မန်ယူနည်းပြရာထူးကို ကျားချောင်း ချောင်းနေတဲ့ တိုက်စစ်မှူးဟောင်း ရွန်နေး

မန်ယူကစားသမားဟောင်း ဝိန်းရွန်နေးဟာ လက်ရှိ မန်ယူနည်းပြ အဲရစ် တန်ဟတ်ဆီကို မကြာခဏဆိုသလို အလည်လာတတ်ပြီး ရင်းနှီးမှုတွေ

ပိုရ လာအောင် မိတ်ဖွဲ့နေတယ်လို့ သိရပါတယ်။ အင်္ဂလန်ကစားသမားဟောင်း ဟာ မန်ယူအသင်းရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ပုံမှန်လာရောက်

တတ်တဲ့အကျင့်ရှိပြီး တန်ဟတ်နဲ့လည်း စကားစမြည် ပြောဆိုတာမျိုး ရှိတယ်လို့ The Sun သတင်းစာက ရေးသားဖော်ပြပါတယ်။ နောက်ပြီး

လေ့ကျင့်ရေး ကွင်းကို အလည်လာတဲ့အခါတိုင်းမှာဆိုရင်လည်း အရပ်ဝတ်နဲ့ လာတာမျိုး မဟုတ်ဘဲ အားကစားဝတ်စုံ (Tracksuit) လိုမျိုးကို

အမြဲတမ်း ဝတ်လာလေ့ ရှိတယ်လို့ သိရပါတယ်။ ဒီစီယူနိုက်တက် နည်းပြ ရွန်နေးဟာ မေဂျာလိဂ်ပွဲစဉ် တွေ ပြီးဆုံးသွားပြီဖြစ်တာကြောင့်

အင်္ဂလန်ကို ပြန်ရောက်နေတာဖြစ်ပြီး မန် ယူလေ့ကျင့်ရေးကွင်းကို ပုံမှန် အလည်လာတဲ့အပြင် သူ့ရဲ့ သားတွေကိုလည်း အတူခေါ်လာသလို လူငယ်အကယ်ဒမီအသင်းနဲ့အတူ

လေ့ကျင့်မှု တွေလည်း ပြုလုပ်ပေးနေပါတယ်။ The Sun ရဲ့ ရေးသားချက်အရ ဆိုရင် တော့ အဲဗာတန် တိုက်စစ်မှူးဟောင်းဟာ နည်းပြ

တန်ဟတ်ရဲ့ အတွေ့အကြုံ နဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေကို လာရောက် လေ့လာတဲ့ သဘောမျိုးဖြစ်ပြီး ဥရောပအဆင့် နည်းပြတစ်ယောက် ဖြစ်လာဖို့အတွက်

ဝမ်းစာ ဖြည့်တဲ့သဘောမျိုး ဖြစ်တယ်လို့ သိရပါတယ်။ ‘’ရွန်နေးက အဲရစ်တန်ဟတ်နဲ့ တွေ့တယ်။ နောက်ပြီး သူက အရမ်းသဘောကျနေတာ။

ဖာဂူဆန်လက်သစ်တစ်ယောက်ကို မြင်ရသလိုမျိုး သူက ထင်နေတာ။ သူက စိတ်တစ်ခုတည်းအပေါ်မှာအာရုံထားပြီး စူးစိုက်မှု အားကောင်းတယ်။

နောက်ပြီး ပြတ်သားမှုရှိသလို သူနည်းပြချင်တဲ့ အသင်းကို မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ အမြင်မျိုးပါပဲ။ သူက ဝါရင့် နည်းပြတွေဆီကနေပြီး

အတွေ့အကြုံ တွေကို လာပြီး လေ့လာတဲ့ သဘောမျိုးပါ’’ လို့ The Sun ရဲ့ သတင်းရင်းမြစ် တွေက ပြောပါတယ်။ ဒါပေမဲ့ တခြားသူတွေရဲ့ အမြင်မှာတော့

