မန်ယူဟာ ဖြစ်ကတတ်ဆန်းနိုင်လွန်းတဲ့ အသင်းဖြစ်နေတယ်လို့ တန်ဟတ်ဝေဖန်

ဗီလာကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်ယူရဲ့ ကစားပုံဟာ ဖြတ်ကတတ် ဆန်းနိုင်လွန်းပြီး လက်ရှိဘောလုံးရာသီမှာအဲဒီလိုမျိုး အခိုက်အတန့်တွေ အများကြီး တွေ့ခဲ့ရတယ်လို့

မန်ယူနည်းပြ တန်ဟတ်က ဝေဖန်ထောက်ပြခဲ့ ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ယူဟာ ပထမပိုင်း ပွဲချိန်တစ်လျှောက်လုံး ဖိအားနိုင်တယ် ဆိုပေမဲ့

ဗီလာရဲ့ ခံစစ်လိုင်းကို မကျော်ဖြတ် နိုင်ခဲ့သလို ဦးတည်ချက် ပျောက်ဆုံးနေခဲ့ပြီး အထူးသဖြင့် နှစ်တန်းခံပြီး ကစားနေတဲ့ ဗီလာရဲ့ ခံစစ်ကြောင့် အရာမထင်ခဲ့တဲ့အတွက်

ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လူငယ်ကစားသမား ဂါနာချို လူစားဝင်လာတာက ပွဲကို ပိုပြီး အသက်ဝင်လာစေခဲ့သလို မန်ယူကစားပုံလည်း ပိုပြီး လှုပ်လာခဲ့တာပါ။

ဒီပွဲမှာ ဂါနာချိုရဲ့ ပံ့ပိုးမှုတွေက မန်ယူအသင်း ကာရာဘောင်ဖလား စတုတ္ထအဆင့်ကို တက်ရောက်နိုင်ရေးအတွက် အဓိက အခန်း ကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဖာနန်ဒက်စ်၊ တွမ်မီနေးတို့

သွင်းယူတဲ့ ဂိုးတွေကို အသက် ၁၈ နှစ်အရွယ် ကစားသမားလေးက ဖန်တီးပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူရဲ့ ကစားပုံဟာ ဂါနာချို မပါတဲ့ ပထမပိုင်းနဲ့ ဂါနာချို

ဝင်လာပြီးတဲ့နောက် ဒုတိယပိုင်းတို့ ကွဲပြားခြားနားပုံကို တန်ဟတ်က ထောက်ပြသွားခဲ့ပြီး ဖြစ်ကတတ်ဆန်း ကစားနေမယ်ဆိုရင် တည်ငြိမ်မှု အားနည်းနေ မှာပဲလို့ သတိပေးသွားခဲ့ပါတယ်။

‘’ကျွန်တော်တို့အသင်းကစားတဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းက ဘယ်တုန်းကမှ တူမနေခဲ့ဘူး။ ပထမပိုင်းမှာ ပွဲကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ထိန်းချုပ်နိုင်ခဲ့တယ်။

ဘောလုံးပိုင်ဆိုင်မှုတွေလည်း အများကြီး ရခဲ့တယ်။ ဒါပေမဲ့ အမှားတွေ အများကြီး လုပ်တယ်။ အလှည့်အပြောင်းတွေ ကဆိုးတယ်။ ဘောလုံးပေးတာတွေက တလွဲတွေ။

ပေးဖို့ တစ်လှမ်းလေး နောက်ကျလိုက်တာနဲ့ အခွင့်အရေး အများကြီး ဆုံးရှုံးရတာပါပဲ။ ကျွန်တော်တို့ ဖြစ်ကတတ်ဆန်း နိုင်ခဲ့တာပါ။ ထောင့်ကန်ဘောတွေ ပေးခဲ့ရတယ်။

ပထမ ပိုင်းအပြီးမှာတော့ ပိုပြီးဖိကစားဖို့နဲ့ ထိထိရောက်ရောက်လုပ်ဖို့ ကျွန်တော် ပြောခဲ့တယ်။ အဲဒါကို ကျွန်တော့်အသင်းက လိုက်လုပ်နိုင်ခဲ့လို့ ကျွန်တော် ဂုဏ်ယူပါတယ်။

ဒီညတော့ ကျွန်တော် ပျော်ရတယ်’’ လို့ တန်ဟတ်က ဗီလာ ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

မန္ယူဟာ ျဖစ္ကတတ္ဆန္းႏိုင္လြန္းတဲ့ အသင္းျဖစ္ေနတယ္လို႔ တန္ဟတ္ေဝဖန္

ဗီလာကို ၄-၂ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ မန္ယူရဲ႕ ကစားပုံဟာ ျဖတ္ကတတ္ ဆန္းႏိုင္လြန္းၿပီး လက္ရွိေဘာလုံးရာသီမွာအဲဒီလိုမ်ိဳး အခိုက္အတန႔္ေတြ အမ်ားႀကီး ေတြ႕ခဲ့ရတယ္လို႔

