မန်ယူနည်းပြအဖြစ်တာဝန်ယူခဲ့စဉ်က အုပ်ချုပ်မှုအဆင့်ကိုခွဲခြမ်းစိတ်ဖြာတဲ့အနေနဲ့ ၁၆၈ ပွဲစလုံးကို ဆိုးလ်ရှားပြန်လည်ကြည့်ရှုခဲ့

မန်ယူကစားသမားဘဝမှာ သရဲနီတွေအတွက် ၁၂၆ဂိုး သွင်းပေးခဲ့တဲ့ ဆိုးလ်ရှားဟာ မော်ရင်ဟိုထုတ်ပယ်ခံရပြီးနောက် အိုးလ်ထရက်ဖို့ဒ်ကိုယာယီနည်းပြအဖြစ်စတင်ရောက်ရှိခဲ့သူဖြစ်တယ်။

နောက်ပိုင်းမှာတော့ အစွမ်းအစကောင်းတစ်ချို့ပြသနိုင်တဲ့ နော်ဝေသားဟာ မန်ယူရဲ့အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရတာပါ။ ဆိုးလ်ရှားလက်ထက် ၁၆၈ ပွဲမှာ မန်ယူက ၉၁ပွဲနိုင်၊ ၃၇ပွဲ သရေ၊

ပွဲ ၄၀ရှုံးရလဒ်ထွက်ပေါ်ခဲ့ပြီး အနိုင်ရရှိမှု ၅၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ နိုဝင်ဘာအတွင်းကစားခဲ့တဲ့ပွဲမှာ ဝက်ဖို့ဒ်ကို ၄-၁ဂိုးနဲ့ စိတ်ပျက်စရာရှုံးပွဲကြုံခဲ့သလို ပရီးမီးယားလိဂ် ၁၂ပွဲမှာ ၅ပွဲ

အထိရှုံးပြီး အဆင့် ၉နေရာအထိရောက်ရှိခဲ့တာကြောင့် မန်ယူအသင်းဟာ ဆိုးလ်ရှားနဲ့လမ်းခွဲခဲ့တာဖြစ်တယ်။ အချိန်အားဖြင့် တစ်နှစ်ခွဲနီးပါးကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ ဆိုးလ်ရှားဟာ သူကိုင်တွယ်ခဲ့တဲ့ ၁၆၈ပွဲ

စလုံးကိုတစ်ပွဲချင်းစီ ပြန်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာခဲ့တယ်လို့ ဗြိတိန်အားကစားဝက်ဘ်ဆိုက် The Athletic ကဖော်ပြလိုက်ပါတယ်။ ဆိုးလ်ရှားရဲ့ မန်ယူနည်းပြဘဝရပ်တည်မှုက ရုပ်ပျက်လောက်တဲ့

အထိဆိုးရွားခြင်းမရှိသလို ၂၀၁၉ မတ်လအတွင်းကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီကိုနောက်ကောက်ချနိုင်ခဲ့တဲ့ပွဲက အလွန်စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။

ပီအက်စ်ဂျီကိုကျော်ဖြတ်နိုင်ခြင်းနဲ့အတူ ဆိုးလ်ရှားရဲ့အသင်းကို နောက်ခံလူဟောင်းဖာဒီနန်က ‘ယူနိုက်တက်ပြန်လာပြီဟေ့’ လို့ ဟစ်ကြွေးခဲ့တာတွေကအမှတ်တရအဖြစ်ရှိနေမှာပါ။

(Zawgyi)

မန္ယူနည္းျပအျဖစ္တာဝန္ယူခဲ့စဥ္က အုပ္ခ်ဳပ္မႈအဆင့္ကိုခြဲျခမ္းစိတ္ျဖာတဲ့အေနနဲ႔ ၁၆၈ ပြဲစလုံးကို ဆိုးလ္ရွားျပန္လည္ၾကည့္ရႈခဲ့

မန္ယူကစားသမားဘဝမွာ သရဲနီေတြအတြက္ ၁၂၆ဂိုး သြင္းေပးခဲ့တဲ့ ဆိုးလ္ရွားဟာ ေမာ္ရင္ဟိုထုတ္ပယ္ခံရၿပီးေနာက္ အိုးလ္ထရက္ဖို႔ဒ္ကိုယာယီနည္းျပအျဖစ္စတင္ေရာက္ရွိခဲ့သူျဖစ္တယ္။

ေနာက္ပိုင္းမွာေတာ့ အစြမ္းအစေကာင္းတစ္ခ်ိဳ႕ျပသႏိုင္တဲ့ ေနာ္ေဝသားဟာ မန္ယူရဲ႕အၿမဲတမ္းနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရတာပါ။ ဆိုးလ္ရွားလက္ထက္ ၁၆၈ ပြဲမွာ မန္ယူက ၉၁ပြဲႏိုင္၊

၃၇ပြဲ သေရ၊ ပြဲ ၄၀ရႈံးရလဒ္ထြက္ေပၚခဲ့ၿပီး အႏိုင္ရရွိမႈ ၅၄ ရာခိုင္ႏႈန္းရွိခဲ့ပါတယ္။ ဒါေပမဲ့ ၂၀၂၁ ႏိုဝင္ဘာအတြင္းကစားခဲ့တဲ့ပြဲမွာ ဝက္ဖို႔ဒ္ကို ၄-၁ဂိုးနဲ႔ စိတ္ပ်က္စရာရႈံးပြဲႀကဳံခဲ့သလို

ပရီးမီးယားလိဂ္ ၁၂ပြဲမွာ ၅ပြဲ အထိရႈံးၿပီး အဆင့္ ၉ေနရာအထိေရာက္ရွိခဲ့တာေၾကာင့္ မန္ယူအသင္းဟာ ဆိုးလ္ရွားနဲ႔လမ္းခြဲခဲ့တာျဖစ္တယ္။ အခ်ိန္အားျဖင့္ တစ္ႏွစ္ခြဲနီးပါးၾကာျမင့္ခဲ့ၿပီျဖစ္ေပမဲ့

ဆိုးလ္ရွားဟာ သူကိုင္တြယ္ခဲ့တဲ့ ၁၆၈ပြဲ စလုံးကိုတစ္ပြဲခ်င္းစီျပန္ၾကည့္ၿပီးခြဲျခမ္းစိတ္ျဖာခဲ့တယ္လို႔ ၿဗိတိန္အားကစားဝက္ဘ္ဆိုက္ The Athletic ကေဖာ္ျပလိုက္ပါတယ္။ ဆိုးလ္ရွားရဲ႕ မန္ယူနည္းျပဘဝရပ္တည္မႈက

႐ုပ္ပ်က္ေလာက္တဲ့အထိဆိုး႐ြားျခင္းမရွိသလို ၂၀၁၉ မတ္လအတြင္းကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ျပင္သစ္ထိပ္သီး ပီအက္စ္ဂ်ီကိုေနာက္ေကာက္ခ်ႏိုင္ခဲ့တဲ့ပြဲက အလြန္စိတ္ဝင္စားဖို႔ေကာင္းခဲ့ပါတယ္။

ပီအက္စ္ဂ်ီကိုေက်ာ္ျဖတ္ႏိုင္ျခင္းနဲ႔အတူ ဆိုးလ္ရွားရဲ႕အသင္းကို ေနာက္ခံလူေဟာင္းဖာဒီနန္က ‘ယူႏိုက္တက္ျပန္လာၿပီေဟ့’ လို႔ ဟစ္ေႂကြးခဲ့တာေတြကအမွတ္တရအျဖစ္ရွိေနမွာပါ။