မန်ယူဟာ ချန်ပီယံလိဂ်မှာ ဖလားရဖို့မဆိုထားနဲ့ အနားတောင် မသီနိုင်ဘူး

အသင်းနောက်ခံလူဟောင်းရီယိုဖာဒီနန်ဟာ ဒီရာသီချန်ပီယံလိဂ်မှာ မန်ယူဗိုလ်စွဲနိုင်မယ့်

အခွင့်အလမ်းကို ပယ်ချလိုက်ပြီး အသင်းကြယ်ပွင့်ဟောင်းတွေဖြစ်ကြတဲ့

ပေါလ်စခိုးနဲ့ အိုဝင်ဟားဂရေ့ဗ်တို့ကလည်း အဓိကပြိုင်ဘက်တွေရဲ့နောက်ကို

မန်ယူရောက်နေရတဲ့အကြောင်းရင်းကို ထင်မြင်ချက်ပေးခဲ့ကြပါတယ်။

မန်ယူဟာ မနေ့ညက အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့

ယှဉ်ပြိုင်ကစားခဲ့ပြီး ဒီရာသီ မတည်ငြိမ်တဲ့ခြေစွမ်းကြောင့် ဘွတ်ကီတွေရဲ့

ရေပန်းစားအသင်းတွေထဲမှာ မပါဝင်ပါဘူး။ ရေပန်းအစားဆုံးအသင်းတွေထဲမှာ

ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူးအပြင် ဘိုင်ယန်မြူးနစ်နဲ့

ပီအက်စ်ဂျီတို့လည်း ပါဝင်နေကြတာပါ။ အခုလည်း မန်ယူဂန္ထဝင်ဟောင်းဖာဒီနန်က

သူ့အသင်းဟောင်းဟာ ဒီရာသီဥရောပမှာ ဗိုလ်စွဲနိုင်မယ့်အခွင့်အရေးမရှိဘူးလို့ ယုံကြည်နေပါတယ်။

မန်ယူဟာ သူတို့ရဲ့ပြိုင်ဘက်တွေနဲ့ယှဉ်လိုက်ရင် အနားမကပ်နိုင်ဘူးလို့ ဖာဒီနန်က အခိုင်အမာဆိုခဲ့တာပါ။

BT Sport ရုပ်သံမှာ ယူနိုက်တက်ဗိုလ်စွဲနိုင်လားလို့ မေးမြန်းခံရတော့ ဖာဒီနန်က

”ရိုးရိုးသားသားပြောရရင် နိုးပါ။ သူတို့ဟာ ပရီးမီးယားလိဂ်မှာလည်း အနားမသီနိုင်ပါဘူး။

ရှုံးထွက်ပြိုင်ပွဲတစ်ခုဖြစ်တယ်ဆိုတာ ဟုတ်ပေမယ့် အနည်းဆုံးတော့ မန်ယူရှေ့မှာ

၃၊ ၄၊ ၅ သင်းရှိနေတာပါ။ အိမ်ကွင်း၊ အဝေးကွင်းနှစ်ခုစလုံးမှာ ခြေစွမ်းတည်ငြိမ်ဖို့ လိုပါတယ်။

ကျွန်တော်တို့ဆီမှာ အဲဒါမျိုးက အမြဲမတွေ့နိုင်ပါဘူး။ ဒါ့အပြင် ပွဲစဉ်တိုင်း ပုံမှန်စွမ်းဆောင်နိုင်မယ့်

ကစားသမား ၁၃၊ ၁၄ ယောက် လိုအပ်ပါတယ်။ မန်ယူမှာက အဲဒီလိုလုံလုံလောက်လောက်ကို

မရှိတာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ဖာဒီနန်ရဲ့ယူနိုက်တက်အသင်းဖော်ဟောင်းဖြစ်တဲ့ ပေါလ်စခိုးကလည်း မန်ယူမှာ ရက်ရှ်ဖို့ဒ်နဲ့

အီလန်ဂါတို့လို လူငယ်ကြယ်ပွင့်တွေ ပိုင်ဆိုင်ထားပေမယ့် ဆုဖလားရနိုင်တဲ့အချိန်ထိ ကြီးကျယ်တဲ့

ကစားသမားတွေအဖြစ် မှတ်မယူသင့်ကြောင်း ဆိုခဲ့ပါတယ်။ နောက်ထပ်မန်ယူအသင်းသားဟောင်း

တစ်ယောက်ဖြစ်တဲ့ အိုဝင်ဟားဂရေ့ဗ်ကလည်း ၅ နှစ်ကြာဖလားလက်မဲ့ဖြစ်မှုရဲ့နောက်ကွယ်မှာ

ယူနိုက်တက်ရဲ့ညံ့ဖျင်းတဲ့ခေါ်ယူအားဖြည့်မှုတွေက အကြောင်းပြချက်တစ်ခုဖြစ်ကြောင်း အခိုင်အမာပြောခဲ့ပါတယ်။
မန်ယူဟာ ဒီရာသီမှာ ဆုဖလားမျှော်လင့်ချက်ဆိုလို့ ချန်ပီယံလိဂ်တစ်ခုသာ ရှိတော့တာပါ။

