မန်ယူနည်းပြသစ်ဖြစ်လာနိုင်ဖို့ အခွင့်အရေးနည်းသွားပြီဖြစ်တဲ့ ရော်ဂျာ

လက်စတာနည်းပြဘရန်ဒန်ရော်ဂျာဟာ မန်ယူရဲ့အမြဲတမ်းနည်းပြနေရာအတွက်

သတင်းကြီးခဲ့သူဖြစ်ပြီး အဲဒီအတွက် ဖေးဘရိတ်တစ်ယောက် ဖြစ်ခဲ့သူပါ။

အခုတော့ သူဟာ နောက်ထုတ်ပယ်ခံရနိုင်တဲ့ပရီမီးယားလိဂ်နည်းပြအဖြစ်

ရေပန်းစားသူတွေထဲက တစ်ယောက်ဖြစ်နေပါပြီ။

ပြီးခဲ့တဲ့အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ ချန်ပီယံရှစ်ကလပ်

နော်တင်ဟမ်ဖောရက်စ်ကို ၄-၁ နဲ့ ဂိုးပြတ်ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရပြီးနောက်

ရော်ဂျာအပေါ် ဖိအားတွေပိုတိုးလာခဲ့တာလည်း ဖြစ်ပါတယ်။

အောက်တန်းအသင်းနဲ့အဲဒီပွဲမှာဆိုရင် ရော်ဂျာရဲ့အသင်းဟာ

၃၂ မိနစ်ကတည်းက ၃ ဂိုးပြတ်ရှုံးနေခဲ့တာပါ။

ဒါကြောင့်လည်း ဘွတ်ကီဒိုင်တစ်ခုက ၄၉ နှစ်အရွယ် ရော်ဂျာကို

နောက်ထုတ်ပယ်ခံရနိုင်တဲ့ပရီးမီးယားလိဂ်နည်းပြအဖြစ်

ရေပန်းစားသူတွေထဲက တစ်ယောက်အဖြစ် ကြေးသတ်မှတ်လိုက်ပါတယ်။

ရော်ဂျာရဲ့လက်စတာဟာ ပြိုင်ပွဲအရပ်ရပ်ရုန်းကန်နေရတဲ့

ရာသီတစ်ခုကို ဖြတ်သန်းနေရတာပါ။

သူတို့ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၁၀ နေရာရောက်နေပြီး

ချန်ပီယံလိဂ်ဝင်ခွင့်နေရာတွေနဲ့ ၁၂ မှတ်တောင် ကွာဟနေပါတယ်။

ဒါ့အပြင် လက်စတာဟာ ဒီရာသီမှာ ယူရိုပါလိဂ်အုပ်စုအဆင့်ကနေ ထွက်ထားရပြီး

ကာရာဘောင်းကွာတားဖိုင်နယ်တုန်းကလည်း လူမစုံတဲ့လီဗာပူးကို

ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။

လက်စတာအနေနဲ့ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ပွဲ ၂၀ မှာ ၇ ပွဲသာအနိုင်ရခဲ့တာပါ။

လက်ရှိအခြေအနေကြောင့် ရော်ဂျာဟာ အနာဂါတ်မှာ

မန်ယူနည်းပြသစ်ဖြစ်လာနိုင်ဖို့ အခွင့်အရေးနည်းသွားပါတယ်။

zawgyi

မန္ယူနည္းျပသစ္ျဖစ္လာႏိုင္ဖို႔ အခြင့္အေရးနည္းသြားၿပီျဖစ္တဲ့ ေရာ္ဂ်ာ

လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာဟာ မန္ယူရဲ႕အၿမဲတမ္းနည္းျပေနရာအတြက္

သတင္းႀကီးခဲ့သူျဖစ္ၿပီး အဲဒီအတြက္ ေဖးဘရိတ္တစ္ေယာက္ ျဖစ္ခဲ့သူပါ။

အခုေတာ့ သူဟာ ေနာက္ထုတ္ပယ္ခံရႏိုင္တဲ့ပရီမီးယားလိဂ္နည္းျပအျဖစ္

ေရပန္းစားသူေတြထဲက တစ္ေယာက္ျဖစ္ေနပါၿပီ။

ၿပီးခဲ့တဲ့အက္ဖ္ေအဖလားစတုတၳအဆင့္မွာ ခ်န္ပီယံရွစ္ကလပ္

ေနာ္တင္ဟမ္ေဖာရက္စ္ကို ၄-၁ နဲ႔ ဂိုးျပတ္ရႈံးၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရၿပီးေနာက္

ေရာ္ဂ်ာအေပၚ ဖိအားေတြပိုတိုးလာခဲ့တာလည္း ျဖစ္ပါတယ္။

ေအာက္တန္းအသင္းနဲ႔အဲဒီပြဲမွာဆိုရင္ ေရာ္ဂ်ာရဲ႕အသင္းဟာ

၃၂ မိနစ္ကတည္းက ၃ ဂိုးျပတ္ရႈံးေနခဲ့တာပါ။

ဒါေၾကာင့္လည္း ဘြတ္ကီဒိုင္တစ္ခုက ၄၉ ႏွစ္အ႐ြယ္ ေရာ္ဂ်ာကို

ေနာက္ထုတ္ပယ္ခံရႏိုင္တဲ့ပရီးမီးယားလိဂ္နည္းျပအျဖစ္

ေရပန္းစားသူေတြထဲက တစ္ေယာက္အျဖစ္ ေၾကးသတ္မွတ္လိုက္ပါတယ္။

ေရာ္ဂ်ာရဲ႕လက္စတာဟာ ၿပိဳင္ပြဲအရပ္ရပ္႐ုန္းကန္ေနရတဲ့

ရာသီတစ္ခုကို ျဖတ္သန္းေနရတာပါ။

သူတို႔ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၁၀ ေနရာေရာက္ေနၿပီး

ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာေတြနဲ႔ ၁၂ မွတ္ေတာင္ ကြာဟေနပါတယ္။

ဒါ့အျပင္ လက္စတာဟာ ဒီရာသီမွာ ယူ႐ိုပါလိဂ္အုပ္စုအဆင့္ကေန ထြက္ထားရၿပီး

ကာရာေဘာင္းကြာတားဖိုင္နယ္တုန္းကလည္း လူမစုံတဲ့လီဗာပူးကို

ပင္နယ္တီအဆုံးအျဖတ္နဲ႔ရႈံးၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရပါတယ္။

လက္စတာအေနနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ပြဲ ၂၀ မွာ ၇ ပြဲသာအႏိုင္ရခဲ့တာပါ။

လက္ရွိအေျခအေနေၾကာင့္ ေရာ္ဂ်ာဟာ အနာဂါတ္မွာ

မန္ယူနည္းျပသစ္ျဖစ္လာႏိုင္ဖို႔ အခြင့္အေရးနည္းသြားပါတယ္။