မန်ယူသမိုင်းမှာ ကျောနံပါတ် ၇ ဝတ်ဆင်ကစားတဲ့ ကစားသမားတွေက
အစဥ်အဆက်နာမည်ကြီးခဲ့ကြပါတယ်။ ကန်တိုနာမှစကာ ဒေးဗစ်ဘက်ခမ်းအလယ်၊
ရော်နယ်ဒိုအဆုံး မန်ယူရဲ့ ကျောနံပါတ် ၇ အားလုံးဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့
ဂုဏ်ရောင်ကို ပြောင်မြောက်စေနိင်ခဲ့ကြသူတွေပါ။
ကြားကာလတွေအတွင်း ဗလန်စီယာ ၊ အိုဝင်၊ ကာဗာနီတို့က
ကျောနံပါတ် ၇ ကို ဝတ်ဆင်ခဲ့ကြပေမယ့် ထူးထူးခြားခြား လုပ်မပြနိုင်ခဲ့ပါဘူး။
ဒီလိုပဲ မန်ယူသမိုင်းမှာလည်း နံပါတ် ၁၀ ကစားသမားတစ်ဦးက အေရးပါခဲ့ပါတယ်။
နံပါတ် ၁၀ ဆိုရင် ဘောလုံးကျွမ်းကျင်မှုနဲ့ ကစားမယ်၊ ကစားဖော်တွေအတွက်
ဂိုးဖန်တီးပေးမယ်၊ ကိုယ်တိုင်လည်း ဂိုးသွင်းမယ်ဆိုတဲ့
ပုံစံကို အားလုံးက မြင်ယောင်ထားကြတာပါ။
မန်ယူမှာ ကျောနံပါတ် ၁၀ ဝတ်ကစားခဲ့တဲ့ ရွန်နီကတော့ မြင်တွေ့နေကြ
နံပါတ် ၁၀ တွေနဲ့ ကွဲထွက်ကာ ဘောလုံးမှ ဘောလုံး၊
ကျန်တာတွေကို ဂရုမထားဘဲ အရိုးကြေကြေ၊ အရေခမ်းခမ်း၊
အသင်းနိုင်ပွဲရစေဖို့ ကွင်းအတွင်းအာရုံစိုက်ခဲ့တာကြောင့်လည်း
သရဲနီပရိသတ်တွေသာမက ကျန်အသင်းပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့သူပါ။
လတ်တလော မန်ယူမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်ကစားနေတဲ့ ရက်ရှ်ဖို့ဒ်ကတော့
ရွန်နီ မန်ယူအတွက် ကစားပေးခဲ့စဥ္က ကစားပုံမျိုးရဲ့ ၁၀ ပုံပုံ၊ တစ်ပုံတောင် မတွေ့ရပါဘူး။
ရွန်နီဟာ မန်ယူသမိုင်းမှာ ထာဝရအကောင်းဆုံး နံပါတ် ၁၀ အဖြစ်
ရွေးချယ်ခံထားရသူလည်းဖြစ်ပါတယ်။
သူဟာ မန်ယူအတွက် ၃၉၃ ပွဲကစားခဲ့ပြီး ၂၅၃ ဂိုးသွင်းနိုင်ခဲ့သူပါ။
အင်္ဂလန်အတွက်လည်း ၅၃ ဂိုးသွင်းပြီး စံချိန်တင် ဂိုးသွင်းရှင်ဖြစ်ထားပါသေးတယ်။
သရဲနီပရိသတ်တွေအပါအဝင် ကြား ပရိသတ်တွေက မန်ယူအတွက်
နံပါတ် ၁၀ ဝတ်ကစားပေးခဲ့တဲ့ ရွန်နီလိုကစားသမားမျိုးကို မျှော်လင့်နေကြတာပါ။
လတ်တလောမှာ မတွေ့ကြသေးပေမယ့်
ရွန်နီကတော့ သူ့ရဲ့ အစဥ္အလာကြီးခဲ့တဲ့ နံပါတ် ၁၀ ကို လွဲပေးချင်တဲ့
ကစားသမားလေးတစ်ဦးကို ထုတ်ပြောလိုက်ပါတယ်။
မန်ယူ လူငယ်အသင်းမှာ ကစားနေတဲ့ ၁၈ နှစ်သာရှိသေးတဲ့
တိုက်စစ်မှုးလေး ရှိုလာ ရှော်တိုင်းယားဖြစ်ပါတယ်။
ရှိုလာဟာ နိုင်ဂျီးရီးယားဖခင်နဲ့ အင်္ဂလိပ်မိခင်တို့က မွေးဖွားခဲ့သူပါ။
