မန်ယူပွဲဖျက်မယ်ဆိုရင်တော့ ကျွန်တော်တို့အသင်းကို အမှတ်ပေးလိုက်ပေါ့ဗျာ

မန်ယူနဲ့ လီဗာပူးအသင်းပွဲစဉ်ကို ဖျက်သိမ်းမယ်ဆိုရင်တော့ သူတို့အသင်းကို အမှတ်ပေးသင့်တယ်လို့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ပြောဆိုလိုက်ပြီး နည်းပြအဲရစ်တန်ဟက်အပေါ်မှာလည်း ဘာအတွက်ကြောင့်နဲ့မှ ကိုယ်ချင်း စာတရား ထားနေစရာ မလိုဘူးလို့ ပြောဆိုလိုက်ပါတယ်။ မန်ယူနဲ့ လီဗာပူးဟာ လာမယ့် တနင်္လာနေ့မှာ အင်္ဂလန်ဒါဘီပွဲစဉ်အဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရတော့မှာပါ။

ဒါပေမဲ့ ဒီပွဲစဉ်ကို မန်ယူအသင်း ပရိသတ် ၁၀၀၀၀ လောက်က ချီတက်ဆန္ဒပြဖို့အတွက် စီစဉ်နေပြီး ရုန်း ရင်းဆန်ခတ်မှုတွေ ဖြစ်လာခဲ့မယ်ဆိုရင် မန်ယူကလည်းပွဲကို ရွှေ့ဆိုင်းဖို့ အကြောင်းတရားတွေ ရှိလာနိုင်ပါတယ်။ မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုရဲ့ လျစ်လျူရှုမှုတွေကြောင့် ဒေါသထွက်နေတဲ့ မန်ယူပရိသတ်တွေဟာ ဒီပွဲကို ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ Daily Mail သတင်းစာရဲ့ အဆိုအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်တုန်းက ကစားခဲ့တဲ့ပွဲစဉ်မှာလည်း မန်ယူပရိသတ်တွေဟာ ဂလေဇာမိသားစုကို မကျေနပ်လို့ ကွင်းထဲအထိကျူးကျော်ဝင်ရောက်ပြီး ဆန္ဒပြခဲ့တာကြောင့် ပွဲကို ရွှေ့ဆိုင်းပစ်ခဲ့ရပါတယ်။ ဒါကြောင့် လာမယ့်ပွဲစဉ်မှာ အဲဒီလိုမျိုး အခြေအနေနဲ့ ထပ်ကြုံခဲ့မယ်ဆိုရင်တော့ လီဗာပူးကိုသာ အမှတ်ပေးသင့်တယ်လို့ ကလော့ပ်က ဆိုပါတယ်။

‘’ဒါမျိုး မဖြစ်လာဘူးလို့တော့ ကျွန်တော် တကယ် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဖြစ်လာခဲ့မယ်ဆိုရင်တော့လည်း ကျွန်တော်တို့ အမှတ်ရသင့်တာပေါ့။ မန်ယူပရိသတ်တွေက ပွဲကစားတာမျိုး မဖြစ်စေချင်ဘူး ဆိုရင် အဲဒီအရာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုပ်စရာ ဘာမှမရှိပါဘူး။ ပွဲကို နောက်တစ်ခါထပ်ပြီး စီစဉ်ဖို့လည်း ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။

နောက်ပြီး အရမ်းအလုပ်များနေတဲ့ ကာလတစ်ခုမှာ ဒါကို ပြေလည်အောင် ကြိုးစားဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး’’ လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နည်းပြတိုင်းဟာ ကိုယ်စီကိုယ်စီ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ပြိုင်ဘက်နည်းပြ တန်ဟက်အပေါ်မှာလည်း ကိုယ်ချင်းစာတရား ထားပေး နေစရာ မလိုဘူးလို့ ဂျာမန်သားက ပြောပါတယ်။

