မန်ယူပြန်လာပြီဆိုတာ ဂွါဒီယိုလာ အတိအလင်းဝန်ခံလိုက်ပြီ

လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အကြီးမားဆုံး ပြိုင်ဘက်က အာဆင်နယ်မဟုတ်ဘဲ မန်ယူဖြစ်နေပြီလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အတိအလင်းကို ဝန်ခံလိုက်ပါတယ်။

လန်ဒန်ကလပ် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို မန်စီးတီးအထက်ကနေပြီး ၂ မှတ် အသာနဲ့ ဦးဆောင်နေပေမယ့် မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်ယူကသာ

အဓိက ပြိုင်ဘက်ဖြစ်လာပြီလို့ဂွါဒီယိုလာက ပြောဆိုလိုက်တာပါ။ စပိန်သားနည်းပြရဲ့ အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားရယူနိုင်ရေးထက် ချန်ပီယံလိဂ်ကို

ဦးစားပေးနေပေမဲ့လည်း လုံးဝကို ပစ်ပယ်ထားတာမျိုးမဟုတ်ဘဲ စစ်မျက်နှာ ၂ ခုကို အင်အား အလုံးအရင်းနဲ့ တပ်ဖြန့်ထားတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ

မန်ယူရဲ့ ပုံစံကောင်း ပြန်ရလာမှုဟာ မန်စီး တီးအတွက် အဟန့်အတား ဖြစ်လာနိုင်ပြီး မန်ယူနဲ့အပြိုင် ပရီးမီးယားလိဂ် ဖလားကို လုရတော့မယ့်လို့ သတိပေးလိုက်ပါတယ်။

‘’မန်ယူပြန်လာပြီဆိုတဲ့ စိတ်ခံစားမှုမျိုး ကျွန်တော့်မှာ ရှိနေတယ်။ နောက်ဆုံးမှာတော့ မန်ယူပြန်လာပြီဗျ။ ချဲလ်ဆီးနဲ့ပွဲစဉ် ပထမပိုင်းကို မနေ့တုန်းက ကျွန်တော်ကြည့်ခဲ့တယ်။

လက်ရှိ မန်ယူအသင်းဆီကနေပြီး ကျွန်တော် ကြိုက်နှစ်သက်တဲ့ အချက်တွေကို တွေ့ မြင်ခဲ့ရတယ်ဗျာ။ ချန်ပီယံလိဂ်မှာက အသင်းတွေ အများကြီး ရှိနေတယ်ဗျ။

အဲဒီတော့ ခင်ဗျား တိုက်ပွဲဝင်ရလိ်မ့်မယ်။ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရမယ်။ အဓိက ဦးစားပေးကတော့ ချန်ပီယံလိဂ်ပါ။ ကျွန်တော်တို့ရဲ့ ပရီးမီးယားလိဂ်ပုံစံအတွက်တော့

အများကြီး အားမစိုက် ထားဘူး။ အခုဆိုရင် ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလားပွဲ မတိုင်ခင်အထိ ၃ ပွဲ ကစားဖို့ ရှိနေတယ်။ အဲဒီပွဲတွေဟာ ကျွန်တော်အသင်းရဲ့ ပရီးမီးယားလိဂ်

အလားအလာကို အများကြီး စကားပြောလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်’’ လို့ ဂွါဒီယိုလာက ပြောဆိုခဲ့ပါတယ်။ နောက်ပြီး လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား

အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ နယူးကာဆယ်လို အ သင်းမျိုးကလည်း သူတို့အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းမှာ ခလုတ်ကန်သင်း တစ်ခုလိုမျိုး ရှိနေနိုင်တယ်လို့

ဘာစီလိုနာ နည်းပြဟောင်းက မှတ်ချက်ပြုခဲ့ပါတယ်။

(Zawgyi)

မန္ယူျပန္လာၿပီဆိုတာ ဂြါဒီယိုလာ အတိအလင္းဝန္ခံလိုက္ၿပီ

လက္ရွိေဘာလုံးရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ အႀကီးမားဆုံး ၿပိဳင္ဘက္က အာဆင္နယ္မဟုတ္ဘဲ မန္ယူျဖစ္ေနၿပီလို႔ မန္စီးတီးနည္းျပ ဂြါဒီ ယိုလာက

