မန်ယူရဲ့ ယူ-၂၁ အသင်းနဲ့ပဲ လေ့ကျင့်ခွင့်ရတော့မယ့် စီရော်နယ်ဒို

စပါးနဲ့ပွဲစဉ်က ပရော်ဖက်ရှင်နယ် မပီသတဲ့ အပြုအမူကြောင့် ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ယူနိုက်တက်အသင်း ယူ-၂၁ အသင်းနဲ့ ပဲ လေ့ကျင့်ခွင့်ရတော့မယ်လို့ သိရပါတယ်။

စပါးနဲ့ပွဲစဉ်မှာ နည်းပြတန်ဟတ် ကို အာဏာဖီဆန်ခဲ့တာကြောင့် ကြာသပတေးနေ့မှာ ရော်နယ်ဒိုရဲ့ကိစ္စကို အပြတ်ရှင်းခဲ့တာဖြစ်ပြီး မန်ယူအသင်း တာဝန်ရှိသူ အကြီးအကဲတွေကလည်း

တန်ဟတ်ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ရော်နယ်ဒိုဟာ အခုတစ်ပတ်မှာ ကစားမယ့် ချဲလ်ဆီးနဲ့ ပွဲစဉ်ကို ကစား ခွင့်မပေးဖို့ တန်ဟတ်က ဆုံးဖြတ်ခဲ့သလို တစ်ယောက်တည်း သီးခြားခွဲပြီး လေ့ကျင့်ခန်း ဆင်းခိုင်းဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုလက်ရှိမှာ တော့ စီရော်နယ်ဒိုဟာ ယူ-၂၁ အသင်းနဲ့ပဲ လေ့ကျင့်ခွင့် ရတော့မယ်လို့ သိ ရပါတယ်။ ကွင်းထဲကနေပြီး စီရော်နယ်ဒို ထွက်ခွာသွားတာကို

တန်ဟတ် အနေနဲ့ တားဆီးဖို့ အခွင့်အရေးမျိုး မရှိပေမယ့် အရေးယူဆောင်ရွက်ဖို့တော့ လုပ်ပိုင်ခွင့် ရှိတဲ့အတွက် အေဂျက်ဇ်နည်းပြဟောင်းက အခုလိုမျိုး လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီကိစ္စကို ကြိုးကိုင်တဲ့ နေရာမှာတော့ တန် ဟတ်တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ အသင်းဘုတ်အဖွဲ့ဝင်တွေ၊

အကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေအားလုံး ပါဝင်ပတ်သက်မယ်လို့ Daily Mail က နားလည်ထားပါတယ်။

ဒါပေမဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ ယူ-၂၁ အသင်းနဲ့ ဘယ်အချိန်အထိ လေ့ကျင့်ရမယ်၊ ဘယ်အချိန်ရောက်မှ အသင်းကြီးနဲ့အတူ လေ့ကျင့်ခွင့်ရမယ်ဆိုတာတွေကို အတိအကျ မသိရသေးပါဘူး။

စပါးနဲ့ ပွဲစဉ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စီရော်နယ်ဒိုကတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေတစ်ဆင့် တရားဝင် တောင်းပန်မှု ပြုလုပ်ခဲ့ပြီး ဖြစ်သလို သွေးပူနေတုန်းအခိုက်အတန့်မှာ

လုပ်ဆောင်ခဲ့တဲ့ အပြုအမူမျိုး တစ်ခုသာဖြစ်တယ်လို့ ပြောဆိုထားတာရှိပါတယ်။

(Zawgyi)

မန္ယူရဲ႕ ယူ-၂၁ အသင္းနဲ႔ပဲ ေလ့က်င့္ခြင့္ရေတာ့မယ့္ စီေရာ္နယ္ဒို

စပါးနဲ႔ပြဲစဥ္က ပေရာ္ဖက္ရွင္နယ္ မပီသတဲ့ အျပဳအမူေၾကာင့္ ျပစ္ဒဏ္ေပးတဲ့ အေနနဲ႔ တိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ ယူႏိုက္တက္အသင္း ယူ-၂၁ အသင္းနဲ႔ ပဲ ေလ့က်င့္ခြင့္ရေတာ့မယ္လို႔ သိရပါတယ္။

