မန်ယူနဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ယူရိုပါလိဂ် မဲခွဲပွဲ

ဒီကနေ့မှာ ကျင်းပခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက်အဆင့် မဲခွဲပွဲစဉ်တွေမှာတော့ မန်ယူနဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံမှုက ပရိသတ်ကို ဆွဲဆောင်မှု

အရှိ ဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာခဲ့ပါတယ်။ ယူရိုပါလိဂ် အုပ်စု (E) မှာ ရမှတ် ၁၅ မှတ် ရရှိခဲ့ပြီး အုပ်စု ဒုတိယနေရာသာ ရခဲ့တာကြောင့် မန်ယူဟာ

ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေပြီး ပြုတ်ကျလာတဲ့ ဘာစီလိုနာနဲ့ ထိပ်တိုက်ဆုံခဲ့တာဖြစ် ပါတယ်။ ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်တွေရဲ့ ပထမအကျော့

ပွဲစဉ်တွေကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စတင်ပြီး ကစားမှာဖြစ်ပြီး မန်ယူဟာ ဘာစီလိုနာ အိမ်ကွင်းရှိရာ စပိန်မြေကို အရင်ဆုံး သွားရောက်

ကစားရမှာ ဖြစ် ပါတယ်။ အဲဒီနောက် ဒုတိယအကျော့ ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ကျ ရင် အိုးလ်ထရက်ဖို့ဒ်မှာ ကစားမှာပဲ ဖြစ်ပါတယ်။ နှစ်ကျော့ပေါင်း

ရလဒ်နဲ့ အနိုင်ရ တဲ့အသင်းက ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တခြား အင်္ဂလန်ကလပ်အသင်းတစ်ခုဖြစ်တဲ့ အာဆင်နယ်ကတော့ အုပ်စု

ပထမနေ ရာကို ရခဲ့တာဖြစ်လို့ ရှုံးထွက်အဆင့် ကစားစရာ မလိုဘဲ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ရောက်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ကနေပြီး ပြုတ်ကျလာတဲ့

အီတလီထိပ်သီး ဂျူဗင်တပ်ဟာ ပြင်သစ်ကလပ် နန်တက်စ်နဲ့ ရင်ဆိုင်ရမှာဖြစ် သလို စပိန်ကလပ် ဆီဗီလာကတော့ ပီအက်စ်ဗွီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နောက်ထပ် အီတလီ ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ရိုးမားဟာဆိုရင်လည်း သြစတြီးယားကလပ် ဆဲလ်ဘတ်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ နောက်တစ်ဆင့်တက် ဖို့ ကြိုးစားရုန်းကန်ရမယ့်

အခြေအနေမျိုး ရှိနေပါတယ်။ အခု ရှုံးထွက်အဆင့် ကနေပြီး အနိုင်ရလို့ ၁၆ သင်းအဆင့်ကို တက်ရောက်ခွင့်ရခဲ့တဲ့ အသင်း ၈ သင်းဟာဆိုရင် အုပ်စုအဆင့်ကနေပြီး ၁၆

သင်းအဆင့်ကို တိုက်ရိုက် တက် ရောက်ခွင့်ရထားတဲ့ အာဆင်နယ်၊ ဖီနာဘာချီ၊ ဘက်တစ်၊ ယူနီယံစိန့်ဂီလွိုင်စီ၊ ဆိုစီဒက်၊ ဖီယင်နု၊ ဖရိုင်းဘတ်၊ ဖီရန်ဗားရို့တို့နဲ့ မဲခွဲဆုံးဖြတ်ပြီး ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

(Zawgyi)

မန္ယူနဲ႔ ဘာစီလိုနာတို႔ ထိပ္တိုက္ေတြ႕ဆုံေနတဲ့ ယူ႐ိုပါလိဂ္ မဲခြဲပြဲ

ဒီကေန႔မွာ က်င္းပခဲ့တဲ့ ယူ႐ိုပါလိဂ္ ရႈံးထြက္အဆင့္ မဲခြဲပြဲစဥ္ေတြမွာေတာ့ မန္ယူနဲ႔ ဘာစီလိုနာတို႔ ထိပ္တိုက္ေတြ႕ဆုံမႈက ပရိသတ္ကို ဆြဲေဆာင္မႈ အရွိ ဆုံး ပြဲစဥ္တစ္ပြဲ ျဖစ္လာခဲ့ပါတယ္။

