မန်ယူပွဲမှ တိုက်တိုက်ဆိုင်ဆိုင် VAR ကအလုပ်မလုပ်တော့ပြန်ဘူး

တစ်ချိန်ကနည်းပြကြီးဖာဂူဆန်လက်ထက်မှာ မန်ယူ ဒိုင်ကူဆိုတဲ့ စကားသံတွေကို ကြားမိခဲ့ဘူးမှာပါ။ အခုလည်း မကြာခင်မှာ မန်ယူ VARကူဆိုပြီး ပြောစမှတ်တွင်လာဦးမယ်ထင်ပါရဲ့။ ပြီးခဲ့တဲ့လီဗာပူးနဲ့ ပွဲစဉ်မှာကတည်းက ရက်ဖို့ဒ် လူကျွံအနေအထား ဖြစ်/မဖြစ် ဆိုတာနဲ့ပတ်သက်ပြီး VAR စနစ်ရဲ့ အလုပ်လုပ်ပုံအပေါ် ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် VAR စနစ်နဲ့ပတ်သက်ပြီး အဓိကတာဝန်ယူထားရတဲ့ ကွင်းလယ် ဒိုင်ဟောင်း မိုက်ဒိန်း ကိုယ်တိုင် VAR စနစ်အလုပ်လုပ်ပုံနဲ့ စည်းမျဉ်းတချို့ပြောင်းလဲထားမှုကို ဝင်ရောက်ရှင်းပြရတဲ့ အထိ ဇာတ်လမ်းကရှုပ်ခဲ့တာပါ။

ဒီတစ်ပတ်မှာလည်း တိုက်တိုက်ဆိုင်ဆိုင် VAR စနစ်နဲ့ပတ်သက်ပြီး မေးခွန်း ထုတ်စရာ ဖြစ်ရပ်တစ်ခု ဆောက်သမ်တန်နဲ့ မန်ယူပွဲမှာ ထပ်ဖြစ်ခဲ့ပြန်ပါတယ်။ အဲဒီဖြစ်ရပ်ကတော့ မန်ယူဂိုး ဧရိယာအတွင်း တွန်မီနေးလက်နဲ့ ဘောလုံးကို သုံးကြိမ်မကထိခဲ့ပေမယ့် VAR စနစ်က

ပင်နယ်တီပြစ်ဒဏ်အဖြစ် မသတ်မှတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဆောက်သမ်တန်တိုက်စစ်မှူး အဒမ်နဲ့ တွန်မီနေးတို့ဘောလုံးယှဉ်လုရာမှာ အဒမ် ရင်ဘတ်နဲ့ထိန်းပြီးယူတဲ့ဘောလုံးကို တွန်မီနေးဖျက်ထုတ်ဖို့ကြိုးစားရင်း လက်နဲ့အကြိမ်ကြိမ်ထိမိခဲ့တာဖြစ် ပါတယ်။

ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က မတော်တဆဖြစ်ရပ် အဖြစ်သာသတ်မှတ်ခဲ့သလို VAR စနစ်ကလည်း ပြစ်ဒဏ်ဘောအဖြစ် မသတ်မှတ်ခဲ့တာကြောင့် ဆောက်သမ်တန်ပရိသတ်တွေအတွက် ကြီးမားတဲ့အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ VAR စနစ်နဲ့ပတ်သက်ပြီး

ဝေဖန်ခဲ့ကြသလို ကွယ်လယ်ဒိုင်ရဲ့ဆုံးဖြတ်ချက် ကိုလည်း ဆောက်သမ်တန်ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။ အင်္ဂလိပ်ဒိုင်လူကြီးတွေဟာ ရယ်စရာ အလွန်ကောင်းသလို VAR စနစ်ကလည်း အထောက်အပံ့မဖြစ်တဲ့အပြင်

အိပ်မက်ဆိုးတောင်ဖြစ်စေတယ်လို့ ဝေဖန်ခဲ့ကြတာတွေ့ရပါတယ်။ ဒါ့အပြင် တွန်မီနေး လက်ထိဘော ၃ကြိမ်ဖြစ်ခဲ့တာတောင် ဘာမှမပေးဘူး၊ ဒိုင်ရဲ့ဆုံးဖြတ်ချက်ညံ့ဖျင်းတာလား၊ VAR စနစ်ရဲ့ ဆုံးဖြတ်ချက်ညံ့ဖျင်းတာလား ဆိုတဲ့

ရေးသားချက်မျိုးတွေလည်း အများအပြားထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ တကယ်ပဲ မန်ယူကို ဒိုင်ကူတာလား၊ VAR ကူတာလားဆိုတာတော့ မကြာခင်မှာ ဖြေရှင်းချက်ထွက်လာဦးမယ်ထင်ပါတယ်။

(zawgyi)

