မန်ယူရဲ့ ပယောဂကြောင့် အိုမိုနီယာနည်းပြလည်း ရာထူးကပြုတ်ပြီ

အင်္ဂါညက ကစားခဲ့တဲ့ ပွဲစဉ်မှာ နီယာဆာလာမစ်အသင်းကို ၁-၀ ဂိုးနဲ့ ရှုံး နိမ့်တဲ့ပွဲစဉ်အပြီးမှာတော့ အိုမိုနီယာဟာ နည်းပြ နေးလ်လင်နွန်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

ဆိုက်ပရပ်စ်ကလပ်ဟာ လက်ရှိ ပြည်တွင်း ပြိုင်ပွဲ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာကို ရောက်နေပြီး ရလဒ်ဆိုးတွေ ဆက်တိုက်ကြုံခဲ့ရတာဖြစ်လို့ အသင်းက အခုလိုမျိုး ဆုံးဖြတ်ချက် ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း မန်ယူကို ရှုံးခဲ့တဲ့ အိုမိုနီယာဟာ အခုကြားရက် ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ရှုံးပွဲ ထပ်ပြီး ကြုံရတာဖြစ်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ယူနဲ့ပွဲစဉ် မှာ အိုမိုနီယာဟာ ဂိုးသမား အူဇိုဟိုရဲ့ လက်စွမ်းပြမှုတွေကြောင့် သရေတစ်မှတ်ရမလို ဖြစ်ခဲ့ပေမယ့် ယူနိုက်တက်ကစားသမား တွမ်မီနေးရဲ့ နာကျင် အချိန်ပိုသွင်းဂိုးကြောင့် အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

နည်းပြလင်နွန်ဟာ အရည်အသွေးရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဆဲလ်တစ်အသင်းနဲ့ကို တာဝန်ယူတဲ့အချိန်တုန်းက လိဂ်ပြိုင်ပွဲ ချန်ပီယံ ၂ ကြိမ် အပါအဝင် အဓိက ဆုဖလား ၁၀ ကြိမ်အထိ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

‘’ကျွန် တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အဆုံးသတ်ဖို့အတွက် နည်းပြ နေးလ်လင်နွန်နဲ့ သဘောတူညီမှု ရခဲ့ပြီလို့ ကျွန်တော်တို့ သတင်းစကား ပါးလိုပါတယ်။

ကံမကောင်းစွာနဲ့ပဲ အမှတ်ပေးပြိုင်ပွဲမှာ ရမှတ်တွေ ဆုံးရှုံးနေရမှု တွေနဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေဟာ အခုလို လမ်းခွဲရခြင်းရဲ့ အဓိက အကြောင်းအရင်းပဲ ဖြစ်ပါတယ်။

မစ္စတာလင်နွန်ဟာ အိုမိုနီယာရဲ့ သမိုင်းမှာ သူ့နာမည်ကို ရေးထိုးခဲ့ပြီးပါပြီ။ ကျွန်တော်တို့အားလုံးရဲ့ လေးစားမှု၊ အသိ အမှတ်ပြုမှုတွေအားလုံးနဲ့ ထိုက်တန်သူတစ်ယောက်ဖြစ်ပါတယ်။

သူနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေအားလုံးကို အမှတ်ရနေမှာ ဖြစ်ပါတယ်’’ လို့ အိုမို နီယာ အသင်းက တရားဝင် ဝက်ဘ်ဆိုက်ကတစ်ဆင့် ကြေညာသွားခဲ့ပါ တယ်။

(Zawgyi)

(86) မန္ယူရဲ႕ ပေယာဂေၾကာင့္ အိုမိုနီယာနည္းျပလည္း ရာထူးကျပဳတ္ၿပီ
======================

