မန်ယူနဲ့ပွဲမှာ အနိုင်ရသင့်တဲ့အသင်းက လီဗာပူးသာဖြစ်တယ်လို့ နည်းပြ ကလော့ပ်ပြောပြန်

ရာသီအစ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး ရမှတ် ၂ မှတ်သာ ရရှိထားတာ ကြောင့် လီဗာပူးရဲ့ လက်ရှိအခြေအနေအပေါ် စိုးရိမ်မိတယ်လို့ နည်းပြ ဂျာဂင်ကလော့ပ်က ဝန်ခံလိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာညက ကစားခဲ့တဲ့ အင်္ဂလန်ဒါဘီပွဲစဉ်မှာ သရဲနီတွေကို ဒူးထောက်ခဲ့ရတဲ့

လီဗာပူးဟာ ဒီရာသီအတွက် အမြင့်ဆုံးရနိုင်သမျှ ရမှတ် ၉ မှတ်မှာ ၂ မှတ်သာ ရခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာကို ရောက်သွားခဲ့ပါတယ်။ အနီကတ်ပြစ်ဒဏ်ကြောင့် ၃ ပွဲအပယ်ခံထားရတဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အိုးလ်ထရက်ဖို့ဒ်ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့

အတွက် ဒဏ်ရာပြဿနာတွေနဲ့ ပတ်သက်ပြီး အလေးထားရတော့မယ့် အခြေအနေမျိုးဖြစ်နေတယ်လို့ ကလော့ပ်က ဆိုပါတယ်။ ‘’ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်ပြီး ချင့်ချင့်ချိန်ချိန်နဲ့ အလေးထားရမယ့် အခြေအနေရောက်နေပါပြီ။

ပထမဦးစားပေးအသင်းအတွက် ဦးစားပေးကစားသမားက ၁၄ ယောက်၊ ၁၅ ယောက်လောက်ပဲ အသင့်အနေအထားရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ဒဏ်ရာတွေ မရအောင် လုပ်ရပါတော့မယ်။ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်နေရပါပြီ။

ဒါပေမဲ့ ဒါက ဒီလိုပါပဲ။ အခု ဘုန်းမောက်၊ နယူးကာဆယ်တို့နဲ့ ပွဲစဉ်တွေအတွက် ကျွန်တော်တို့ ပြင်ဆင်ရပါတော့မယ်’’ လို့ ကလော့ပ်က မန်ယူနဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုခဲ့ပါတယ်။ မန်ယူနဲ့ပွဲစဉ်မှာ လီဗာပူးဟာ ဘောလုံးပိုင် ဆိုင်မှု ၇၀ ရာခိုင်နှုန်း ရခဲ့ပြီး ဂိုးပေါက်တည့်အောင်

ကန်သွင်းနိုင်တဲ့ အကြိမ် ရေဟာဆိုရင်လည်း ပြိုင်ဘက်အသင်းထက် ပိုများခဲ့သလို ထောင့်ကန်ဘော အကြိမ်ရေလည်း ပိုများခဲ့ပါတယ်။ ဒါပေမဲ့ ကြိုးကြာနီတွေဟာ ရှားပါးဖြစ်စဉ်တစ်ခုအနေနဲ့ နောက်ဆုံး ၇ ပွဲဆက်တိုက်

အဖွင့်ဂိုးပေးခဲ့ ရမှုနဲ့အတူ ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အားသာချက်တွေရှိခဲ့တဲ့ အင်္ဂလန်ဒါဘီပွဲမှာ သူတို့အသင်း အနိုင်ရသင့်တယ်လို့ ဂျာမနီသား နည်းပြက ဆိုပါတယ်။ ‘’ဒီပွဲကို ကျွန်တော်တို့ အနိုင်ရခဲ့သင့်တာပါ။

ဒါဟာ မဖြစ်သင့်ဘူး လို့ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အခု မြင်နေရတဲ့အတိုင်းပဲပေါ့။ ကျွန်တော့် ရဲ့ စိတ်လှုပ်ရှားမှုလား။ ရလဒ်နဲ့ပတ်သက်ပြီး အရမ်းကို စိတ်ပျက်ရပါတယ်။ ဒါပါပဲ’’ လို့ ကလော့ပ်က ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

ရာသီအစ ၃ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့ၿပီး ရမွတ္ ၂ မွတ္သာ ရရွိထားတာ ေၾကာင့္ လီဗာပူးရဲ႕ လက္ရွိအေျခအေနအေပၚ စိုးရိမ္မိတယ္လို႔ နည္းျပ ဂ်ာဂင္ကေလာ့ပ္က ဝန္ခံလိုက္ၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တနလၤာညက ကစားခဲ့တဲ့ အဂၤလန္ဒါဘီပြဲစဥ္မွာ သရဲနီေတြကို ဒူးေထာက္ခဲ့ရတဲ့

