
၂၀၂၂ မှာ မန်ယူဟာ ပုံမှန်အောက်ရောက်တဲ့အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။
ဒါပေမဲ့ လာမယ့်ချန်ပီယံလိဂ်ပွဲမှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က သူတို့ထက် အခြေအနေပိုဆိုးနေပါတယ်
ယူနိုက်တက်ဟာ လာမယ့်အပတ်ဗုဒ္ဓဟူးမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ်
အက်သလက်တီကိုကိုရင်ဆိုင်ဖို့ စပိန်မြေကို လာရဖို့ ရှိပါတယ်။
မန်ယူနဲ့ပထမအကျော့မတိုင်ခင် ၇ ရက်အလိုမှာပဲ အက်သလက်တီကိုဟာ
နာကျင်စရာအိမ်ကွင်းရှုံးပွဲနဲ့ ကြုံတွေ့ခဲ့တာပါ။
လာလီဂါရဲ့လက်ရှိချန်ပီယံလည်းဖြစ်တဲ့ အက်သလက်တီကိုဟာ အမှတ်ပေးဇယား
အောက်ခြေက လီဗန်တေးကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အခုရာသီလာလီဂါက
ဒီ့အရင် ၂၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တဲ့အသင်းကို အက်သလက်တီကိုက အိမ်ကွင်းမှာ
၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာပါ။ လီဗန်တေးက ဂိုးပေါက်တည့် ၅ ကြိမ်မှာ ၁ ဂိုးရသွားခဲ့တာဖြစ်ပြီး
အက်သလက်တီကိုကတော့ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့် ၁ ကြိမ်သာရှိခဲ့ပါတယ်။
အက်သလက်တီကိုအနေနဲ့ ပြိုင်ပဲွဲအရပ်ရပ်နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲမြောက်အရှုံးကို
ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။
သူတို့ဟာ ဒီရာသီလာလီဂါမှာလည်း ရှုံးပွဲအရေအတွက်က ၇ ပွဲထိရှိသွားခဲ့ပါပြီ။
ဒါ့အပြင် အက်သလက်တီကိုဟာ ဒီရာသီလာလီဂါမှာ ၃၄ ဂိုးအထိ ခွင့်ပြုထားရလို့
ဆီမြွန်နီလက်ထက် ပေးဂိုးအများဆုံးလာလီဂါရာသီတစ်ခုလည်း ဖြစ်ပါတယ်။
အက်သလက်တီကိုဟာ မန်ယူနဲ့ပွဲမတိုင်ခင် လာမယ့်စနေမှာ အိုဆာဆူနာနဲ့
အဝေးကွင်းကစားရဦးမှာပါ။
Zawgyi
မန္ယူနဲ႔မေတြ႕ခင္ တစ္ပတ္အလိုမွာ လမ္းေပ်ာက္ေနတဲ့ အက္သလက္တီကို
၂၀၂၂ မွာ မန္ယူဟာ ပုံမွန္ေအာက္ေရာက္တဲ့အေျခအေနနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရတာပါ။
ဒါေပမဲ့ လာမယ့္ခ်န္ပီယံလိဂ္ပြဲမွာ ရင္ဆိုင္ရမယ့္ ၿပိဳင္ဘက္က သူတို႔ထက္ အေျခအေနပိုဆိုးေနပါတယ္။
ယူႏိုက္တက္ဟာ လာမယ့္အပတ္ဗုဒၶဟူးမွာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္အျဖစ္
အက္သလက္တီကိုကိုရင္ဆိုင္ဖို႔ စပိန္ေျမကို လာရဖို႔ ရွိပါတယ္။
မန္ယူနဲ႔ပထမအေက်ာ့မတိုင္ခင္ ၇ ရက္အလိုမွာပဲ အက္သလက္တီကိုဟာ
နာက်င္စရာအိမ္ကြင္းရႈံးပြဲနဲ႔ ႀကဳံေတြ႕ခဲ့တာပါ။
လာလီဂါရဲ႕လက္ရွိခ်န္ပီယံလည္းျဖစ္တဲ့ အက္သလက္တီကိုဟာ အမွတ္ေပးဇယား
ေအာက္ေျခက လီဗန္ေတးကို ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ အခုရာသီလာလီဂါက
ဒီ့အရင္ ၂၃ ပြဲမွာ ၁ ပြဲသာ အႏိုင္ရခဲ့တဲ့အသင္းကို အက္သလက္တီကိုက အိမ္ကြင္းမွာ
၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာပါ။ လီဗန္ေတးက ဂိုးေပါက္တည့္ ၅ ႀကိမ္မွာ ၁ ဂိုးရသြားခဲ့တာျဖစ္ၿပီး
အက္သလက္တီကိုကေတာ့ တစ္ပြဲလုံးမွာ ဂိုးေပါက္တည့္ ၁ ႀကိမ္သာရွိခဲ့ပါတယ္။
အက္သလက္တီကိုအေနနဲ႔ ၿပိဳင္ပဲြဲအရပ္ရပ္ေနာက္ဆုံး ၆ ပြဲမွာ ၄ ပြဲေျမာက္အရႈံးကို
ႀကဳံခဲ့ရတာလည္း ျဖစ္ပါတယ္။
သူတို႔ဟာ ဒီရာသီလာလီဂါမွာလည္း ရႈံးပြဲအေရအတြက္က ၇ ပြဲထိရွိသြားခဲ့ပါၿပီ။
ဒါ့အျပင္ အက္သလက္တီကိုဟာ ဒီရာသီလာလီဂါမွာ ၃၄ ဂိုးအထိ ခြင့္ျပဳထားရလို႔
ဆီႁမြန္နီလက္ထက္ ေပးဂိုးအမ်ားဆုံးလာလီဂါရာသီတစ္ခုလည္း ျဖစ္ပါတယ္။
အက္သလက္တီကိုဟာ မန္ယူနဲ႔ပြဲမတိုင္ခင္ လာမယ့္စေနမွာ အိုဆာဆူနာနဲ႔
အေဝးကြင္းကစားရဦးမွာပါ။