မန်ယူနဲ့ နည်းပြတန်ဟတ်အတွက် ဖြေဆေးဖြစ်ပေးရတော့မယ့် ကက်စ်မီရို

ရီးရဲလ်ကွင်းလယ်လူ ကက်စ်မီရိုကို ပေါင်သန်း ၆၀ နဲ့ခေါ်ယူဖို့ မန်ယူ သဘောတူညီမှုရသွားခဲ့ပြီလို့ ဗြိတိန်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီအပတ်ထဲမှာ ဆေးစစ်မှုပြုလုပ်ပြီး ၄ နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီနဲ့ ကက်စ်မီရို တို့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အသင်းပြောင်းဖို့ဆုံးဖြတ်ခဲ့တာလို့လည်းသိရပါတယ်။ ဒါ့အပြင် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ကလည်း အသက် ၃၀အရွယ်

ကက်စ်မီရိုရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကစားသမားစိတ်ကြိုက် ရွေးချယ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ အသင်းဥက္ကဋ္ဌ ပီရက်ဇ်နဲ့ ကက်စ်မီရိုတို့ဟာ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူတွေလည်းဖြစ်ပါတယ်။ ကက်စ်မီရိုဟာ နည်းပြအန်ဆယ်လော့တီအတွက်

အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့သလို ရီးရဲလ်ရဲ့အောင်မြင်မှုတွေမှာ အဓိကကျတဲ့ ကစား သမားလည်းဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်ဟာ ကက်စ်မီရိုရဲ့နေရာမှာအစားထိုးဖို့အတွက် အစောပိုင်းကတည်းက မိုနာကိုကနေ ချူအာမီနီကိုခေါ်ယူထားခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီအဖွင့်ပွဲစဉ်မှာလည်း နည်းပြအန်ဆယ်လော့တီဟာ ကက်စ်မီရိုအစား ချူအာမီနီကိုပွဲထွက်ခွင့်ပေးထားခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ရီးရဲလ်အသင်းဆီရောက်ရှိခဲ့တဲ့ ကက်စ်မီရိုဟာ လာလီဂါချန်ပီယံဆု ၃ ကြိမ် နဲ့

ချန်ပီယံလိဂ်ဆုဖလားကို ၅ ကြိမ်အထိရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အခုလအစောပိုင်းကလည်း ရီးရဲလ်နဲ့ အတူ ဥရောပစူပါဖလားကို ရရှိခဲ့ထားခဲ့တာပါ။ မန်ယူအနေနဲ့ ရာဘီရော့ကို ခေါ်ယူဖို့ပျက်ပြယ်ခဲ့ပြီးနောက် အသင်းအတွက်အရေးတကြီးလိုအပ်နေတဲ့

ကွင်းလယ်ခံစစ်အတွက် ကမ္ဘာ့အဆင့်ကစားသမားဖြစ်တဲ့ ကက်စ်မီရိုကိုရဖို့ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။ ကက်စ်မီရိုဟာ ဘရာဇီးလ်လက်ရွေးစင်အဖြစ်လည်း ၆၃ ပွဲ ပါဝင်ကစားထားပြီး ၂၀၁၉ ကိုပါအမေရိကချန်ပီယံဖလားကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

(zawgyi)

ရီးရဲလ္ကြင္းလယ္လူ ကက္စ္မီ႐ိုကို ေပါင္သန္း ၆၀ နဲ႔ေခၚယူဖို႔ မန္ယူ သေဘာတူညီမႈရသြားခဲ့ၿပီလို႔ ၿဗိတိန္သတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။ ဒီအပတ္ထဲမွာ ေဆးစစ္မႈျပဳလုပ္ၿပီး ၄ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမယ္လို႔ဆိုပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ ညေနပိုင္းမွာ

ရီးရဲလ္နည္းျပ အန္ဆယ္ေလာ့တီနဲ႔ ကက္စ္မီ႐ို တို႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ အသင္းေျပာင္းဖို႔ဆုံးျဖတ္ခဲ့တာလို႔လည္းသိရပါတယ္။ ဒါ့အျပင္ ရီးရဲလ္ဥကၠ႒ ပီရက္ဇ္ကလည္း အသက္ ၃၀အ႐ြယ္ ကက္စ္မီ႐ိုရဲ႕အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး

ကစားသမားစိတ္ႀကိဳက္ ေ႐ြးခ်ယ္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။ အသင္းဥကၠ႒ ပီရက္ဇ္နဲ႔ ကက္စ္မီ႐ိုတို႔ဟာ ပုဂၢိဳလ္ေရးအရ ရင္းႏွီးသူေတြလည္းျဖစ္ပါတယ္။ ကက္စ္မီ႐ိုဟာ နည္းျပအန္ဆယ္ေလာ့တီအတြက္ အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ခဲ့သလို

ရီးရဲလ္ရဲ႕ေအာင္ျမင္မႈေတြမွာ အဓိကက်တဲ့ ကစား သမားလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ရီးရဲလ္ဟာ ကက္စ္မီ႐ိုရဲ႕ေနရာမွာအစားထိုးဖို႔အတြက္ အေစာပိုင္းကတည္းက မိုနာကိုကေန ခ်ဴအာမီနီကိုေခၚယူထားခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီအဖြင့္ပြဲစဥ္မွာလည္း

နည္းျပအန္ဆယ္ေလာ့တီဟာ ကက္စ္မီ႐ိုအစား ခ်ဴအာမီနီကိုပြဲထြက္ခြင့္ေပးထားခဲ့တာျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ ရီးရဲလ္အသင္းဆီေရာက္ရွိခဲ့တဲ့ ကက္စ္မီ႐ိုဟာ လာလီဂါခ်န္ပီယံဆု ၃ ႀကိမ္ နဲ႔ ခ်န္ပီယံလိဂ္ဆုဖလားကို ၅ ႀကိမ္အထိရရွိခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အခုလအေစာပိုင္းကလည္း ရီးရဲလ္နဲ႔ အတူ ဥေရာပစူပါဖလားကို ရရွိခဲ့ထားခဲ့တာပါ။ မန္ယူအေနနဲ႔ ရာဘီေရာ့ကို ေခၚယူဖို႔ပ်က္ျပယ္ခဲ့ၿပီးေနာက္ အသင္းအတြက္အေရးတႀကီးလိုအပ္ေနတဲ့ ကြင္းလယ္ခံစစ္အတြက္

ကမာၻ႔အဆင့္ကစားသမားျဖစ္တဲ့ ကက္စ္မီ႐ိုကိုရဖို႔ႀကိဳးစားခဲ့တာလည္းျဖစ္ပါတယ္။ ကက္စ္မီ႐ိုဟာ ဘရာဇီးလ္လက္ေ႐ြးစင္အျဖစ္လည္း ၆၃ ပြဲ ပါဝင္ကစားထားၿပီး ၂၀၁၉ ကိုပါအေမရိကခ်န္ပီယံဖလားကို ရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။