မန်ယူဖန်တွေကို နားရွက် တံတွေးဆွတ်လိုက်တဲ့ အလန်ရှီးယား

ပရီးမီးယားလိဂ် ပွဲစဉ် – ၁၄ နဲ့ ပတ်သက်ပြီး ဘောလုံးရေးရာ ဝေဖန်သုံးသပ် သူတစ်ယောက်ဖြစ်တဲ့ အလန်ရှီးယားရဲ့ လုပ်ရပ်ကတော့ မန်ယူပရိသတ်တွေ

အတွက် တော်တော်လေး အလိုမကျစရာ ဖြစ်ခဲ့ပါတယ်။ ပွဲစဉ် – ၁၄ ကစား အပြီးမှာတော့ နယူးကာဆယ်ကစားသမားဟောင်း ရှီးယားဟာ ဒီတစ်ပတ်

အတွက် ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းကို သူ့စိတ်ကြိုက် ရွေးချယ်ပြီး တရားဝင် ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လူစာရင်းမှာတော့

သူ့ရဲ့ အသင်းဟောင်းက ကစားသမားတွေကို လက်သင့်ရာ စားတော်ခေါ် ရွေးချယ်ခဲ့ပြီး ထရစ်ပီယာ၊ ဂျိုးလင်တန်၊ အယ်လ်မီရွန်၊ ဝီလ်ဆင်တို့ ၄ ယောက်အထိ

ပါဝင်ခဲ့ပါတယ်။ နော်တင်ဟမ်ကို ကြယ်ငါးပွင့်အဆင့်နဲ့ အနိုင်ယူပြပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားတဲ့ အာဆင်နယ်ရဲ့

ကစားသမားတောင်မှ ပါတေး၊ နယ်လ်ဆင်နဲ့၊ ဆာလီဘာတို့ ၃ ယောက်ပဲ ပါ ဝင်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ချန်ပီယံလောင်းအသင်းလို့

သတ်မှတ် ခံထားရတဲ့ မန်စီးတီးကဆိုရင်လည်း ကွင်းလယ်လူ ဒီဘရိုင်း တစ်ယောက်တည်းပဲပါဝင်ခဲ့တာပါ။ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ

ဝက်စ်ဟမ်းကို အနိုင်ယူပြီး အဆင့် ၅ နေရာမှာ ရှိနေတဲ့ မန်ယူအသင်းက ကစားသမား တစ်ယောက်မှ မပါဝင်ခဲ့တာကို တွေ့ရပါတယ်။

အလန်ရှီးယားရဲ့ ဒီလိုမျိုး လက်သင့်ရာစားတော်ခေါ်ပြီး ထင်ရာစိုင်း ရွေးချယ်ခဲ့မှုဟာ မန်ယူပရိသတ် တွေအတွက်တော့ စိတ်အချဉ်ပေါက်စရာဖြစ်ခဲ့ပြီး

နားရွက်ကို တံတွေးလာ ဆွတ်တာလားဆိုပြီး မေးရမလိုတောင် ဖြစ်နေပါပြီ။ ဒါကြောင့် မန်ယူကို စွဲစွဲ မြဲမြဲ အားပေးလာခဲ့တဲ့ ပရိသတ်တစ်ယောက်က

တွစ်တာပေါ်မှာတက်ပြီး ပေါက် ကွဲခဲ့ပါတယ်။ ‘’သူတို့ ငြင်းကြခုန်ကြတဲ့အခါ သူတို့အကုန်လုံးက မန်ယူ နောက်ခံကစားသမားတစ်ယောက်တောင်

မပါသင့်ဘူးလို့ သဘောတူခဲ့ကြတာလားဟ’’ လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ အဲဒါကို အလန်ရှီးယားက ငြိမ်ငြိမ်မနေဘဲ တုံ့ပြန်ခဲ့တာ

ကတော့ ထရစ်ပီယာကို ပြောတာလားဆိုတဲ့ စကားပါပဲ။ ဒီလိုမျိုး ရိသဲ့သဲ့ တုံ့ပြန်မှုကြောင့် မန်ယူပရိသတ်တွေရဲ့ စိတ်ကို ဆွပေးသလိုမျိုးဖြစ်ခဲ့ပြီး

တွစ်တာပေါ်မှာ နည်းမျိုးစုံနဲ့ အလန်ရှီးယားကို တုံ့ပြန်နေကြပြီဖြစ်ပါတယ်။

(Zawgyi)

မန္ယူဖန္ေတြကို နား႐ြက္ တံေတြးဆြတ္လိုက္တဲ့ အလန္ရွီးယား

ပရီးမီးယားလိဂ္ ပြဲစဥ္ – ၁၄ နဲ႔ ပတ္သက္ၿပီး ေဘာလုံးေရးရာ ေဝဖန္သုံးသပ္ သူတစ္ေယာက္ျဖစ္တဲ့ အလန္ရွီးယားရဲ႕ လုပ္ရပ္ကေတာ့ မန္ယူပရိသတ္ေတြ