စပါးနဲ႔ပြဲစဥ္မွာ နည္းျပတန္ဟတ္ ကို အာဏာဖီဆန္ခဲ့တာေၾကာင့္ ၾကာသပေတးေန႔မွာ ေရာ္နယ္ဒိုရဲ႕ကိစၥကို အျပတ္ရွင္းခဲ့တာျဖစ္ၿပီး မန္ယူအသင္း တာဝန္ရွိသူ အႀကီးအကဲေတြကလည္း

တန္ဟတ္ကို လုပ္ပိုင္ခြင့္ အျပည့္ေပးထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

ဒါ ေၾကာင့္ ေရာ္နယ္ဒိုဟာ အခုတစ္ပတ္မွာ ကစားမယ့္ ခ်ဲလ္ဆီးနဲ႔ ပြဲစဥ္ကို ကစား ခြင့္မေပးဖို႔ တန္ဟတ္က ဆုံးျဖတ္ခဲ့သလို တစ္ေယာက္တည္း သီးျခားခြဲၿပီး

ေလ့က်င့္ခန္း ဆင္းခိုင္းဖို႔လည္း ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေပမဲ့ အခုလက္ရွိမွာ ေတာ့ စီေရာ္နယ္ဒိုဟာ ယူ-၂၁ အသင္းနဲ႔ပဲ ေလ့က်င့္ခြင့္ ရေတာ့မယ္လို႔ သိ ရပါတယ္။

ကြင္းထဲကေနၿပီး စီေရာ္နယ္ဒို ထြက္ခြာသြားတာကို တန္ဟတ္ အေနနဲ႔ တားဆီးဖို႔ အခြင့္အေရးမ်ိဳး မရွိေပမယ့္ အေရးယူေဆာင္႐ြက္ဖို႔ေတာ့ လုပ္ပိုင္ခြင့္ ရွိတဲ့အတြက္ ေအဂ်က္ဇ္နည္းျပေဟာင္းက

အခုလိုမ်ိဳး လုပ္ေဆာင္ ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ဒီကိစၥကို ႀကိဳးကိုင္တဲ့ ေနရာမွာေတာ့ တန္ ဟတ္တစ္ေယာက္တည္းရဲ႕ ဆုံးျဖတ္ခ်က္မဟုတ္ဘဲ အသင္းဘုတ္အဖြဲ႕ဝင္ ေတြ၊ အႀကီးအကဲေတြနဲ႔ တာဝန္ရွိသူေတြအားလုံး ပါဝင္ပတ္သက္မယ္လို႔ Daily Mail က နားလည္ထားပါတယ္။

ဒါေပမဲ့ ေပၚတူဂီတိုက္စစ္မႉးဟာ ယူ-၂၁ အသင္းနဲ႔ ဘယ္အခ်ိန္အထိ ေလ့က်င့္ရမယ္၊ ဘယ္အခ်ိန္ေရာက္မွ အသင္းႀကီးနဲ႔အတူ ေလ့က်င့္ခြင့္ရမယ္ဆိုတာေတြကို အတိအက် မသိရေသးပါဘူး။

စပါးနဲ႔ ပြဲစဥ္မွာ ျဖစ္ခဲ့တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး စီေရာ္နယ္ဒိုကေတာ့ သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကေနတစ္ဆင့္ တရားဝင္ ေတာင္းပန္မႈ ျပဳလုပ္ခဲ့ၿပီး ျဖစ္သလို ေသြးပူေနတုန္းအခိုက္အတန႔္မွာ လုပ္ေဆာင္ခဲ့တဲ့ အျပဳအမူမ်ိဳး တစ္ခုသာျဖစ္တယ္လို႔ ေျပာဆိုထားတာရွိပါတယ္။