‘’တန်ဟက်အပေါ်မှာ ကိုယ် ချင်းစာတရား ထားနေဖို့ မလိုပါဘူး။ ဒါက ဘောလုံးနဲ့ပတ်သက်တဲ့ ပြဿနာ ဆိုရင် ကျွန်တော်တို့မှာ ပြဿနာရှိတာပါပဲ။ ကျွန်တော်တို့မှာ ဒဏ်ရာပြဿ နာတွေ အများကြီး ကြုံနေရပြီဆိုရင် မန်ယူဆီသွားပြီး မေတ္တာရပ်ခံမှု ခင်ဗျား လုပ်မှာလားဆိုတာ ကျွန်တော် သေချာမပြောနိုင်ပါဘူး။

ဘောလုံးဆိုတာက ငါးမန်းတွေရှိနေတဲ့ ပင်လယ်ကြီးပါ။ ကိုယ်ချင်းစာတရားဆိုတာက သူတို့အတွက် အကူအညီမဟုတ်သလို အနှောင့်အယှက်လည်း မဟုတ်ဘူး လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့အားလုံးမှာ ပြဿနာတွေ ရှိနေကြ တာပါပဲ’’ လို့ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးဟာ ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲ စတင်ကျင်းပမယ့် ရက်မတိုင်ခင်အထိ ၂၅ ပွဲ ကစားဖို့ ရှိနေတဲ့ အသင်းလည်းဖြစ်ပါတယ်။

(zawgyi)

မန္ယူနဲ႔ လီဗာပူးအသင္းပြဲစဥ္ကို ဖ်က္သိမ္းမယ္ဆိုရင္ေတာ့ သူတို႔အသင္းကို အမွတ္ေပးသင့္တယ္လို႔ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္က ေျပာဆိုလိုက္ၿပီး နည္းျပအဲရစ္တန္ဟက္အေပၚမွာလည္း ဘာအတြက္ေၾကာင့္နဲ႔မွ ကိုယ္ခ်င္း စာတရား ထားေနစရာ မလိုဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ မန္ယူနဲ႔ လီဗာပူးဟာ လာမယ့္ တနလၤာေန႔မွာ အဂၤလန္ဒါဘီပြဲစဥ္အျဖစ္ အိုးလ္ထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ကစားရေတာ့မွာပါ။

ဒါေပမဲ့ ဒီပြဲစဥ္ကို မန္ယူအသင္း ပရိသတ္ ၁၀၀၀၀ ေလာက္က ခ်ီတက္ဆႏၵျပဖို႔အတြက္ စီစဥ္ေနၿပီး ႐ုန္း ရင္းဆန္ခတ္မႈေတြ ျဖစ္လာခဲ့မယ္ဆိုရင္ မန္ယူကလည္းပြဲကို ေ႐ႊ႕ဆိုင္းဖို႔ အေၾကာင္းတရားေတြ ရွိလာႏိုင္ပါတယ္။ မန္ယူအသင္းပိုင္ရွင္ ဂေလဇာမိသားစုရဲ႕ လ်စ္လ်ဴရႈမႈေတြေၾကာင့္ ေဒါသထြက္ေနတဲ့ မန္ယူပရိသတ္ေတြဟာ ဒီပြဲကို ဆႏၵျပဖို႔ စီစဥ္ေနတယ္လို႔ Daily Mail သတင္းစာရဲ႕

အဆိုအရ သိရပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလ ၁၀ ရက္တုန္းက ကစားခဲ့တဲ့ပြဲစဥ္မွာလည္း မန္ယူပရိသတ္ေတြဟာ ဂေလဇာမိသားစုကို မေက်နပ္လို႔ ကြင္းထဲအထိက်ဴးေက်ာ္ဝင္ေရာက္ၿပီး ဆႏၵျပခဲ့တာေၾကာင့္ ပြဲကို ေ႐ႊ႕ဆိုင္းပစ္ခဲ့ရပါတယ္။ ဒါေၾကာင့္ လာမယ့္ပြဲစဥ္မွာ အဲဒီလိုမ်ိဳး အေျခအေနနဲ႔ ထပ္ႀကဳံခဲ့မယ္ဆိုရင္ေတာ့ လီဗာပူးကိုသာ အမွတ္ေပးသင့္တယ္လို႔ ကေလာ့ပ္က ဆိုပါတယ္။

