင့်စ်ကတော့

ယာယီနည်းပြရန်းနစ်လက်ထက်မှာ ယူနိုက်တက်ဟာ

ဘာမှတိုးတက်မလာကြောင်း သုံးသပ်လိုက်ပါတယ်။

ဒါ့အပြင် ရန်းနစ်ရဲ့အသင်းဟာ အထိခိုက်မခံဘဲ ပျော့လွန်းကြောင်းလည်း

ပေါလ်အင့်စ်က ဆိုခဲ့တာပါ။

ပြီးခဲ့တဲ့တနင်္လာညက အိမ်ကွင်းမှာ ဝုဗ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဟာ

ရန်းနစ်လက်ထက် မန်ယူရဲ့ပထမဆုံးရှုံးပွဲဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ နှစ်သစ်ကူးကာလမှာ မေးခွန်းထုတ်စရာစွမ်းဆောင်မှုတွေကို

ဆက်တိုက်မြင်ခဲ့ရတာမို့ ဆိုးလ်ရှားထွက်သွားပြီးနောက်ပိုင်း

အဲဒီဂျာမန်သားလက်ထက်မှာ အသင်းဟာ ရှေ့ဆက်နိုင်ခြင်းမရှိလို့

ပေါလ်အင့်စ်က ယုံကြည်နေတာပါ။

ရန်းနစ်လက်ထက် မန်ယူရဲ့တိုးတက်မှုကို မေးမြန်းတော့

အဲဒီသရဲနီကွင်းလယ်လူဟောင်းက”ရိုးရိုးသားသားပြောရရင်တော့ နိုးပါ။

အဲဒါက မန်ယူကို ဆိုးလ်ရှားစကိုင်တုန်းက အချိန်ကို ပြန်သတိရမိစေတယ်။

အဲဒီအချိန်က မော်ရင်ဟိုလက်အောက် ကစားရတာကို ပလေယာတွေက

စိတ်ကုန်နေကြတာပါ။ ဆိုးလ်ရှားရောက်လာချိန်မှာ ကစားရမယ့်ပွဲတွေက

မခက်ခဲတာကြောင့် အပြောင်းအလဲလုပ်ရလွယ်ခဲ့ပြီး နိုင်ပွဲစရလာလို့

ကစားသမားတွေကြားလည်း ပျော်ပျော်ရွှင်ရွင်ပြန်ဖြစ်လာတယ်။

အဲဒါမှ ရှေ့ဆက်နိုင်တယ်လို့ ဆိုရမှာပါ။ ရန်းနစ်ရောက်လာတော့လည်း

ကစားရတဲ့ပွဲတွေက အခက်ကြီးမဟုတ်ပါဘူး။ မန်ယူလိုအသင်းကြီးတစ်သင်းမှာ

ဘယ်နည်းပြမဆို တာထွက်ကောင်းနိုင်တဲ့အနေအထားပါ။

ဒါပေမဲ့ ပဲလေ့စ်နဲ့အိမ်ကွင်းပွဲကလွဲလို့ သူတို့စွမ်းဆောင်မှုက သာမန်သာဖြစ်နေတယ်။

ဘောလုံးအကြောင်းသိတဲ့ ဘယ်မန်ယူပရိသတ်ကိုပဲဖြစ်ဖြစ် အခုချိန်မှာ

မေးကြည့်လိုက်။ နောက်ဆုံး ၅ ပွဲမှာ ဘာတွေတိုးတက်လာသလဲလို့။

နိုးလို့ပဲ ဖြေမှာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မန်ယူဟာ ရန်းနစ်လက်ထက် ကစားခဲ့တဲ့ပြိုင်ပွဲအရပ်ရပ် ၆ ပွဲမှာ ၃ ပွဲနိုင်၊

