မန်ယူမှာ ဒီဂီယာလည်း စိတ်အေးလက်အေးနေလို့မရတော့ဘူး

မန်ယူမှာ ရှေ့ လယ် နောက် နေရာစုံ ကစားသမားတွေအပြိုင်ဖြစ်လာပြီလို့ဆိုရပါမယ်။ အေဂျက်တိုက်စစ်မှူး အန်တိုနီ ကိုခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီးနောက် နယူးကာဆယ်ဂိုးသမား ဒက်ဘရော့ဗ်ကာကိုလည်း

အငှားနဲ့ ခေါ်ယူဖို့သဘောညီမှုရသွားခဲ့ပြီဖြစ်ပါတယ်။ မန်ယူဟာ ဒက်ဘရော့ဗ်ကာကို တစ်ရာသီအငှားနဲ့ခေါ်ခဲ့တာဖြစ်ပြီး ရာသီအကုန်မှာ ပေါင် ၆ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခွင့်လည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် နည်းပြ တန်ဟတ်အနေနဲ့ ဘာကာကွင်းလွယ်လူ ဒီဂျောင်ကလွဲပြီး သူခေါ်ချင်တဲ့ကစားသမားနေရာစုံအတွက်အားလုံးနီးပါး ခေါ်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ အဲဒါကြောင့် နောက်ထပ်ကစားသမားသစ်ခေါ်ယူမယ့်

အခြေအနေလည်းမရှိ လောက်တော့ပါဘူး။ ဒက်ဘရော့ဗ်ကာ ရောက်လာမှုဟာ ရာသီအစမှာ အမှားများခဲ့တဲ့ အဓိကဂိုးသမား ဒီဂီယာ အတွက် သတိပေးမှုလည်းဖြစ်ခဲ့ပါတယ်။

ဒါဟာ နည်းပြ တန်ဟတ်လိုချင်တဲ့အခြေအနေဖြစ်ပြီး မန်ယူ ကစား သမားအားလုံး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။ ဒက်ဘရော့ဗ်ကာဟာ

နယူးကာဆယ်ရဲ့ဦးစားပေးဂိုးသမားအဖြစ် အခိုင်အမာရပ်တည်နိုင်ခဲ့သူဖြစ်ပြီး မကြာခင်ကမှ ပရီးမီးယားလိဂ် အကောင်းဆုံးဂိုးသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လာခဲ့တာပါ။ နယူးကာဆယ်အတွက်ပြိုင်ပွဲစုံ

၁၃၀ ကစားပေးထားပြီး ၃၇ပွဲ ဂိုးမပေးရအောင်စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်တယ်။ လက်ရှိမှာ စီရော်နယ်ဒိုအပြောင်း အရွှေ့နဲ့ပတ်သက်ပြီး သတင်းတွေမျိုးစုံထွက်နေပေမယ့် တရားဝင်ကမ်းလှမ်းလာတဲ့အသင်းတော့မရှိသေးပါဘူး။

(zawgyi)

မန္ယူမွာ ေရွ႕ လယ္ ေနာက္ ေနရာစုံ ကစားသမားေတြအၿပိဳင္ျဖစ္လာၿပီလို႔ဆိုရပါမယ္။ ေအဂ်က္တိုက္စစ္မႉး အန္တိုနီ ကိုေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီးေနာက္ နယူးကာဆယ္ဂိုးသမား ဒက္ဘေရာ့ဗ္ကာကိုလည္း

အငွားနဲ႔ ေခၚယူဖို႔သေဘာညီမႈရသြားခဲ့ၿပီျဖစ္ပါတယ္။ မန္ယူဟာ ဒက္ဘေရာ့ဗ္ကာကို တစ္ရာသီအငွားနဲ႔ေခၚခဲ့တာျဖစ္ၿပီး ရာသီအကုန္မွာ ေပါင္ ၆ သန္းနဲ႔ အၿပီးသတ္ေခၚယူႏိုင္ခြင့္လည္း ပါဝင္ေနခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ နည္းျပ တန္ဟတ္အေနနဲ႔ ဘာကာကြင္းလြယ္လူ ဒီေဂ်ာင္ကလြဲၿပီး သူေခၚခ်င္တဲ့ကစားသမားေနရာစုံအတြက္အားလုံးနီးပါး ေခၚထားႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။ အဲဒါေၾကာင့္ ေနာက္ထပ္ကစားသမားသစ္ေခၚယူမယ့္

အေျခအေနလည္းမရွိ ေလာက္ေတာ့ပါဘူး။ ဒက္ဘေရာ့ဗ္ကာ ေရာက္လာမႈဟာ ရာသီအစမွာ အမွားမ်ားခဲ့တဲ့ အဓိကဂိုးသမား ဒီဂီယာ အတြက္ သတိေပးမႈလည္းျဖစ္ခဲ့ပါတယ္။

ဒါဟာ နည္းျပ တန္ဟတ္လိုခ်င္တဲ့အေျခအေနျဖစ္ၿပီး မန္ယူ ကစား သမားအားလုံး ပြဲထြက္ခြင့္အတြက္ တိုက္ပြဲဝင္သြားရမယ့္ အေျခအေနမ်ိဳးျဖစ္ပါတယ္။ ဒက္ဘေရာ့ဗ္ကာဟာ နယူးကာဆယ္ရဲ႕ဦးစားေပးဂိုးသမားအျဖစ္

အခိုင္အမာရပ္တည္ႏိုင္ခဲ့သူျဖစ္ၿပီး မၾကာခင္ကမွ ပရီးမီးယားလိဂ္ အေကာင္းဆုံးဂိုးသမားေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္လာခဲ့တာပါ။ နယူးကာဆယ္အတြက္ၿပိဳင္ပြဲစုံ ၁၃၀ ကစားေပးထားၿပီး

၃၇ပြဲ ဂိုးမေပးရေအာင္စြမ္းေဆာင္ထားႏိုင္ခဲ့တာျဖစ္တယ္။ လက္ရွိမွာ စီေရာ္နယ္ဒိုအေျပာင္း အေ႐ႊ႕နဲ႔ပတ္သက္ၿပီး သတင္းေတြမ်ိဳးစုံထြက္ေနေပမယ့္ တရားဝင္ကမ္းလွမ္းလာတဲ့အသင္းေတာ့မရွိေသးပါဘူး။