မန်ယူမှာကစားချင်ရင် အင်္ဂလိပ်စကားလေးတော့ သင်ထားဦးပေါ့ ကက်စ်မီရို

ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေဟာ နယ်မြေသစ်တစ်ခုကို ရောက်တဲ့အခါ ဓလေ့စရိုက်အသစ်တွေ၊ ယဉ်ကျေးမှုအသစ်တွေ၊ နေထိုင်မှု ပုံစံအသစ်တွေ၊ ဘာသာစကားအသစ်တွေနဲ့ ကြုံရစမြဲပါ။ ဒီလို အခြေအနေမျိုး မှာ မိခင်ဘာသာစကားကလွဲပြီး ကျန်တဲ့

ဘယ်လိုမျိုး ဘာသာစကားကိုမှ မပြောနိုင်သူတွေအဖို့တော့ အတော်လေးကို အခက်အခဲရှိပါတယ်။ ဒီအခက် အခဲကို လက်တွေ့ကျကျ ကြုံနေရသူကတော့ မန်ယူကို ပြောင်းရွှေ့ရောက်ရှိ လာပြီဖြစ်တဲ့ ကွင်းလယ်လူ ကက်စ်မီရိုပါပဲ။

ကလပ်အသင်း ဝက်ဘ်ဆိုက်အတွက် ပထမဆုံး ပြုလုပ်ရတဲ့ အင်တာဗျူးမှာ အင်္ဂလိပ်လို မပြောနိုင်တဲ့အတွက် တွေ့ဆုံမေးမြန်းသူ အန်ဒီမစ်တန်နဲ့ ပရိသတ်တွေအားလုံးကို တောင်းပန်တဲ့အကြောင်း ကက်စ်မီရိုက ပြောဆိုခဲ့ပါတယ်။

‘’ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ မိန်းမက အင်္ဂလိပ်လို ပြောတတ်ပါတယ်။ ကျွန်တော့်မှာ ခုနစ် နှစ်အရွယ် သမီးတစ်ယောက်နဲ့ တစ်နှစ်အရွယ် သားလေးတစ်ယောက် ရှိပါတယ်။ သူတို့ကတော့ ကျွန်တော့်ထက်စာရင် အင်္ဂလိပ်လို နည်းနည်းပါးပါး ပိုပြောတတ်ပါတယ်။ အင်္ဂလိပ်လို မပြောနိုင်တဲ့အတွက် ခင်ဗျားနဲ့ မန်ယူအ သင်းပရိသတ်အားလုံးကို ကျွန်တော် တောင်းပန်ပါတယ်။

ဒါပေမဲ့ ကျွန်တော် လေ့လာသင်ယူချင်ပါတယ်။ အင်္ဂလိပ်ယဉ်ကျေးမှုကို လေ့လာနိုင်ဖို့အတွက် ကျွန်တော် တတ်နိုင်သမျှ ချက်ချင်းဆိုသလို သင်ယူမှု ပြုလုပ်ချင်ပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ အသင်းဖော်တွေ၊ အသင်းဝန်ထမ်း အားလုံးကို စကားပြောနိုင်ဖို့ အင်္ဂလိပ်စကား သင်ယူချင်ပြီး သူတို့ထဲမှာ ကျွန် တော်လည်း တစ်ယောက် ပါဝင်နေပြီဆိုတာကို ပြသချင်ပါတယ်’’ လို့

ကက်စ် မီရိုက မန်ယူအသင်းနဲ့ ပထမဆုံး အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ မန်ယူနဲ့ အတူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးချင်ပြီး အောင်မြင်မှုတွေ ရယူဖို့ စိတ် ပိုင်းဖြတ်ထားတယ်လို့ ကက်စ်မီရိုက ထုတ်ပြောခဲ့ပြီးဖြစ်ပေမယ့် အင်္ဂလန်ကို လာပြီး အင်္ဂလိပ်စကားလေးတောင်မှ

မပြောနိုင်တဲ့ ကစားသမားတစ်ယောက် အဖို့ အသင်းနဲ့အတူ အသားကျဖို့နဲ့ အောင်မြင်မှုတွေ ရဖို့ဆိုတာက တကယ့် မြေပြင်အနေအထားမှာတော့ အခက်အခဲတွေ အများကြီး ရှိလာနိုင်တယ်လို့ ပြောရတော့မှာပဲ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ ကက်စ်မီရိုဟာ မန်ယူ အသင်းနဲ့ အထိုင်ကျဖို့အတွက် ပြင်ဆင်မှုတွေ သေချာလုပ်ခဲ့ပုံတော့ မရပါဘူး။ ဒါကြောင့် အရည်အသွေးမြင့် ထိပ်တန်းကစားသမား လိုအပ်ချက် ရှိနေတဲ့ မန်ယူဆီကို ရီးရဲလ်က လက်ပူတိုက် ဂျင်းထည့်ပြီး ရောင်းလိုက်တာလား ဆိုတာကတော့ မြက်ခင်းစိမ်းပေါ်ရောက်လာတော့မယ့် ကက်စ်မီရိုရဲ့ ဇာတ်ဝင်ခန်းတွေကိုသာ စောင့်ကြည့်ရပါတော့မယ်။

(zawgyi)

ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားေတြဟာ နယ္ေျမသစ္တစ္ခုကို ေရာက္တဲ့အခါ ဓေလ့စ႐ိုက္အသစ္ေတြ၊ ယဥ္ေက်းမႈအသစ္ေတြ၊ ေနထိုင္မႈ ပုံစံအသစ္ေတြ၊ ဘာသာစကားအသစ္ေတြနဲ႔ ႀကဳံရစၿမဲပါ။ ဒီလို အေျခအေနမ်ိဳး မွာ မိခင္ဘာသာစကားကလြဲၿပီး က်န္တဲ့ ဘယ္လိုမ်ိဳး ဘာသာစကားကိုမွ မေျပာႏိုင္သူေတြအဖို႔ေတာ့ အေတာ္ေလးကို အခက္အခဲရွိပါတယ္။

ဒီအခက္ အခဲကို လက္ေတြ႕က်က် ႀကဳံေနရသူကေတာ့ မန္ယူကို ေျပာင္းေ႐ႊ႕ေရာက္ရွိ လာၿပီျဖစ္တဲ့ ကြင္းလယ္လူ ကက္စ္မီ႐ိုပါပဲ။ ကလပ္အသင္း ဝက္ဘ္ဆိုက္အတြက္ ပထမဆုံး ျပဳလုပ္ရတဲ့ အင္တာဗ်ဴးမွာ အဂၤလိပ္လို မေျပာႏိုင္တဲ့အတြက္ ေတြ႕ဆုံေမးျမန္းသူ

အန္ဒီမစ္တန္နဲ႔ ပရိသတ္ေတြအားလုံးကို ေတာင္းပန္တဲ့အေၾကာင္း ကက္စ္မီ႐ိုက ေျပာဆိုခဲ့ပါတယ္။ ‘’ဟုတ္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ မိန္းမက အဂၤလိပ္လို ေျပာတတ္ပါတယ္။ ကြၽန္ေတာ့္မွာ ခုနစ္ ႏွစ္အ႐ြယ္ သမီးတစ္ေယာက္နဲ႔ တစ္ႏွစ္အ႐ြယ္ သားေလးတစ္ေယာက္

ရွိပါတယ္။ သူတို႔ကေတာ့ ကြၽန္ေတာ့္ထက္စာရင္ အဂၤလိပ္လို နည္းနည္းပါးပါး ပိုေျပာတတ္ပါတယ္။ အဂၤလိပ္လို မေျပာႏိုင္တဲ့အတြက္ ခင္ဗ်ားနဲ႔ မန္ယူအ သင္းပရိသတ္အားလုံးကို ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ ေလ့လာသင္ယူခ်င္ပါတယ္။

အဂၤလိပ္ယဥ္ေက်းမႈကို ေလ့လာႏိုင္ဖို႔အတြက္ ကြၽန္ေတာ္ တတ္ႏိုင္သမွ် ခ်က္ခ်င္းဆိုသလို သင္ယူမႈ ျပဳလုပ္ခ်င္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ မိတ္ေဆြသူငယ္ခ်င္းေတြ၊ အသင္းေဖာ္ေတြ၊ အသင္းဝန္ထမ္း အားလုံးကို စကားေျပာႏိုင္ဖို႔ အဂၤလိပ္စကား သင္ယူခ်င္ၿပီး

သူတို႔ထဲမွာ ကြၽန္ ေတာ္လည္း တစ္ေယာက္ ပါဝင္ေနၿပီဆိုတာကို ျပသခ်င္ပါတယ္’’ လို႔ ကက္စ္ မီ႐ိုက မန္ယူအသင္းနဲ႔ ပထမဆုံး အင္တာဗ်ဴးမွာ ေျပာဆိုခဲ့ပါတယ္။ မန္ယူနဲ႔ အတူ ပရီးမီးယားလိဂ္ဖလား ဆြတ္ခူးခ်င္ၿပီး ေအာင္ျမင္မႈေတြ ရယူဖို႔ စိတ္ ပိုင္းျဖတ္ထားတယ္လို႔ ကက္စ္မီ႐ိုက ထုတ္ေျပာခဲ့ၿပီးျဖစ္ေပမယ့္

အဂၤလန္ကို လာၿပီး အဂၤလိပ္စကားေလးေတာင္မွ မေျပာႏိုင္တဲ့ ကစားသမားတစ္ေယာက္ အဖို႔ အသင္းနဲ႔အတူ အသားက်ဖို႔နဲ႔ ေအာင္ျမင္မႈေတြ ရဖို႔ဆိုတာက တကယ့္ ေျမျပင္အေနအထားမွာေတာ့ အခက္အခဲေတြ အမ်ားႀကီး ရွိလာႏိုင္တယ္လို႔ ေျပာရေတာ့မွာပဲ ျဖစ္ပါတယ္။ လက္ရွိအေျခအေနအရ ကက္စ္မီ႐ိုဟာ

မန္ယူ အသင္းနဲ႔ အထိုင္က်ဖို႔အတြက္ ျပင္ဆင္မႈေတြ ေသခ်ာလုပ္ခဲ့ပုံေတာ့ မရပါဘူး။ ဒါေၾကာင့္ အရည္အေသြးျမင့္ ထိပ္တန္းကစားသမား လိုအပ္ခ်က္ ရွိေနတဲ့ မန္ယူဆီကို ရီးရဲလ္က လက္ပူတိုက္ ဂ်င္းထည့္ၿပီး ေရာင္းလိုက္တာလား ဆိုတာကေတာ့ ျမက္ခင္းစိမ္းေပၚေရာက္လာေတာ့မယ့္ ကက္စ္မီ႐ိုရဲ႕ ဇာတ္ဝင္ခန္းေတြကိုသာ ေစာင့္ၾကည့္ရပါေတာ့မယ္။