အတြက္ ေတာ္ေတာ္ေလး အလိုမက်စရာ ျဖစ္ခဲ့ပါတယ္။ ပြဲစဥ္ – ၁၄ ကစား အၿပီးမွာေတာ့ နယူးကာဆယ္ကစားသမားေဟာင္း ရွီးယားဟာ

ဒီတစ္ပတ္ အတြက္ ပရီးမီးယားလိဂ္ အေကာင္းဆုံးအသင္းကို သူ႔စိတ္ႀကိဳက္ ေ႐ြးခ်ယ္ၿပီး တရားဝင္ ဝက္ဘ္ဆိုက္ကေနတစ္ဆင့္ ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီ လူစာရင္းမွာ ေတာ့ သူ႔ရဲ႕ အသင္းေဟာင္းက ကစားသမားေတြကို လက္သင့္ရာ စားေတာ္ ေခၚ ေ႐ြးခ်ယ္ခဲ့ၿပီး ထရစ္ပီယာ၊

ဂ်ိဳးလင္တန္၊ အယ္လ္မီ႐ြန္၊ ဝီလ္ဆင္တို႔ ၄ ေယာက္အထိ ပါဝင္ခဲ့ပါတယ္။ ေနာ္တင္ဟမ္ကို ၾကယ္ငါးပြင့္အဆင့္နဲ႔ အႏိုင္ ယူျပၿပီး အမွတ္ေပးဇယားကို ထိပ္ဆုံးကေန

ဦးေဆာင္ထားတဲ့ အာဆင္နယ္ရဲ႕ ကစားသမားေတာင္မွ ပါေတး၊ နယ္လ္ဆင္နဲ႔၊ ဆာလီဘာတို႔ ၃ ေယာက္ပဲ ပါ ဝင္ခဲ့တာကို ေတြ႕ရပါတယ္။ ဒါ့အျပင္

ခ်န္ပီယံေလာင္းအသင္းလို႔ သတ္မွတ္ ခံထားရတဲ့ မန္စီးတီးကဆိုရင္လည္း ကြင္းလယ္လူ ဒီဘ႐ိုင္း တစ္ေယာက္ တည္းပဲ ပါဝင္ခဲ့တာပါ။

အဆိုးဆုံးကေတာ့ ၿပီးခဲ့တဲ့ ပြဲစဥ္မွာ ဝက္စ္ဟမ္းကို အႏိုင္ယူၿပီး အဆင့္ ၅ ေနရာမွာ ရွိေနတဲ့ မန္ယူအသင္းက ကစားသမား တစ္ေယာက္မွ

မပါဝင္ခဲ့တာကို ေတြ႕ရပါတယ္။ အလန္ရွီးယားရဲ႕ ဒီလိုမ်ိဳး လက္သင့္ရာစားေတာ္ေခၚၿပီး ထင္ရာစိုင္း ေ႐ြးခ်ယ္ခဲ့မႈဟာ မန္ယူပရိသတ္

ေတြအတြက္ေတာ့ စိတ္အခ်ဥ္ေပါက္စရာျဖစ္ခဲ့ၿပီး နား႐ြက္ကို တံေတြးလာ ဆြတ္တာလားဆိုၿပီး ေမးရမလိုေတာင္ ျဖစ္ေနပါၿပီ။

ဒါေၾကာင့္ မန္ယူကို စြဲစြဲ ၿမဲၿမဲ အားေပးလာခဲ့တဲ့ ပရိသတ္တစ္ေယာက္က တြစ္တာေပၚမွာတက္ၿပီး ေပါက္ ကြဲခဲ့ပါတယ္။

‘’သူတို႔ ျငင္းၾကခုန္ၾကတဲ့အခါ သူတို႔အကုန္လုံးက မန္ယူ ေနာက္ခံကစားသမားတစ္ေယာက္ေတာင္ မပါသင့္ဘူးလို႔

သေဘာတူခဲ့ၾကတာလားဟ’’ လို႔ ပရိသတ္တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ အဲဒါကို အလန္ရွီးယားက ၿငိမ္ၿငိမ္မေနဘဲ

တုံ႔ျပန္ခဲ့တာက ကေတာ့ ထရစ္ပီယာကို ေျပာတာလားဆိုတဲ့ စကားပါပဲ။ ဒီလိုမ်ိဳး ရိသဲ့သဲ့ တုံ႔ျပန္မႈေၾကာင့္ မန္ယူပရိသတ္ေတြရဲ႕ စိတ္ကို ဆြေပးသလိုမ်ိဳးျဖစ္ခဲ့ၿပီ

း တြစ္ တာေပၚမွာ နည္းမ်ိဳးစုံနဲ႔ အလန္ရွီးယားကို တုံ႔ျပန္ေနၾကၿပီျဖစ္ပါတယ္။