အင်္ဂလန် ယူ-၁၆၊ ၁၈၊ ၁၉ အသင်းတွေအတွက်လည်းကစားပေးထားပါတယ်။
သူ့ကို အင်္ဂလန်ကြီးအတွက် ရွေးချယ်ဖို့လည်း အက်ဖ်အေက
မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။
မန်ချက်စတာမှာ အခြေချတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဖခင်ဖြစ်သူ
အလက်ဇန်းဒါး အူလ်ဝိုးရှော်တိုင်းယားကတော့ သားဖြစ်သူကို
နိုင်ဂျီးရီးယားအတွက်သာ ကစားပေးစေချင်တယ်လို့ ပြောထားဖူးပါတယ်။
တစ်နေ့နေ့မှာ မန်ယူအသင်းကြီးကို နည်းပြအဖြစ် တာဝန်ယူလိုတယ်လို့
တရားဝင်ပြောကြားထားတဲ့ ရွန်နီကတော့ အဘက်ဘက်က ဖိနှိပ်ခံနေရတဲ့
ဒါဘီမှာ သူ့ရဲ့ အရည်အသွေးတွေကို ပြသနေသလို အခြားတစ်ဘက် မှာလည်း
မန်ယူလူငယ်အသင်းက ကစားသမားတွေကိုတောင် လေ့လာထားတဲ့ပုံစံ ပေါ်နေပါတယ်။
ရွန်နီ ညွန်းဆိုထောက်ခံခဲ့တဲ့ ရှိုလာ ရှော်တိုင်းယားကတော့ ၂၀၀၄ ဖေဖော်ဝါရီက
နယူးကာဆယ်မြို့မှာ မွေးဖွားခဲ့သူပါ။ အရပ်အမြင့် ၅ ပေ ၇ လက်မရှိပြီး
ခရစ်ယာန်ကို ကိုးကွယ်သူလို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။
အသက် ၁၇ နစ်ပြည့်ပြီးလို့ ၁ ပတ်ပြည့်ချိန်မှာပဲ
မန်ယူနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် စချုပ်ခဲ့သူပါ။
မန်ယူလူငယ်အသင်းမှာ လက်ရှိ ကျောနံပါတ် ၄၇ ဝတ်ဆင်ကစားနေပါတယ်။
ရှိုလာဟာ အသက် ၁၇ နှစ်နဲ့ ၂၅ နှစ်ကြား ကစားသမားတွေအနက်
Adidas ကပေးတဲ့ ဖိနပ်စပွန်ဆာကြေးကို အမြင့်ဆုံး ရနေသူလည်း ဖြစ်ပါတယ်။
မန်ယူနည်းပြ ရန်းနစ်ခ်ဟာ ဒီရာသီ ယန်းဘိွုင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ
ရှိုလာကို ပွဲချိန် ၆၈ မိနစ်အရောက် လူစားသွင်းကစားပြီး အခွင့်အရေးပေးခဲ့ပါသေးတယ်။ယ်။
zawgyi
မန်ယူသမိုင်းမှာ အရေးပါတဲ့ နံပါတ် ၁၀ ကစားသမားတစ်ဦးကို ဖွင့်ဟလိုက်တဲ့ ရွန်နီ
ဒီလိုပဲ မန်ယူသမိုင်းမှာလည်း နံပါတ် ၁၀ ကစားသမားတစ်ဦးက အရေးပါခဲ့ပါတယ်။
ရွန်နီ မန်ယူအတွက် ကစားပေးခဲ့စဉ္က ကစားပုံမျိုးရဲ့ ၁၀ ပုံပုံ၊ တစ်ပုံတောင် မတွေ့ရပါဘူး။
ရွန်နီကတော့ သူ့ရဲ့ အစဉ်အလာကြီးခဲ့တဲ့ နံပါတ် ၁၀ ကို လွဲပေးချင်တဲ့
မန်ယူနည်းပြ ရန်းနစ်ခ်ဟာ ဒီရာသီ ယန်းဘွိုင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