မန္ယူနည္းျပ တန္ဟတ္က ေဝဖန္ေထာက္ျပခဲ့ ပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ ပြဲစဥ္မွာ မန္ယူဟာ ပထမပိုင္း ပြဲ ခ်ိန္ တစ္ေလွ်ာက္လုံး ဖိအားႏိုင္တယ္ ဆိုေပမဲ့

ဗီလာရဲ႕ ခံစစ္လိုင္းကို မေက်ာ္ျဖတ္ ႏိုင္ခဲ့သလို ဦးတည္ခ်က္ ေပ်ာက္ဆုံးေနခဲ့ၿပီး အထူးသျဖင့္ ႏွစ္တန္းခံၿပီး ကစား ေနတဲ့ ဗီလာရဲ႕ ခံစစ္ေၾကာင့္

အရာမထင္ခဲ့တဲ့အတြက္ ပထမပိုင္းမွာ ဂိုးမရွိ သေရက်ေနခဲ့ပါတယ္။ ဒုတိယပိုင္းမွာ လူငယ္ကစားသမား ဂါနာခ်ိဳ လူစား ဝင္လာတာက ပြဲကို ပိုၿပီး အသက္ဝင္လာေစခဲ့သလို

မန္ယူကစားပုံလည္း ပိုၿပီး လႈပ္လာခဲ့တာပါ။ ဒီပြဲမွာ ဂါနာခ်ိဳရဲ႕ ပံ့ပိုးမႈေတြက မန္ယူအသင္း ကာရာ ေဘာင္ဖလား စတုတၳအဆင့္ကို တက္ေရာက္ႏိုင္ေရးအတြက္

အဓိက အခန္း က႑ကေန ပါဝင္ခဲ့ၿပီး ဖာနန္ဒက္စ္၊ တြမ္မီေနးတို႔ သြင္းယူတဲ့ ဂိုးေတြကို အသက္ ၁၈ ႏွစ္အ႐ြယ္ ကစားသမားေလးက ဖန္တီးေပးသြားခဲ့တာပဲ ျဖစ္ပါ တယ္။

ဒီပြဲမွာ မန္ယူရဲ႕ ကစားပုံဟာ ဂါနာခ်ိဳ မပါတဲ့ ပထမပိုင္းနဲ႔ ဂါနာခ်ိဳ ဝင္ လာၿပီးတဲ့ေနာက္ ဒုတိယပိုင္းတို႔ ကြဲျပားျခားနားပုံကို တန္ဟတ္က ေထာက္ျပ သြားခဲ့ၿပီး ျဖစ္ကတတ္ဆန္း ကစားေနမယ္ဆိုရင္ တည္ၿငိမ္မႈ

အားနည္းေန မွာပဲလို႔ သတိေပးသြားခဲ့ပါတယ္။ ‘’ကြၽန္ေတာ္တို႔အသင္းကစားတဲ့ ပထမပိုင္းနဲ႔ ဒုတိယပိုင္းက ဘယ္တုန္းကမွ တူမေနခဲ့ဘူး။ ပထမပိုင္းမွာ ပြဲကို

ဖိအားေပး ကစားႏိုင္ခဲ့ၿပီး ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။ ေဘာလုံးပိုင္ဆိုင္မႈေတြလည္း အမ်ားႀကီး ရခဲ့တယ္။ ဒါေပမဲ့ အမွားေတြ အမ်ားႀကီး လုပ္တယ္။ အလွည့္အေျပာင္းေတြ က ဆိုးတယ္။

ေဘာလုံးေပးတာေတြက တလြဲေတြ။ ေပးဖို႔ တစ္လွမ္းေလး ေနာက္က်လိုက္တာနဲ႔ အခြင့္အေရး အမ်ားႀကီး ဆုံးရႈံးရတာပါပဲ။ ကြၽန္ေတာ္ တို႔ ျဖစ္ကတတ္ဆန္း ႏိုင္ခဲ့တာပါ။

ေထာင့္ကန္ေဘာေတြ ေပးခဲ့ရတယ္။ ပထမ ပိုင္းအၿပီးမွာေတာ့ ပိုၿပီးဖိကစားဖို႔နဲ႔ ထိထိေရာက္ေရာက္လုပ္ဖို႔ ကြၽန္ေတာ္ ေျပာခဲ့တယ္။

အဲဒါကို ကြၽန္ေတာ့္အသင္းက လိုက္လုပ္ႏိုင္ခဲ့လို႔ ကြၽန္ေတာ္ ဂုဏ္ယူပါတယ္။ ဒီညေတာ့ ကြၽန္ေတာ္ ေပ်ာ္ရတယ္’’ လို႔ တန္ဟတ္က ဗီလာ ကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။