
စီရော်နယ်ဒိုရဲ့သားကြီးသြရသဖြစ်တဲ့ ခရစ္စတီယာနိုဂျူနီယာဟာ
မန်ယူအသင်းနဲ့ offiicial စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
၁၁ နှစ်အရွယ် ခရစ္စတီယာနိုဟာ ဒီရာသီမန်ယူအကယ်ဒမီအသင်းမှာ
ကစားနေသူဖြစ်ပြီး သူ့ဖခင်လိုပဲ ကျောနံပါတ် ၇ ဝတ်ဆင်မှာပါ။
သူဟာ မန်ယူနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုလိုက်ပြီးနောက်
ဖခင်ရဲ့ခြေရာကို နင်းလိုက်တာလည်း ဖြစ်ပါတယ်။
မန်ချက်စတာကို ပြန်ရောက်လာတဲ့ဖခင်ဖြစ်သူကြောင့်
အသင်းအကယ်ဒမီမှာ ကစားခွင့်ရခဲ့တဲ့ ခရစ္စတီယာနိုဂျူနီယာဟာ
သူ့ကစားသမားဘဝအတွက် ခြေတစ်လှမ်းတိုးနိုင်ခဲ့တာပါ။
ဂျူနီယာရဲ့မန်ယူနဲ့စာချုပ်တဲ့ပုံဟာ သူနဲ့အတူ စာချုပ်ချုပ်ခဲ့တဲ့
ဂါဘရီရယ်ရဲ့ Instgram အကောင့်ကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
နံပါတ် ၁၀ ဂျာစီကိုင်ထားတဲ့ဂါဘရီရယ်ဟာ သူ့အသက်အရွယ်တန်းမှာတော့
ဥရောပရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။
”နောက်ဆုံးတော့ စာချုပ်ချုပ်ဆိုနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။
အသင်းဖော်ခရစ္စတီယာနိုဂျူနီယာနဲ့ အတူလက်မှတ်ရေးထိုးခဲ့ရတာဆိုတော့
ပိုကောင်းတာပေါ့”လို့ ဂါဘရီရယ်က သူ့ Instagram အကောင့်မှာ
ပုံနဲ့အတူ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။
လူငယ်ကြယ်ပွင့်ဖြစ်တဲ့ ဂါဘရီရယ်ကို Nike က စပွန်ဆာပေးထားပြီး
သူ့ဆီမှာ follower ပေါင်း ၂၅၀၀၀ ကျော်ရှိကာ
ဂျူနီယာကတော့ Instgram အကောင့်မဖွင့်ရသေးပါဘူး။
ဒီ့မတိုင်ခင် မန်ယူအတွက် စီရော်နယ်ဒိုနောက်ဆုံးကစားပေးခဲ့စဉ်တုန်းက
ဂျူနီယာဟာ မမွေးဖွားသေးပါဘူး။
အခုတော့ သားဖြစ်သူက မန်ယူမှာ ဖခင်ခြေရာနင်းနေပြီ ဖြစ်ပါတယ်။
zawgyi
မန္ယူနဲ႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ဖခင္ရဲ႕ေျခရာကို နင္းလိုက္တဲ့ ခရစၥတီယာႏိုဂ်ဴနီယာ
စီေရာ္နယ္ဒိုရဲ႕သားႀကီးၾသရသျဖစ္တဲ့ ခရစၥတီယာႏိုဂ်ဴနီယာဟာ
မန္ယူအသင္းနဲ႔ offiicial စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီ ျဖစ္ပါတယ္။
၁၁ ႏွစ္အ႐ြယ္ ခရစၥတီယာႏိုဟာ ဒီရာသီမန္ယူအကယ္ဒမီအသင္းမွာ
ကစားေနသူျဖစ္ၿပီး သူ႔ဖခင္လိုပဲ ေက်ာနံပါတ္ ၇ ဝတ္ဆင္မွာပါ။
သူဟာ မန္ယူနဲ႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီးေနာက္
ဖခင္ရဲ႕ေျခရာကို နင္းလိုက္တာလည္း ျဖစ္ပါတယ္။
မန္ခ်က္စတာကို ျပန္ေရာက္လာတဲ့ဖခင္ျဖစ္သူေၾကာင့္
အသင္းအကယ္ဒမီမွာ ကစားခြင့္ရခဲ့တဲ့ ခရစၥတီယာႏိုဂ်ဴနီယာဟာ
သူ႔ကစားသမားဘဝအတြက္ ေျခတစ္လွမ္းတိုးႏိုင္ခဲ့တာပါ။
ဂ်ဴနီယာရဲ႕မန္ယူနဲ႔စာခ်ဳပ္တဲ့ပုံဟာ သူနဲ႔အတူ စာခ်ဳပ္ခ်ဳပ္ခဲ့တဲ့
ဂါဘရီရယ္ရဲ႕ Instgram အေကာင့္ကေန ေပၚထြက္လာခဲ့တာ ျဖစ္ပါတယ္။
နံပါတ္ ၁၀ ဂ်ာစီကိုင္ထားတဲ့ဂါဘရီရယ္ဟာ သူ႔အသက္အ႐ြယ္တန္းမွာေတာ့
ဥေရာပရဲ႕အေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္ပါ။
”ေနာက္ဆုံးေတာ့ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့လို႔ ဝမ္းေျမာက္မိပါတယ္။
အသင္းေဖာ္ခရစၥတီယာႏိုဂ်ဴနီယာနဲ႔ အတူလက္မွတ္ေရးထိုးခဲ့ရတာဆိုေတာ့
ပိုေကာင္းတာေပါ့”လို႔ ဂါဘရီရယ္က သူ႔ Instagram အေကာင့္မွာ
ပုံနဲ႔အတူ ေရးတင္ခဲ့တာ ျဖစ္ပါတယ္။
လူငယ္ၾကယ္ပြင့္ျဖစ္တဲ့ ဂါဘရီရယ္ကို Nike က စပြန္ဆာေပးထားၿပီး
သူ႔ဆီမွာ follower ေပါင္း ၂၅၀၀၀ ေက်ာ္ရွိကာ
ဂ်ဴနီယာကေတာ့ Instgram အေကာင့္မဖြင့္ရေသးပါဘူး။
ဒီ့မတိုင္ခင္ မန္ယူအတြက္ စီေရာ္နယ္ဒိုေနာက္ဆုံးကစားေပးခဲ့စဥ္တုန္းက
ဂ်ဴနီယာဟာ မေမြးဖြားေသးပါဘူး။
အခုေတာ့ သားျဖစ္သူက မန္ယူမွာ ဖခင္ေျခရာနင္းေနၿပီ ျဖစ္ပါတယ္။