မန်ယူရဲ့ကမ်းလှမ်းမှုကို လက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့  ပိုချက်တီနို

ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနို ဟာပရီးမီးယားလိဂ်ကိုပြန်သွားပြီး

မန်ယူအသင်းကိုတာဝန်ယူဖို့သဘောတူညီထားပြီးဖြစ်တယ်လို့

ပြင်သစ်ဂျာနယ်လစ်တစ်ဦးက ဆိုခဲ့ပါတယ်။

ဒီဂျာနယ်လစ်နာမည်က ဒိုမင်နစ်ခ်ဆီဗာရက် ဖြစ်ပြီး

ပြင်သစ်သတင်းစာတစ်စောင်ဖြစ်တဲ့ La Chaîne L’Équipe မှာ

အတည်ပြုဖော်ပြခဲ့တာပါ။

အာဂျင်တီးနားနည်းပြဖြစ်တဲ့ ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းက

နာမည်ကျော်ကစားသမားတွေရဲ့အတ္တပြိုင်ဆိုင်မှုနဲ့ ကလပ်ဘုတ်အဖွဲ့ဝင်အချို့နဲ့

အဆင်မပြေဖြစ်မှုတွေကြောင့် မပျော်ဘဲဖြစ်နေတာပါ။

ကလပ်ဘက်ကလည်း သူတို့ဆီမှာ မက်ဆီ၊ ဘာပေ နဲ့ နေမာ တို့လို

ကစားသမားတွေရှိရဲ့နဲ့ ပီအက်စ်ဂျီက ထင်သလောက်

ဖြစ်မလာသေးတာကို သဘောမကျဖြစ်နေပြီး

သူ့နေရာမှာ ဇီဒန်းနဲ့အစားထိုးမယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေပါတယ်။

ဒါကြောင့်လည်း ပိုချက်တီနိုဟာ မန်ယူရဲ့ကမ်းလှမ်းမှုကို

လက်သင့်ခံလိုက်တာဖြစ်ပြီး လာမယ့်ရာသီမှာစတင်တာဝန်ယူဖို့

သဘောတူညီလိုက်တာဖြစ်ပြီး သူတို့ကြားမှာအပြီးသတ်

သဘောတူညီချက်ရဖို့အရမ်းကိုနီးစပ်နေပြီလို့လည်းသိရပါတယ်။

မန်ယူဟာပြီးခဲ့တဲ့ နိုဝင်ဘာလက ဆိုးလ်ရှားကိုထုတ်ပယ်ပြီးနောက်

ပိုချက်တီနိုကိုခေါ်ဖို့ကမ်းလှမ်းခဲ့ပေမယ့် မရခဲ့လို့ ရန်းနစ်ခ်ကို

ယာယီနည်းပြအဖြစ်ရာသီကုန်ချိန်အထိခန့်အပ်ထားတာဖြစ်ပါတယ်။

ဆီဗာရက်က” ရာသီမကုန်မချင်းတော့

ပိုချက်တီနိုဘက်က ဘာကိုမှပြောနိုင်ဦးမှာမဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်တော့်အတွက်တော့ သူတို့ကြားမှာ

အပြီးသတ်သဘောတူညီချက်ရလုနီးပါးဖြစ်နေပါပြီ။

ကျွန်တော်ပြောနိုင်တာကို ပြောပါမယ်။

မန်ယူက ပိုချက်တီနိုကိုစိတ်ဝင်စားနေပြီး သူကလည်းသွားလိုနေလို့

သဘောတူညီချက်ရဖို့မဝေးတော့ပါဘူး”လို့ဆိုသွားတာပါ။

အသက် ၄၉ နှစ်ရှိတဲ့ပိုချက်တီနိုကလည်း ပီအက်စ်ဂျီဘက်က

ဇီဒန်းကိုခေါ်ယူလိုနေတာကို သိရှိထားတဲ့အတွက်မန်ယူရဲ့ကမ်းလှမ်းမှုကို

လက်ခံဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။

ပီအက်စ်ဂျီပိုင်ရှင် အယ်ခီလိုင်ဖီ ဟာဇီဒန်းတစ်ယောက်

ရီးရဲလ်မက်ဒရစ်ကိုချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက်ရယူပေးခဲ့တာကို

