မန်ယူနဲ့ကက်စ်မီရိုကို ရုပ်တည်ကြီးနဲ့ ရိခဲ့တဲ့ ယူအီးအက်ဖ်အေ ယူရိုပါလိဂ်တွစ်တာအကောင့်

ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရလို့ အသင်းကနေ ထွက်မယ်တကဲကဲလုပ်နေတဲ့ စီရော်နယ်ဒိုကြောင့် မန်ယူ အမာခံပရိသတ်တချို့ အလိုမကျ ဖြစ်နေရတဲ့အထဲ ယူအီးအက်ဖ်အေရဲ့ယူရိုပါလိဂ် တွစ်တာအကောင့်ကို ပိုင်စိုးပါတဲ့ ဆရာသမားတို့ရဲ့လုပ်ရပ်ကြောင့်

သရဲနီပရိသတ်တွေ ပေါက်ကွဲကုန်ကြပါပြီ။ ယူအီးအက်ဖ်အေရဲ့ တရားဝင် ယူရိုပါလိဂ်တွစ်တာအကောင့်မှာ Follow လုပ်ထားသူဦးရေ ၁၀ သန်းကျော်ရှိပါတယ်။ ပို့စ်တစ်ခုတင်တာနဲ့ သတင်းက ချက်ချင်းဆိုသလို ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့သွားနိုင်တဲ့စွမ်းအားမျိုး ပိုင်ဆိုင်ထားတဲ့

အကောင့်ပါပဲ။ ချန်ပီယံလိဂ် မဲခွဲပွဲလုပ်တဲ့နေ့မှာပဲ ယူရိုပါလိဂ်တွစ်တာအကောင့်မှာ မန်ယူဂျာစီဝတ်ဆင်ထားတဲ့ ကက်စ်မီရိုရဲ့ ဓာတ်ပုံကိုတင်ထားပြီး တစ်ဖက်မှာ ယူရိုပါလိဂ် Logo ပုံကို တွဲလျက် ပို့စ်တင်ခဲ့ပါတယ်။ နောက်ပြီး ကက်စ်မီရိုဟာ ခြိမ်းခြောက်မှုအသစ်ပဲဆိုတဲ့

ခေါင်းစဉ်လည်း ရေးထိုးထားခဲ့ပါတယ်။ အမှန်တော့ အဲဒီပို့စ်ဟာ မန်ယူအသင်းနဲ့ ပရိသတ်တွေကို ထိကပါးရိကပါးနဲ့ မခံချင်အောင် ရည်ရွယ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လိုင်းပေါ်မှာရှိနေတဲ့ ပရိသတ်တွေအကုန်လုံးနီးပါးကတော့ ဆိုလိုရင်းကို သိနေပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် “ ယူရိုပါလိဂ် admin တွေကတော့ ဝင်နှောက်နေပြန်ပြီကွာ ” ဆိုပြီး မန်ယူပရိသတ်တစ်ယောက်က တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့ “ ရူးနှမ်းနေတဲ့ ယူရိုပါလိဂ်ကြီးက ကက်စ်မီရိုကို တွစ်တာပို့စ်တွေ တင်နေတယ် ” လို့ ရေးသားပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ “ ငါတို့ဘာသာ ငါတို့ နေလို့မရဘူးလားကွာ။ ကျေးဇူးပြုပြီး ….” ဆိုပြီး တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ချန်ပီယံလိဂ် မဲခွဲပွဲ အခမ်းအနားရှိနေလို့ တစ်ကမ္ဘာလုံးက

ပရိသတ်တွေဟာ လိုင်းပေါ်တက်ပြီး စိတ်ဝင်တစား စောင့်ကြည့်နေတဲ့အချိန်မှာ ပွဲဆူအောင်လုပ်လိုက်တဲ့ ယူအီးအက်ဖ်အေ ယူရိုပါလိဂ်တွစ်တာအကောင့် ထိန်းချုပ်သူ ဆရာသမားတွေကြောင့် မန်ယူပရိသတ်တွေ တင်းနေတာတော့ အမှန်ပါပဲ။

(zawgyi)

ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္မရလို႔ အသင္းကေန ထြက္မယ္တကဲကဲလုပ္ေနတဲ့ စီေရာ္နယ္ဒိုေၾကာင့္ မန္ယူ အမာခံပရိသတ္တခ်ိဳ႕ အလိုမက် ျဖစ္ေနရတဲ့အထဲ ယူအီးအက္ဖ္ေအရဲ႕ယူ႐ိုပါလိဂ္ တြစ္တာအေကာင့္ကို ပိုင္စိုးပါတဲ့ ဆရာသမားတို႔ရဲ႕လုပ္ရပ္ေၾကာင့္

သရဲနီပရိသတ္ေတြ ေပါက္ကြဲကုန္ၾကပါၿပီ။ ယူအီးအက္ဖ္ေအရဲ႕ တရားဝင္ ယူ႐ိုပါလိဂ္တြစ္တာအေကာင့္မွာ Follow လုပ္ထားသူဦးေရ ၁၀ သန္းေက်ာ္ရွိပါတယ္။ ပို႔စ္တစ္ခုတင္တာနဲ႔ သတင္းက ခ်က္ခ်င္းဆိုသလို ကမာၻတစ္ဝန္းကို ပ်ံ႕ႏွံ႔သြားႏိုင္တဲ့စြမ္းအားမ်ိဳး ပိုင္ဆိုင္ထားတဲ့

အေကာင့္ပါပဲ။ ခ်န္ပီယံလိဂ္ မဲခြဲပြဲလုပ္တဲ့ေန႔မွာပဲ ယူ႐ိုပါလိဂ္တြစ္တာအေကာင့္မွာ မန္ယူဂ်ာစီဝတ္ဆင္ထားတဲ့ ကက္စ္မီ႐ိုရဲ႕ ဓာတ္ပုံကိုတင္ထားၿပီး တစ္ဖက္မွာ ယူ႐ိုပါလိဂ္ Logo ပုံကို တြဲလ်က္ ပို႔စ္တင္ခဲ့ပါတယ္။ ေနာက္ၿပီး ကက္စ္မီ႐ိုဟာ ၿခိမ္းေျခာက္မႈအသစ္ပဲဆိုတဲ့ ေခါင္းစဥ္လည္း

ေရးထိုးထားခဲ့ပါတယ္။ အမွန္ေတာ့ အဲဒီပို႔စ္ဟာ မန္ယူအသင္းနဲ႔ ပရိသတ္ေတြကို ထိကပါးရိကပါးနဲ႔ မခံခ်င္ေအာင္ ရည္႐ြယ္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ လိုင္းေပၚမွာရွိေနတဲ့ ပရိသတ္ေတြအကုန္လုံးနီးပါးကေတာ့ ဆိုလိုရင္းကို သိေနၿပီးသား ျဖစ္ပါတယ္။

ဒါေၾကာင့္ “ ယူ႐ိုပါလိဂ္ admin ေတြကေတာ့ ဝင္ေႏွာက္ေနျပန္ၿပီကြာ ” ဆိုၿပီး မန္ယူပရိသတ္တစ္ေယာက္က တြစ္တာမွာ ပို႔စ္တင္ခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့ “ ႐ူးႏွမ္းေနတဲ့ ယူ႐ိုပါလိဂ္ႀကီးက ကက္စ္မီ႐ိုကို တြစ္တာပို႔စ္ေတြ တင္ေနတယ္ ” လို႔ ေရးသားပါတယ္။

ေနာက္ထပ္တစ္ေယာက္ကေတာ့ “ ငါတို႔ဘာသာ ငါတို႔ ေနလို႔မရဘူးလားကြာ။ ေက်းဇူးျပဳၿပီး ….” ဆိုၿပီး တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ မဲခြဲပြဲ အခမ္းအနားရွိေနလို႔ တစ္ကမာၻလုံးက

ပရိသတ္ေတြဟာ လိုင္းေပၚတက္ၿပီး စိတ္ဝင္တစား ေစာင့္ၾကည့္ေနတဲ့အခ်ိန္မွာ ပြဲဆူေအာင္လုပ္လိုက္တဲ့ ယူအီးအက္ဖ္ေအ ယူ႐ိုပါလိဂ္တြစ္တာအေကာင့္ ထိန္းခ်ဳပ္သူ ဆရာသမားေတြေၾကာင့္ မန္ယူပရိသတ္ေတြ တင္းေနတာေတာ့ အမွန္ပါပဲ။