ယူ႐ိုပါလိဂ္ အုပ္စု (E) မွာ ရမွတ္ ၁၅ မွတ္ ရရွိခဲ့ၿပီး အုပ္စု ဒုတိယေနရာသာ ရခဲ့တာေၾကာင့္ မန္ယူဟာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကေနၿပီး ျပဳတ္က်လာတဲ့ ဘာစီလိုနာနဲ႔ ထိပ္တိုက္ဆုံခဲ့တာျဖစ္ ပါတယ္။

ယူ႐ိုပါလိဂ္ ရႈံးထြက္ပြဲစဥ္ေတြရဲ႕ ပထမအေက်ာ့ ပြဲစဥ္ေတြကို ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔မွာ စတင္ၿပီး ကစားမွာျဖစ္ၿပီး မန္ယူဟာ ဘာစီလိုနာ အိမ္ကြင္းရွိရာ စပိန္ေျမကို

အရင္ဆုံး သြားေရာက္ ကစားရမွာ ျဖစ္ ပါတယ္။ အဲဒီေနာက္ ဒုတိယအေက်ာ့ ပြဲစဥ္ကို ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔က် ရင္ အိုးလ္ထရက္ဖို႔ဒ္မွာ ကစားမွာပဲ ျဖစ္ပါတယ္။ ႏွစ္ေက်ာ့ေပါင္း ရလဒ္နဲ႔

အႏိုင္ရ တဲ့အသင္းက ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။ တျခား အဂၤလန္ကလပ္အသင္းတစ္ခုျဖစ္တဲ့ အာဆင္နယ္ကေတာ့ အုပ္စု ပထမေန ရာကို ရခဲ့တာျဖစ္လို႔ ရႈံးထြက္အဆင့္ ကစားစရာ

မလိုဘဲ ၁၆ သင္းအဆင့္ကို တိုက္႐ိုက္ တက္ေရာက္သြားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ကေနၿပီး ျပဳတ္က်လာတဲ့ အီတလီထိပ္သီး ဂ်ဴဗင္တပ္ဟာ ျပင္သစ္ကလပ္ နန္တက္စ္နဲ႔ ရင္ဆိုင္ရမွာျဖစ္ သလို စပိန္ကလပ္ ဆီဗီလာကေတာ့ ပီအက္စ္ဗြီနဲ႔

ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ အီတလီ ထိပ္သီးအသင္းတစ္သင္းျဖစ္တဲ့ ႐ိုးမားဟာဆိုရင္လည္း ၾသစႀတီးယားကလပ္ ဆဲလ္ဘတ္နဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ ေနာက္တစ္ဆင့္တက္ ဖို႔ ႀကိဳးစား႐ုန္းကန္ရမယ့္

အေျခအေနမ်ိဳး ရွိေနပါတယ္။ အခု ရႈံးထြက္အဆင့္ ကေနၿပီး အႏိုင္ရလို႔ ၁၆ သင္းအဆင့္ကို တက္ေရာက္ခြင့္ရခဲ့တဲ့ အသင္း ၈ သင္းဟာဆိုရင္ အုပ္စုအဆင့္ကေနၿပီး ၁၆ သင္းအဆင့္ကို တိုက္႐ိုက္

တက္ ေရာက္ခြင့္ရထားတဲ့ အာဆင္နယ္၊ ဖီနာဘာခ်ီ၊ ဘက္တစ္၊ ယူနီယံစိန႔္ဂီလြိဳင္စီ၊ ဆိုစီဒက္၊ ဖီယင္ႏု၊ ဖ႐ိုင္းဘတ္၊ ဖီရန္ဗား႐ို႕တို႔နဲ႔ မဲခြဲဆုံးျဖတ္ၿပီး ဆက္လက္ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။