လီဗာပူးဟာ ဒီရာသီအတြက္ အျမင့္ဆုံးရႏိုင္သမွ် ရမွတ္ ၉ မွတ္မွာ ၂ မွတ္သာ ရခဲ့တာေၾကာင့္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၆ ေနရာကို ေရာက္သြားခဲ့ပါတယ္။ အနီကတ္ျပစ္ဒဏ္ေၾကာင့္ ၃ ပြဲအပယ္ခံထားရတဲ့ တိုက္စစ္မႉး ဒါဝင္ႏူနက္ဇ္ဟာ အိုးလ္ထရက္ဖို႔ဒ္ပြဲစဥ္မွာ

မပါဝင္ႏိုင္ခဲ့တဲ့အတြက္ ဒဏ္ရာျပႆနာေတြနဲ႔ ပတ္သက္ၿပီး အေလးထားရေတာ့မယ့္ အေျခအေနမ်ိဳးျဖစ္ေနတယ္လို႔ ကေလာ့ပ္က ဆိုပါတယ္။ ‘’ဒဏ္ရာျပႆနာေတြနဲ႔ပတ္သက္ၿပီး ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ အေလးထားရမယ့္ အေျခအေနေရာက္ေနပါၿပီ။

ပထမဦးစားေပးအသင္းအတြက္ ဦးစားေပးကစားသမားက ၁၄ ေယာက္၊ ၁၅ ေယာက္ေလာက္ပဲ အသင့္အေနအထားရွိပါတယ္။ အခုဆိုရင္ ကြၽန္ေတာ္တို႔ ဒဏ္ရာေတြ မရေအာင္ လုပ္ရပါေတာ့မယ္။ ကြၽန္ေတာ္တို႔ရဲ႕ လက္ရွိအေျခအေနနဲ႔ပတ္သက္ၿပီး

စိုးရိမ္ေနရပါၿပီ။ ဒါေပမဲ့ ဒါက ဒီလိုပါပဲ။ အခု ဘုန္းေမာက္၊ နယူးကာဆယ္တို႔နဲ႔ ပြဲစဥ္ေတြအတြက္ ကြၽန္ေတာ္တို႔ ျပင္ဆင္ရပါေတာ့မယ္’’ လို႔ ကေလာ့ပ္က မန္ယူနဲ႔ ပြဲစဥ္အၿပီးမွာ ေျပာဆိုခဲ့ပါတယ္။ မန္ယူနဲ႔ပြဲစဥ္မွာ လီဗာပူးဟာ ေဘာလုံးပိုင္ ဆိုင္မႈ ၇၀ ရာခိုင္ႏႈန္း

ရခဲ့ၿပီး ဂိုးေပါက္တည့္ေအာင္ ကန္သြင္းႏိုင္တဲ့ အႀကိမ္ ေရဟာဆိုရင္လည္း ၿပိဳင္ဘက္အသင္းထက္ ပိုမ်ားခဲ့သလို ေထာင့္ကန္ေဘာ အႀကိမ္ေရလည္း ပိုမ်ားခဲ့ပါတယ္။ ဒါေပမဲ့ ႀကိဳးၾကာနီေတြဟာ ရွားပါးျဖစ္စဥ္တစ္ခုအေနနဲ႔ ေနာက္ဆုံး ၇ ပြဲဆက္တိုက္

အဖြင့္ဂိုးေပးခဲ့ ရမႈနဲ႔အတူ ရႈံးပြဲႀကဳံခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ အားသာခ်က္ေတြရွိခဲ့တဲ့ အဂၤလန္ဒါဘီပြဲမွာ သူတို႔အသင္း အႏိုင္ရသင့္တယ္လို႔ ဂ်ာမနီသား နည္းျပက ဆိုပါတယ္။ ‘’ဒီပြဲကို ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့သင့္တာပါ။

ဒါဟာ မျဖစ္သင့္ဘူး လို႔ ကြၽန္ေတာ္သိပါတယ္။ ဒါေပမဲ့ အခု ျမင္ေနရတဲ့အတိုင္းပဲေပါ့။ ကြၽန္ေတာ့္ ရဲ႕ စိတ္လႈပ္ရွားမႈလား။ ရလဒ္နဲ႔ပတ္သက္ၿပီး အရမ္းကို စိတ္ပ်က္ရပါတယ္။ ဒါပါပဲ’’ လို႔ ကေလာ့ပ္က ဖြင့္ဟသြားခဲ့ပါတယ္။