
ယူနိုက်တက်နဲ့အရေးကြီးတဲ့ပွဲစဉ်မတိုင်ခင်မှာတော့ အာဆင်နယ်





နည်းပြအာတီတာဟာ ဖာဂူဆန်ကြီးနဲ့ပက်သတ်လို့ လွမ်းဆွတ်
ပြခဲ့ပါတယ်။ ဖာဂူဆန်ရဲ့ ‘ရက်စက်ကြမ်းကြုတ်သော ရိုးသားမှု’ကို





သူကိုယ်တိုင်ရှာဖွေဖို့ကြိုးစားနေတယ်လို့ဆိုတဲ့အတွက်
စကော့တလန်သားကြီးဟာ အာတီတာရဲ့နည်းပြဘဝကို
လွှမ်းမိုးမှုရှိနေတယ်ဆိုတာသိသာသွားခဲ့တာဖြစ်တယ်။





ဒီပွဲအနိုင်ရမယ်ဆိုရင် မန်စီးတီးကို ၈မှတ်ဖြတ်ထားနိုင်မှာဖြစ်သလို
ချန်ပီယံလမ်းကြောင်းမှာအတားအဆီးတစ်ခုရှင်းသွားမှာပါ။





ဆယ်စုနှစ်အတွင်း အာဆင်နယ်နဲ့ ယူနိုက်တက်ရဲ့အကြီးမားဆုံး
တွေ့ဆုံမှုလို့ဆိုနိုင်ပါတယ်။ အာစင်ဝင်းဂါးလက်ထက်
ယူနိုက်တက်ကို ၈-၂ နဲ့အကြီးမားဆုံးရှုံးခဲ့တဲ့ပွဲအပြီးမှာ





အာတီတာက ကစားသမားဘဝနဲ့ အာဆင်နယ်ကို
ရောက်လာခဲ့သူဖြစ်တယ်။ ဒါနဲ့ပက်သတ်လို့ “အခြေအနေ





အရပ်ရပ်ကြောင့် တစ်ခါတလေမှာ တစ်စုံတစ်ယောက်ကို
အခွင့်အရေးပေးဖို့လိုပါတယ်။ ကံမကောင်းလို့ ၈-၂ နဲ့ရှုံးတယ်လို့
ဆိုနိုင်ပေမဲ့ ရလဒ်ကကွာဟမှုကြီးမားသွားခဲ့တယ်။





ကျွန်တော့်ကို အာဆင်နယ်ကစားသမားဖြစ်စေခဲ့တဲ့ ရလဒ်လို့
မထင်ပေမဲ့ အထောက်အကူတော့ဖြစ်သွားနိုင်တယ်။





ဒါတွေပြီးလို့ သမိုင်းမှာကျန်ခဲ့ပါပြီ” လို့ အာတီတာက ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး အာတီတာက နည်းပြတစ်ယောက်အဖြစ်နဲ့
ဖာဂူဆန်ရဲ့ ရိုးသားတဲ့ပုံစံနဲ့ ခံယူချက်ကိုသဘောကျတယ်လို့





ပြောဆိုခဲ့ပါတယ်။ “ကျွန်တော့်ကို ဆွဲဆောင်နိုင်ခဲ့တာက
သူ့ရဲ့ဖြစ်တည်မှု၊ အရည်မချင်းနဲ့ စကားပြောပုံတွေဖြစ်တယ်။





ကစားသမားတွေအပြင် ပွဲနဲ့ဆိုင်တဲ့ တချို့အရာတွေမှာ
သူ့ရဲ့ထင်မြင်ချက်တွေက ရိုးသားပြီးရက်စက်ပါတယ်။
ကျွန်တော့်စကားတွေပုံမှန်မဟုတ်တော့ဘူးလို့ဆိုနိုင်ပေမဲ့





ပတ်ဝန်းကျင်ကလူတွေနဲ့စကားပြောတာထက် နားထောင်ရတာ
ပိုကောင်းမယ်ထင်တယ်” လို့ စပိန်သားက ပြောဆိုခဲ့ပါတယ်။





zawgyi
မန္ယူနဲ႔ပြဲမတိုင္ခင္မွာ ဖာဂူဆန္ရဲ႕ ‘ရက္စက္ၾကမ္းၾကဳတ္ေသာ ႐ိုးသားမႈ’ ကို အာတီတာ လြမ္းဆြတ္ေန
ယူႏိုက္တက္နဲ႔အေရးႀကီးတဲ့ပြဲစဥ္မတိုင္ခင္မွာေတာ့ အာဆင္နယ္