Zawgyi

မန္ယူဟာ ခ်န္ပီယံလိဂ္မွာ ဖလားရဖို႔မဆိုထားနဲ႔ အနားေတာင္ မသီႏိုင္ဘူး

အသင္းေနာက္ခံလူေဟာင္းရီယိုဖာဒီနန္ဟာ ဒီရာသီခ်န္ပီယံလိဂ္မွာ မန္ယူဗိုလ္စြဲႏိုင္မယ့္

အခြင့္အလမ္းကို ပယ္ခ်လိုက္ၿပီး အသင္းၾကယ္ပြင့္ေဟာင္းေတြျဖစ္ၾကတဲ့

ေပါလ္စခိုးနဲ႔ အိုဝင္ဟားဂေရ႕ဗ္တို႔ကလည္း အဓိကၿပိဳင္ဘက္ေတြရဲ႕ေနာက္ကို

မန္ယူေရာက္ေနရတဲ့အေၾကာင္းရင္းကို ထင္ျမင္ခ်က္ေပးခဲ့ၾကပါတယ္။

 

မန္ယူဟာ မေန႔ညက အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့

ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ဒီရာသီ မတည္ၿငိမ္တဲ့ေျခစြမ္းေၾကာင့္ ဘြတ္ကီေတြရဲ႕

ေရပန္းစားအသင္းေတြထဲမွာ မပါဝင္ပါဘူး။ ေရပန္းအစားဆုံးအသင္းေတြထဲမွာ

ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီးနဲ႔လီဗာပူးအျပင္ ဘိုင္ယန္ျမဴးနစ္နဲ႔

ပီအက္စ္ဂ်ီတို႔လည္း ပါဝင္ေနၾကတာပါ။ အခုလည္း မန္ယူဂႏၴဝင္ေဟာင္းဖာဒီနန္က

သူ႔အသင္းေဟာင္းဟာ ဒီရာသီဥေရာပမွာ ဗိုလ္စြဲႏိုင္မယ့္အခြင့္အေရးမရွိဘူးလို႔ ယုံၾကည္ေနပါတယ္။

မန္ယူဟာ သူတို႔ရဲ႕ၿပိဳင္ဘက္ေတြနဲ႔ယွဥ္လိုက္ရင္ အနားမကပ္ႏိုင္ဘူးလို႔ ဖာဒီနန္က အခိုင္အမာဆိုခဲ့တာပါ။

BT Sport ႐ုပ္သံမွာ ယူႏိုက္တက္ဗိုလ္စြဲႏိုင္လားလို႔ ေမးျမန္းခံရေတာ့ ဖာဒီနန္က

”႐ိုး႐ိုးသားသားေျပာရရင္ ႏိုးပါ။ သူတို႔ဟာ ပရီးမီးယားလိဂ္မွာလည္း အနားမသီႏိုင္ပါဘူး။

ရႈံးထြက္ၿပိဳင္ပြဲတစ္ခုျဖစ္တယ္ဆိုတာ ဟုတ္ေပမယ့္ အနည္းဆုံးေတာ့ မန္ယူေရွ႕မွာ

၃၊ ၄၊ ၅ သင္းရွိေနတာပါ။ အိမ္ကြင္း၊ အေဝးကြင္းႏွစ္ခုစလုံးမွာ ေျခစြမ္းတည္ၿငိမ္ဖို႔ လိုပါတယ္။

ကြၽန္ေတာ္တို႔ဆီမွာ အဲဒါမ်ိဳးက အၿမဲမေတြ႕ႏိုင္ပါဘူး။ ဒါ့အျပင္ ပြဲစဥ္တိုင္း ပုံမွန္စြမ္းေဆာင္ႏိုင္မယ့္

ကစားသမား ၁၃၊ ၁၄ ေယာက္ လိုအပ္ပါတယ္။ မန္ယူမွာက အဲဒီလိုလုံလုံေလာက္ေလာက္ကို

မရွိတာပါ”လို႔ ေျဖၾကားခဲ့ပါတယ္။

ဖာဒီနန္ရဲ႕ယူႏိုက္တက္အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ေပါလ္စခိုးကလည္း မန္ယူမွာ ရက္ရွ္ဖို႔ဒ္နဲ႔

အီလန္ဂါတို႔လို လူငယ္ၾကယ္ပြင့္ေတြ ပိုင္ဆိုင္ထားေပမယ့္ ဆုဖလားရႏိုင္တဲ့အခ်ိန္ထိ ႀကီးက်ယ္တဲ့

ကစားသမားေတြအျဖစ္ မွတ္မယူသင့္ေၾကာင္း ဆိုခဲ့ပါတယ္။ ေနာက္ထပ္မန္ယူအသင္းသားေဟာင္း

တစ္ေယာက္ျဖစ္တဲ့ အိုဝင္ဟားဂေရ႕ဗ္ကလည္း ၅ ႏွစ္ၾကာဖလားလက္မဲ့ျဖစ္မႈရဲ႕ေနာက္ကြယ္မွာ

ယူႏိုက္တက္ရဲ႕ညံ့ဖ်င္းတဲ့ေခၚယူအားျဖည့္မႈေတြက အေၾကာင္းျပခ်က္တစ္ခုျဖစ္ေၾကာင္း အခိုင္အမာေျပာခဲ့ပါတယ္။
မန္ယူဟာ ဒီရာသီမွာ ဆုဖလားေမွ်ာ္လင့္ခ်က္ဆိုလို႔ ခ်န္ပီယံလိဂ္တစ္ခုသာ ရွိေတာ့တာပါ။