တစ္ခ်ိန္ကနည္းျပႀကီးဖာဂူဆန္လက္ထက္မွာ မန္ယူ ဒိုင္ကူဆိုတဲ့ စကားသံေတြကို ၾကားမိခဲ့ဘူးမွာပါ။ အခုလည္း မၾကာခင္မွာ မန္ယူ VARကူဆိုၿပီး ေျပာစမွတ္တြင္လာဦးမယ္ထင္ပါရဲ႕။ ၿပီးခဲ့တဲ့လီဗာပူးနဲ႔ ပြဲစဥ္မွာကတည္းက ရက္ဖို႔ဒ္ လူကြၽံအေနအထား ျဖစ္/မျဖစ္ ဆိုတာနဲ႔ပတ္သက္ၿပီး

VAR စနစ္ရဲ႕ အလုပ္လုပ္ပုံအေပၚ ေဝဖန္မႈေတြ ရွိခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ ပရီးမီးယားလိဂ္ VAR စနစ္နဲ႔ပတ္သက္ၿပီး အဓိကတာဝန္ယူထားရတဲ့ ကြင္းလယ္ ဒိုင္ေဟာင္း မိုက္ဒိန္း ကိုယ္တိုင္ VAR စနစ္အလုပ္လုပ္ပုံနဲ႔ စည္းမ်ဥ္းတခ်ိဳ႕ေျပာင္းလဲထားမႈကို ဝင္ေရာက္ရွင္းျပရတဲ့ အထိ

ဇာတ္လမ္းကရႈပ္ခဲ့တာပါ။ ဒီတစ္ပတ္မွာလည္း တိုက္တိုက္ဆိုင္ဆိုင္ VAR စနစ္နဲ႔ပတ္သက္ၿပီး ေမးခြန္း ထုတ္စရာ ျဖစ္ရပ္တစ္ခု ေဆာက္သမ္တန္နဲ႔ မန္ယူပြဲမွာ ထပ္ျဖစ္ခဲ့ျပန္ပါတယ္။ အဲဒီျဖစ္ရပ္ကေတာ့ မန္ယူဂိုး ဧရိယာအတြင္း တြန္မီေနးလက္နဲ႔ ေဘာလုံးကို သုံးႀကိမ္မကထိခဲ့ေပမယ့္ VAR စနစ္က ပင္နယ္တီျပစ္ဒဏ္အျဖစ္ မသတ္မွတ္ေပးခဲ့တာပဲျဖစ္ပါတယ္။

ေဆာက္သမ္တန္တိုက္စစ္မႉး အဒမ္နဲ႔ တြန္မီေနးတို႔ေဘာလုံးယွဥ္လုရာမွာ အဒမ္ ရင္ဘတ္နဲ႔ထိန္းၿပီးယူတဲ့ေဘာလုံးကို တြန္မီေနးဖ်က္ထုတ္ဖို႔ႀကိဳးစားရင္း လက္နဲ႔အႀကိမ္ႀကိမ္ထိမိခဲ့တာျဖစ္ ပါတယ္။ ဒီျဖစ္ရပ္ကို ကြင္းလယ္ဒိုင္က မေတာ္တဆျဖစ္ရပ္ အျဖစ္သာသတ္မွတ္ခဲ့သလို

VAR စနစ္ကလည္း ျပစ္ဒဏ္ေဘာအျဖစ္ မသတ္မွတ္ခဲ့တာေၾကာင့္ ေဆာက္သမ္တန္ပရိသတ္ေတြအတြက္ ႀကီးမားတဲ့အျငင္းပြားစရာ ျဖစ္ခဲ့ပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာ VAR စနစ္နဲ႔ပတ္သက္ၿပီး ေဝဖန္ခဲ့ၾကသလို ကြယ္လယ္ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္ ကိုလည္း

ေဆာက္သမ္တန္ပရိသတ္ေတြက ေမးခြန္းထုတ္ခဲ့ၾကတာပါ။ အဂၤလိပ္ဒိုင္လူႀကီးေတြဟာ ရယ္စရာ အလြန္ေကာင္းသလို VAR စနစ္ကလည္း အေထာက္အပံ့မျဖစ္တဲ့အျပင္ အိပ္မက္ဆိုးေတာင္ျဖစ္ေစတယ္လို႔ ေဝဖန္ခဲ့ၾကတာေတြ႕ရပါတယ္။ ဒါ့အျပင္ တြန္မီေနး လက္ထိေဘာ

၃ႀကိမ္ျဖစ္ခဲ့တာေတာင္ ဘာမွမေပးဘူး၊ ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္ညံ့ဖ်င္းတာလား၊ VAR စနစ္ရဲ႕ ဆုံးျဖတ္ခ်က္ညံ့ဖ်င္းတာလား ဆိုတဲ့ ေရးသားခ်က္မ်ိဳးေတြလည္း အမ်ားအျပားထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ တကယ္ပဲ မန္ယူကို ဒိုင္ကူတာလား၊ VAR ကူတာလားဆိုတာေတာ့ မၾကာခင္မွာ ေျဖရွင္းခ်က္ထြက္လာဦးမယ္ထင္ပါတယ္။