နည္းျပအာတီတာဟာ ဖာဂူဆန္ႀကီးနဲ႔ပက္သတ္လို႔ လြမ္းဆြတ္
ျပခဲ့ပါတယ္။ ဖာဂူဆန္ရဲ႕ ‘ရက္စက္ၾကမ္းၾကဳတ္ေသာ ႐ိုးသားမႈ’ကို





သူကိုယ္တိုင္ရွာေဖြဖို႔ႀကိဳးစားေနတယ္လို႔ဆိုတဲ့အတြက္
စေကာ့တလန္သားႀကီးဟာ အာတီတာရဲ႕နည္းျပဘဝကို
လႊမ္းမိုးမႈရွိေနတယ္ဆိုတာသိသာသြားခဲ့တာျဖစ္တယ္။





ဒီပြဲအႏိုင္ရမယ္ဆိုရင္ မန္စီးတီးကို ၈မွတ္ျဖတ္ထားႏိုင္မွာျဖစ္သလို
ခ်န္ပီယံလမ္းေၾကာင္းမွာအတားအဆီးတစ္ခုရွင္းသြားမွာပါ။





ဆယ္စုႏွစ္အတြင္း အာဆင္နယ္နဲ႔ ယူႏိုက္တက္ရဲ႕အႀကီးမားဆုံး
ေတြ႕ဆုံမႈလို႔ဆိုႏိုင္ပါတယ္။ အာစင္ဝင္းဂါးလက္ထက္
ယူႏိုက္တက္ကို ၈-၂ နဲ႔အႀကီးမားဆုံးရႈံးခဲ့တဲ့ပြဲအၿပီးမွာ





အာတီတာက ကစားသမားဘဝနဲ႔ အာဆင္နယ္ကို
ေရာက္လာခဲ့သူျဖစ္တယ္။ ဒါနဲ႔ပက္သတ္လို႔ “အေျခအေန





အရပ္ရပ္ေၾကာင့္ တစ္ခါတေလမွာ တစ္စုံတစ္ေယာက္ကို
အခြင့္အေရးေပးဖို႔လိုပါတယ္။ ကံမေကာင္းလို႔ ၈-၂ နဲ႔ရႈံးတယ္လို႔
ဆိုႏိုင္ေပမဲ့ ရလဒ္ကကြာဟမႈႀကီးမားသြားခဲ့တယ္။





ကြၽန္ေတာ့္ကို အာဆင္နယ္ကစားသမားျဖစ္ေစခဲ့တဲ့ ရလဒ္လို႔
မထင္ေပမဲ့ အေထာက္အကူေတာ့ျဖစ္သြားႏိုင္တယ္။





ဒါေတြၿပီးလို႔ သမိုင္းမွာက်န္ခဲ့ပါၿပီ” လို႔ အာတီတာက ဆိုခဲ့ပါတယ္။
ဆက္လက္ၿပီး အာတီတာက နည္းျပတစ္ေယာက္အျဖစ္နဲ႔
ဖာဂူဆန္ရဲ႕ ႐ိုးသားတဲ့ပုံစံနဲ႔ ခံယူခ်က္ကိုသေဘာက်တယ္လို႔





ေျပာဆိုခဲ့ပါတယ္။ “ကြၽန္ေတာ့္ကို ဆြဲေဆာင္ႏိုင္ခဲ့တာက
သူ႔ရဲ႕ျဖစ္တည္မႈ၊ အရည္မခ်င္းနဲ႔ စကားေျပာပုံေတြျဖစ္တယ္။





ကစားသမားေတြအျပင္ ပြဲနဲ႔ဆိုင္တဲ့ တခ်ိဳ႕အရာေတြမွာ
သူ႔ရဲ႕ထင္ျမင္ခ်က္ေတြက ႐ိုးသားၿပီးရက္စက္ပါတယ္။
ကြၽန္ေတာ့္စကားေတြပုံမွန္မဟုတ္ေတာ့ဘူးလို႔ဆိုႏိုင္ေပမဲ့





ပတ္ဝန္းက်င္ကလူေတြနဲ႔စကားေျပာတာထက္ နားေထာင္ရတာ
ပိုေကာင္းမယ္ထင္တယ္” လို႔ စပိန္သားက ေျပာဆိုခဲ့ပါတယ္။