၂ ပွဲသရေနဲ့ ၁ ပွဲရှုံးထားပါတယ်။ ရန်းနစ်ဟာ နည်းဗျူဟာအပြောင်းအလဲတွေ

လုပ်ခဲ့ပေမယ့် အသင်းသားတွေနဲ့ အံမဝင်သေးပါဘူး။

zawgyi

မန္ယူဟာ ရန္းနစ္လက္ထက္မွာ ဘာမွတိုးတက္မလာဘူးလို႔ ယုံၾကည္ေနတဲ့ ေပါလ္အင့္စ္

မန္ယူအသင္းကစားသမားေဟာင္းတစ္ေယာက္ျဖစ္တဲ့ ေပါလ္အင့္စ္ကေတာ့

ယာယီနည္းျပရန္းနစ္လက္ထက္မွာ ယူႏိုက္တက္ဟာ

ဘာမွတိုးတက္မလာေၾကာင္း သုံးသပ္လိုက္ပါတယ္။

ဒါ့အျပင္ ရန္းနစ္ရဲ႕အသင္းဟာ အထိခိုက္မခံဘဲ ေပ်ာ့လြန္းေၾကာင္းလည္း

ေပါလ္အင့္စ္က ဆိုခဲ့တာပါ။

ၿပီးခဲ့တဲ့တနလၤာညက အိမ္ကြင္းမွာ ဝုဗ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာဟာ

ရန္းနစ္လက္ထက္ မန္ယူရဲ႕ပထမဆုံးရႈံးပြဲျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ ႏွစ္သစ္ကူးကာလမွာ ေမးခြန္းထုတ္စရာစြမ္းေဆာင္မႈေတြကို

ဆက္တိုက္ျမင္ခဲ့ရတာမို႔ ဆိုးလ္ရွားထြက္သြားၿပီးေနာက္ပိုင္း

အဲဒီဂ်ာမန္သားလက္ထက္မွာ အသင္းဟာ ေရွ႕ဆက္ႏိုင္ျခင္းမရွိလို႔

ေပါလ္အင့္စ္က ယုံၾကည္ေနတာပါ။

ရန္းနစ္လက္ထက္ မန္ယူရဲ႕တိုးတက္မႈကို ေမးျမန္းေတာ့

အဲဒီသရဲနီကြင္းလယ္လူေဟာင္းက”႐ိုး႐ိုးသားသားေျပာရရင္ေတာ့ ႏိုးပါ။

အဲဒါက မန္ယူကို ဆိုးလ္ရွားစကိုင္တုန္းက အခ်ိန္ကို ျပန္သတိရမိေစတယ္။

အဲဒီအခ်ိန္က ေမာ္ရင္ဟိုလက္ေအာက္ ကစားရတာကို ပေလယာေတြက

စိတ္ကုန္ေနၾကတာပါ။ ဆိုးလ္ရွားေရာက္လာခ်ိန္မွာ ကစားရမယ့္ပြဲေတြက

မခက္ခဲတာေၾကာင့္ အေျပာင္းအလဲလုပ္ရလြယ္ခဲ့ၿပီး ႏိုင္ပြဲစရလာလို႔

ကစားသမားေတြၾကားလည္း ေပ်ာ္ေပ်ာ္႐ႊင္႐ြင္ျပန္ျဖစ္လာတယ္။

အဲဒါမွ ေရွ႕ဆက္ႏိုင္တယ္လို႔ ဆိုရမွာပါ။ ရန္းနစ္ေရာက္လာေတာ့လည္း

ကစားရတဲ့ပြဲေတြက အခက္ႀကီးမဟုတ္ပါဘူး။ မန္ယူလိုအသင္းႀကီးတစ္သင္းမွာ

ဘယ္နည္းျပမဆို တာထြက္ေကာင္းႏိုင္တဲ့အေနအထားပါ။

ဒါေပမဲ့ ပဲေလ့စ္နဲ႔အိမ္ကြင္းပြဲကလြဲလို႔ သူတို႔စြမ္းေဆာင္မႈက သာမန္သာျဖစ္ေနတယ္။

ေဘာလုံးအေၾကာင္းသိတဲ့ ဘယ္မန္ယူပရိသတ္ကိုပဲျဖစ္ျဖစ္ အခုခ်ိန္မွာ

ေမးၾကည့္လိုက္။ ေနာက္ဆုံး ၅ ပြဲမွာ ဘာေတြတိုးတက္လာသလဲလို႔။

ႏိုးလို႔ပဲ ေျဖမွာပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

မန္ယူဟာ ရန္းနစ္လက္ထက္ ကစားခဲ့တဲ့ၿပိဳင္ပြဲအရပ္ရပ္ ၆ ပြဲမွာ ၃ ပြဲႏိုင္၊

၂ ပြဲသေရနဲ႔ ၁ ပြဲရႈံးထားပါတယ္။ ရန္းနစ္ဟာ နည္းဗ်ဴဟာအေျပာင္းအလဲေတြ

လုပ္ခဲ့ေပမယ့္ အသင္းသားေတြနဲ႔ အံမဝင္ေသးပါဘူး။