အရမ်းသဘောကျနေလို့ ဒီပြင်သစ်သားကို ခေါ်ယူဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

zawgyi

မန္ယူရဲ႕ကမ္းလွမ္းမႈကို လက္ခံဖို႔ ဆုံးျဖတ္လိုက္တဲ့  ပိုခ်က္တီႏို

ပီအက္စ္ဂ်ီအသင္းနည္းျပ ပိုခ်က္တီႏို ဟာပရီးမီးယားလိဂ္ကိုျပန္သြားၿပီး

မန္ယူအသင္းကိုတာဝန္ယူဖို႔သေဘာတူညီထားၿပီးျဖစ္တယ္လို႔

ျပင္သစ္ဂ်ာနယ္လစ္တစ္ဦးက ဆိုခဲ့ပါတယ္။

ဒီဂ်ာနယ္လစ္နာမည္က ဒိုမင္နစ္ခ္ဆီဗာရက္ ျဖစ္ၿပီး

ျပင္သစ္သတင္းစာတစ္ေစာင္ျဖစ္တဲ့ La Chaîne L’Équipe မွ

ာအတည္ျပဳေဖာ္ျပခဲ့တာပါ။

အာဂ်င္တီးနားနည္းျပျဖစ္တဲ့ ပိုခ်က္တီႏိုဟာ ပီအက္စ္ဂ်ီအသင္းက

နာမည္ေက်ာ္ကစားသမားေတြရဲ႕အတၱၿပိဳင္ဆိုင္မႈနဲ႔ ကလပ္ဘုတ္အဖြဲ႕ဝင္အခ်ိဳ႕နဲ႔

အဆင္မေျပျဖစ္မႈေတြေၾကာင့္ မေပ်ာ္ဘဲျဖစ္ေနတာပါ။

ကလပ္ဘက္ကလည္း သူတို႔ဆီမွာ မက္ဆီ၊ ဘာေပ နဲ႔ ေနမာ တို႔လို

ကစားသမားေတြရွိရဲ႕နဲ႔ ပီအက္စ္ဂ်ီက ထင္သေလာက္

ျဖစ္မလာေသးတာကို သေဘာမက်ျဖစ္ေနၿပီး

သူ႔ေနရာမွာ ဇီဒန္းနဲ႔အစားထိုးမယ္ဆိုတဲ့ သတင္းေတြလည္းထြက္ေနပါတယ္။

ဒါေၾကာင့္လည္း ပိုခ်က္တီႏိုဟာ မန္ယူရဲ႕ကမ္းလွမ္းမႈကို

လက္သင့္ခံလိုက္တာျဖစ္ၿပီး လာမယ့္ရာသီမွာစတင္တာဝန္ယူဖို႔

သေဘာတူညီလိုက္တာျဖစ္ၿပီး သူတို႔ၾကားမွာအၿပီးသတ္

သေဘာတူညီခ်က္ရဖို႔အရမ္းကိုနီးစပ္ေနၿပီလို႔လည္းသိရပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့ ႏိုဝင္ဘာလက ဆိုးလ္ရွားကိုထုတ္ပယ္ၿပီးေနာက္

ပိုခ်က္တီႏိုကိုေခၚဖို႔ကမ္းလွမ္းခဲ့ေပမယ့္ မရခဲ့လို႔ ရန္းနစ္ခ္ကို

ယာယီနည္းျပအျဖစ္ရာသီကုန္ခ်ိန္အထိခန႔္အပ္ထားတာျဖစ္ပါတယ္။

ဆီဗာရက္က” ရာသီမကုန္မခ်င္းေတာ့

ပိုခ်က္တီႏိုဘက္က ဘာကိုမွေျပာႏိုင္ဦးမွာမဟုတ္ပါဘူး။

ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ သူတို႔ၾကားမွာ

အၿပီးသတ္သေဘာတူညီခ်က္ရလုနီးပါးျဖစ္ေနပါၿပီ။

ကြၽန္ေတာ္ေျပာႏိုင္တာကို ေျပာပါမယ္။

မန္ယူက ပိုခ်က္တီႏိုကိုစိတ္ဝင္စားေနၿပီး သူကလည္းသြားလိုေနလို႔

သေဘာတူညီခ်က္ရဖို႔မေဝးေတာ့ပါဘူး”လို႔ဆိုသြားတာပါ။

အသက္ ၄၉ ႏွစ္ရွိတဲ့ပိုခ်က္တီႏိုကလည္း ပီအက္စ္ဂ်ီဘက္က

ဇီဒန္းကိုေခၚယူလိုေနတာကို သိရွိထားတဲ့အတြက္မန္ယူရဲ႕ကမ္းလွမ္းမႈကို

လက္ခံဖို႔ ဆုံးျဖတ္လိုက္တာျဖစ္တယ္လို႔လည္းသိရပါတယ္။

ပီအက္စ္ဂ်ီပိုင္ရွင္ အယ္ခီလိုင္ဖီ ဟာဇီဒန္းတစ္ေယာက္

ရီးရဲလ္မက္ဒရစ္ကိုခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္ဆက္ရယူေပးခဲ့တာကို

အရမ္းသေဘာက်ေနလို႔ ဒီျပင္သစ္သားကို ေခၚယူဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။