အဂၤါညက ကစားခဲ့တဲ့ ပြဲစဥ္မွာ နီယာ ဆာလာမစ္အသင္းကို ၁-၀ ဂိုးနဲ႔ ရႈံး နိမ့္တဲ့ပြဲစဥ္အၿပီးမွာေတာ့ အိုမိုနီယာဟာ နည္းျပ ေနးလ္လင္ႏြန္ကို ရာထူးက ေန ထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။

ဆိုက္ပရပ္စ္ကလပ္ဟာ လက္ရွိ ျပည္တြင္း ၿပိဳင္ပြဲ အမွတ္ေပးဇယားရဲ႕ အဆင့္ ၇ ေနရာကို ေရာက္ေနၿပီး ရလဒ္ဆိုးေတြ ဆက္တိုက္ႀကဳံခဲ့ရတာျဖစ္လို႔ အသင္းက အခုလိုမ်ိဳး ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့ တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္က ကစားခဲ့တဲ့ ပြဲစဥ္မွာလည္း မန္ယူ ကို ရႈံးခဲ့တဲ့ အိုမိုနီယာဟာ အခု ၾကားရက္ ကစားခဲ့တဲ့ ပြဲစဥ္မွာလည္း ရႈံးပြဲ ထပ္ၿပီး ႀကဳံရတာျဖစ္ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ မန္ယူနဲ႔ပြဲစဥ္ မွာ အိုမိုနီယာဟာ ဂိုးသမား အူဇိုဟိုရဲ႕ လက္စြမ္းျပမႈေတြေၾကာင့္ သေရတစ္ မွတ္ရမလို ျဖစ္ခဲ့ေပမယ့္ ယူႏိုက္တက္ကစားသမား တြမ္မီေနးရဲ႕ နာက်င္ အ အခ်ိန္ပိုသြင္းဂိုးေၾကာင့္ အရႈွုံးေပးခဲ့ရတာျဖစ္ပါတယ္။

နည္းျပလင္ႏြန္ဟာ အရည္အေသြးရွိတဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး ဆဲလ္တစ္အသင္းနဲ႔ကို တာဝန္ယူတဲ့အခ်ိန္တုန္းက လိဂ္ၿပိဳင္ပြဲ ခ်န္ပီယံ ၂ ႀကိမ္ အပါအဝင္ အဓိက ဆုဖလား ၁၀ ႀကိမ္အထိ ဆြတ္ခူးေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

‘’ကြၽန္ ေတာ္တို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈေတြကို အဆုံးသတ္ဖို႔အတြက္ နည္းျပ ေနးလ္လင္ႏြန္နဲ႔ သေဘာတူညီမႈ ရခဲ့ၿပီလို႔ ကြၽန္ေတာ္တို႔ သတင္းစကား ပါး လိုပါတယ္။

ကံမေကာင္းစြာနဲ႔ပဲ အမွတ္ေပးၿပိဳင္ပြဲမွာ ရမွတ္ေတြ ဆုံးရႈံးေနရမႈ ေတြနဲ႔ ေျခစြမ္းပိုင္း မတည္ၿငိမ္မႈေတြဟာ အခုလို လမ္းခြဲရျခင္းရဲ႕ အဓိက အေၾကာင္းအရင္းပဲ ျဖစ္ပါတယ္။

မစၥတာလင္ႏြန္ဟာ အိုမိုနီယာရဲ႕ သမိုင္းမွာ သူ႔နာမည္ကို ေရးထိုးခဲ့ၿပီးပါၿပီ။

ကြၽန္ေတာ္တို႔အားလုံးရဲ႕ ေလးစားမႈ၊ အသိ အမွတ္ျပဳမႈေတြအားလုံးနဲ႔ ထိုက္တန္သူတစ္ေယာက္ျဖစ္ပါတယ္။ သူနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္မႈေတြအားလုံးကို အမွတ္ရေနမွာ ျဖစ္ပါတယ္’’ လို႔ အိုမို နီယာ အသင္းက တရားဝင္ ဝက္ဘ္ဆိုက္ကတစ္ဆင့္ ေၾကညာသြားခဲ့ပါ တယ္။