အတိအလင္းကို ဝန္ခံလိုက္ပါတယ္။ လန္ဒန္ကလပ္ အာဆင္နယ္ ဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို မန္စီးတီးအထက္ကေနၿပီး ၂ မွတ္ အသာနဲ႔ ဦးေဆာင္ေနေပမယ့္

ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္တဲ့ မန္ယူကသာ အဓိက ၿပိဳင္ ဘက္ ျဖစ္လာၿပီလို႔ ဂြါဒီယိုလာက ေျပာဆိုလိုက္တာပါ။ စပိန္သားနည္းျပရဲ႕ အသင္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္

ဆုဖလားရယူႏိုင္ေရးထက္ ခ်န္ပီယံ လိဂ္ကို ဦးစားေပးေနေပမဲ့လည္း လုံးဝကို ပစ္ပယ္ထားတာမ်ိဳးမဟုတ္ဘဲ စစ္မ်က္ႏွာ ၂ ခုကို အင္အား အလုံးအရင္းနဲ႔ တပ္ျဖန႔္ထားတဲ့ပုံစံမ်ိဳး ျဖစ္ပါတယ္။

ဒါေပမဲ့လည္း တစ္ဖက္မွာ မန္ယူရဲ႕ ပုံစံေကာင္း ျပန္ရလာမႈဟာ မန္စီး တီးအတြက္ အဟန႔္အတား ျဖစ္လာႏိုင္ၿပီး မန္ယူနဲ႔အၿပိဳင္ ပရီးမီးယားလိဂ္ ဖလားကို လုရေတာ့မယ့္လို႔

သတိေပးလိုက္ပါတယ္။ ‘’မန္ယူျပန္လာၿပီဆိုတဲ့ စိတ္ခံစားမႈမ်ိဳး ကြၽန္ေတာ့္မွာ ရွိေနတယ္။ ေနာက္ဆုံးမွာေတာ့ မန္ယူျပန္လာ ၿပီဗ်။ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္ ပထမပိုင္းကို မေန႔တုန္းက

ကြၽန္ေတာ္ ၾကည့္ခဲ့တယ္။ လက္ရွိ မန္ယူအသင္းဆီကေနၿပီး ကြၽန္ေတာ္ ႀကိဳက္ႏွစ္သက္တဲ့ အခ်က္ေတြကို ေတြ႕ ျမင္ခဲ့ရတယ္ဗ်ာ။ ခ်န္ပီယံလိဂ္မွာက အသင္းေတြ အမ်ားႀကီး ရွိေနတယ္ဗ်။

အဲဒီေတာ့ ခင္ဗ်ား တိုက္ပြဲဝင္ရလိ္မ့္မယ္။ ခ်န္ပီယံ ဆုအတြက္ တိုက္ပြဲဝင္ရမယ္။ အဓိက ဦးစားေပးကေတာ့ ခ်န္ပီယံလိဂ္ပါ။ ကြၽန္ေတာ္တို႔ရဲ႕ ပရီးမီးယားလိဂ္ပုံစံအတြက္ေတာ့ အမ်ားႀကီး

အားမစိုက္ ထားဘူး။ အခုဆိုရင္ ကြၽန္ေတာ္တို႔ဟာ ကမာၻ႔ဖလားပြဲ မတိုင္ခင္အထိ ၃ ပြဲ ကစားဖို႔ ရွိေနတယ္။ အဲဒီပြဲေတြဟာ ကြၽန္ေတာ္အသင္းရဲ႕ ပရီးမီးယားလိဂ္ အလားအလာကို

အမ်ားႀကီး စကားေျပာလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္’’ လို႔ ဂြါဒီယိုလာက ေျပာဆိုခဲ့ပါတယ္။ ေနာက္ၿပီး လက္ရွိ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ ၄

ေနရာမွာ ရပ္တည္ေနတဲ့ နယူးကာဆယ္လို အ သင္းမ်ိဳးကလည္း သူတို႔အသင္းရဲ႕ ပရီးမီးယားလိဂ္ ခ်န္ပီယံ ေျပးလမ္းမွာ ခလုတ္ကန္သင္း တစ္ခုလိုမ်ိဳး ရွိေနႏိုင္တယ္လို႔ ဘာစီလိုနာ

နည္းျပေဟာင္း က မွတ္ခ်က္ျပဳခဲ့ပါတယ္။