‘’ဒါမ်ိဳး မျဖစ္လာဘူးလို႔ေတာ့ ကြၽန္ေတာ္ တကယ္ ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ ျဖစ္လာခဲ့မယ္ဆိုရင္ေတာ့လည္း ကြၽန္ေတာ္တို႔ အမွတ္ရသင့္တာေပါ့။ မန္ယူပရိသတ္ေတြက ပြဲကစားတာမ်ိဳး မျဖစ္ေစခ်င္ဘူး ဆိုရင္ အဲဒီအရာနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ လုပ္စရာ ဘာမွမရွိပါဘူး။ ပြဲကို ေနာက္တစ္ခါထပ္ၿပီး စီစဥ္ဖို႔လည္း ကြၽန္ေတာ္တို႔ မလုပ္ႏိုင္ပါဘူး။

ေနာက္ၿပီး အရမ္းအလုပ္မ်ားေနတဲ့ ကာလတစ္ခုမွာ ဒါကို ေျပလည္ေအာင္ ႀကိဳးစားဖို႔ ဆိုတာလည္း မျဖစ္ႏိုင္ပါဘူး’’ လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ နည္းျပတိုင္းဟာ ကိုယ္စီကိုယ္စီ အခက္အခဲေပါင္းစုံနဲ႔ ရင္ဆိုင္ေနရတာျဖစ္လို႔ ၿပိဳင္ဘက္နည္းျပ တန္ဟက္အေပၚမွာလည္း ကိုယ္ခ်င္းစာတရား ထားေပး ေနစရာ မလိုဘူးလို႔ ဂ်ာမန္သားက ေျပာပါတယ္။

‘’တန္ဟက္အေပၚမွာ ကိုယ္ ခ်င္းစာတရား ထားေနဖို႔ မလိုပါဘူး။ ဒါက ေဘာလုံးနဲ႔ပတ္သက္တဲ့ ျပႆနာ ဆိုရင္ ကြၽန္ေတာ္တို႔မွာ ျပႆနာရွိတာပါပဲ။ ကြၽန္ေတာ္တို႔မွာ ဒဏ္ရာျပႆ နာေတြ အမ်ားႀကီး ႀကဳံေနရၿပီဆိုရင္ မန္ယူဆီသြားၿပီး ေမတၱာရပ္ခံမႈ ခင္ဗ်ား လုပ္မွာလားဆိုတာ ကြၽန္ေတာ္ ေသခ်ာမေျပာႏိုင္ပါဘူး။ ေဘာလုံးဆိုတာက ငါးမန္းေတြရွိေနတဲ့ ပင္လယ္ႀကီးပါ။

ကိုယ္ခ်င္းစာတရားဆိုတာက သူတို႔အတြက္ အကူအညီမဟုတ္သလို အေႏွာင့္အယွက္လည္း မဟုတ္ဘူး လို႔ ကြၽန္ေတာ္ျမင္ပါတယ္။ ကြၽန္ေတာ္တို႔အားလုံးမွာ ျပႆနာေတြ ရွိေနၾက တာပါပဲ’’ လို႔ ကေလာ့ပ္က ေျပာဆိုသြားခဲ့ပါတယ္။ လီဗာပူးဟာ ၂၀၂၂ ကမာၻ႔ ဖလားၿပိဳင္ပြဲ စတင္က်င္းပမယ့္ ရက္မတိုင္ခင္အထိ ၂၅ ပြဲ ကစားဖို႔ ရွိေနတဲ့ အသင္းလည္းျဖစ္ပါတယ္။