မန်ယူနဲ့ပွဲမှာ ကော်တင်ဟို ပွဲဦးထွက်ပါဝင်ကစားနိုင်ဖို့ ဂျရတ်မျှော်လင့်

အက်စတွန်ဗီလာအသင်းနည်းပြဂျရတ်ဟာ အခုတစ်ပတ်စနေနေ့ကျရင်

မန်ချက်စတာယူနိုက်တက်နဲ့ကစားမယ့်ပရီးမီးယားလိဂ်ပွဲမှာ

ကစားသမားသစ် ကော်တင်ဟို ပွဲဦးထွက်ပါဝင်ကစားနိုင်ဖို့မျှော်လင့်နေပါတယ်။

ဘာစီလိုနာကွင်းလယ်လူကော်တင်ဟိုဟာ

လီဗာပူးလ်အသင်းမှာကစားခဲ့တဲ့ချိန်က လက်တွဲခဲ့ဖူးတဲ့

အသင်းဖော်ဟောင်း ဂျရတ်နည်းပြအဖြစ်ဆောင်ရွက်နေတဲ့

အက်စတွန်ဗီလာအသင်းဆီ ရာသီကုန်အထိအငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပြီး,

မနေ့က အသင်းနဲ့ပူးပေါင်းခဲ့ပါတယ်။

ဒါပေမဲ့ ကော်တင်ဟိုဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိတာကြောင့်

အက်စတွန်ဗီလာအသင်းဟာ ကော်တင်ဟိုရဲ့အနေအထားကို

စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး

လာမယ့်ရက်ပိုင်းအတွင်း ဘောလုံးကစားနိုင်ဖို့ရှိ၊

မရှိနဲ့ပတ်သက်ပြီးတော့ စစ်ဆေးသွားမှာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့တနင်္လာနေ့က

ယူနိုက်တက်နဲ့ကစားခဲ့တဲ့ FA ဖလားတတိယအဆင့်ပွဲမှာ

(၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကထွက်ခဲ့ရတဲ့ရှုံးကြွေးကို

အခု ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ ပြန်ဆပ်နိုင်ဖို့သာမက

အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ထရက်ဇီဂေး၊ ဘာထရန်ထရာအိုရေးတို့

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်နေရချိန်၊

တောင်ပံတိုက်စစ်ကစားသမား လီယွန်ဘိုင်လီ ဒဏ်ရာကြောင့်

အနားယူနေရချိန်မှာ အသင်းတိုက်စစ်ကို ကော်တင်ဟို

ဦးဆောင်ကစားနိုင်ဖို့မျှော်လင့်နေတာပါ။

ဂျရတ်က “ကော်တင်ဟိုရဲ့ကြံ့ခိုင်မှုအနေအထားကို

ကျွန်တော်တို့ စမ်းသပ်စစ်ဆေးသွားမှာဖြစ်ပြီး အသင်းအတွက်

အမြန်ဆုံးပါဝင်ကစားနိုင်ဖို့မျှော်လင့်ပါတယ်။

ကျွန်တော်တို့အသင်းမှာ ဘိုင်လီက ဒဏ်ရာရနေသလို

ကစားသမားတချို့ကိုလည်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက်

ဆုံးရှုံးထားရတာကြောင့် အသင်းတိုက်စစ်ကို ဦးဆောင်နိုင်မယ့်

ကော်တင်ဟိုလိုကစားသမားမျိုး လိုအပ်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

မန္ယူနဲ႔ပြဲမွာ ေကာ္တင္ဟို ပြဲဦးထြက္ပါဝင္ကစားႏိုင္ဖို႔ ဂ်ရတ္ေမွ်ာ္လင့္

အက္စတြန္ဗီလာအသင္းနည္းျပဂ်ရတ္ဟာ အခုတစ္ပတ္စေနေန႔က်ရင္

မန္ခ်က္စတာယူႏိုက္တက္နဲ႔ကစားမယ့္ပရီးမီးယားလိဂ္ပြဲမွာ

ကစားသမားသစ္ ေကာ္တင္ဟို ပြဲဦးထြက္ပါဝင္ကစားႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။

ဘာစီလိုနာကြင္းလယ္လူေကာ္တင္ဟိုဟာ

လီဗာပူးလ္အသင္းမွာကစားခဲ့တဲ့ခ်ိန္က လက္တြဲခဲ့ဖူးတဲ့

အသင္းေဖာ္ေဟာင္း ဂ်ရတ္နည္းျပအျဖစ္ေဆာင္႐ြက္ေနတဲ့

အက္စတြန္ဗီလာအသင္းဆီ ရာသီကုန္အထိအငွားစာခ်ဳပ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး,

မေန႔က အသင္းနဲ႔ပူးေပါင္းခဲ့ပါတယ္။

ဒါေပမဲ့ ေကာ္တင္ဟိုဟာ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈမရွိတာေၾကာင့္

အက္စတြန္ဗီလာအသင္းဟာ ေကာ္တင္ဟိုရဲ႕အေနအထားကို

စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္သြားမွာျဖစ္ၿပီး

လာမယ့္ရက္ပိုင္းအတြင္း ေဘာလုံးကစားႏိုင္ဖို႔ရွိ၊

မရွိနဲ႔ပတ္သက္ၿပီးေတာ့ စစ္ေဆးသြားမွာျဖစ္ပါတယ္။

အက္စတြန္ဗီလာအသင္းဟာ ၿပီးခဲ့တဲ့တနလၤာေန႔က

ယူႏိုက္တက္နဲ႔ကစားခဲ့တဲ့ FA ဖလားတတိယအဆင့္ပြဲမွာ

(၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲကထြက္ခဲ့ရတဲ့ရႈံးေႂကြးကို

အခု ပရီးမီးယားလိဂ္အိမ္ကြင္းပြဲမွာ ျပန္ဆပ္ႏိုင္ဖို႔သာမက

အသင္းရဲ႕ကစားသမားေတြျဖစ္တဲ့ ထရက္ဇီေဂး၊ ဘာထရန္ထရာအိုေရးတို႔

အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲ သြားေရာက္ယွဥ္ၿပိဳင္ေနရခ်ိန္၊

ေတာင္ပံတိုက္စစ္ကစားသမား လီယြန္ဘိုင္လီ ဒဏ္ရာေၾကာင့္

အနားယူေနရခ်ိန္မွာ အသင္းတိုက္စစ္ကို ေကာ္တင္ဟို

ဦးေဆာင္ကစားႏိုင္ဖို႔ေမွ်ာ္လင့္ေနတာပါ။

ဂ်ရတ္က “ေကာ္တင္ဟိုရဲ႕ႀကံ့ခိုင္မႈအေနအထားကို

ကြၽန္ေတာ္တို႔ စမ္းသပ္စစ္ေဆးသြားမွာျဖစ္ၿပီး အသင္းအတြက္

အျမန္ဆုံးပါဝင္ကစားႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္။

ကြၽန္ေတာ္တို႔အသင္းမွာ ဘိုင္လီက ဒဏ္ရာရေနသလို

ကစားသမားတခ်ိဳ႕ကိုလည္း အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲအတြက္

ဆုံးရႈံးထားရတာေၾကာင့္ အသင္းတိုက္စစ္ကို ဦးေဆာင္ႏိုင္မယ့္

ေကာ္တင္ဟိုလိုကစားသမားမ်ိဳး လိုအပ္ေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။