ရွန်နေးဟာ မန်ယူနည်းပြရာထူးကို မျက်စိကျနေသူဖြစ်ပြီး တကယ်လို့များ အသင်းကနေ တန်ဟတ် အထုတ်ခံရတာမျိုး ဒါမှမဟုတ်

ထွက်သွားတာမျိုးဆိုရင်တော့ အိုးလ်ထရက်ဖို့ဒ်ရဲ့ နည်းပြထိုင်ခုံပေါ်ကို တက်ထိုင်ချင်တဲ့သဘောမျိုး ရှိနေတယ်လို့ ပြောဆိုနေကြပြီဖြစ်ပါတယ်။

(Zawgyi)

မန္ယူနည္းျပရာထူးကုိ က်ားေခ်ာင္းေခ်ာင္းေနတဲ့ တုိက္စစ္မွဴးေဟာင္း ရြန္ေနး

မန္ယူကစားသမားေဟာင္း ၀ိန္းရြန္ေနးဟာ လက္ရွိ မန္ယူနည္းျပ အဲရစ္ တန္ဟတ္ဆီကုိ မၾကာခဏဆုိသလုိ အလည္လာတတ္ၿပီး

ရင္းႏွီးမႈေတြ ပုိရ လာေအာင္ မိတ္ဖြဲ႕ေနတယ္လုိ႔ သိရပါတယ္။ အဂၤလန္ကစားသမားေဟာင္း ဟာ မန္ယူအသင္းရဲ႕ ကာရင္တန္ ေလ့က်င့္ေရးကြင္းကုိ

ပုံမွန္ လာေရာက္ တတ္တဲ့အက်င့္ရွိၿပီး တန္ဟတ္နဲ႔လည္း စကားစျမည္ ေျပာဆုိတာမ်ဳိး ရွိတယ္ လုိ႔ The Sun သတင္းစာက ေရးသားေဖာ္ျပပါတယ္။

ေနာက္ၿပီး ေလ့က်င့္ေရး ကြင္းကုိ အလည္လာတဲ့အခါတုိင္းမွာဆုိရင္လည္း အရပ္၀တ္နဲ႔ လာတာမ်ဳိး မဟုတ္ဘဲ အားကစား၀တ္စုံ (Tracksuit) လုိမ်ဳိးကုိ

အၿမဲတမ္း ၀တ္လာေလ့ ရွိတယ္လုိ႔ သိရပါတယ္။ ဒီစီယူႏုိက္တက္ နည္းျပ ရြန္ေနးဟာ ေမဂ်ာလိဂ္ပြဲစဥ္ ေတြ ၿပီးဆုံးသြားၿပီျဖစ္တာေၾကာင့္

အဂၤလန္ကုိ ျပန္ေရာက္ေနတာျဖစ္ၿပီး မန္ ယူေလ့က်င့္ေရးကြင္းကုိ ပုံမွန္ အလည္လာတဲ့အျပင္ သူ႔ရဲ႕ သားေတြကုိ လည္း အတူေခၚလာသလုိ

လူငယ္ အကယ္ဒမီအသင္းနဲ႔အတူ ေလ့က်င့္မႈ ေတြလည္း ျပဳလုပ္ေပးေနပါတယ္။ The Sun ရဲ႕ ေရးသားခ်က္အရ ဆုိရင္ ေတာ့

အဲဗာတန္ တုိက္စစ္မွဴးေဟာင္းဟာ နည္းျပ တန္ဟတ္ရဲ႕ အေတြ႕အၾကံဳ နဲ႔ နည္းျပအဖြဲ႕၀င္ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကုိ လာေရာက္ ေလ့လာတဲ့ သေဘာမ်ဳိးျဖစ္ၿပီး

ဥေရာပအဆင့္ နည္းျပတစ္ေယာက္ ျဖစ္လာဖုိ႔အတြက္ ၀မ္းစာ ျဖည့္တဲ့သေဘာမ်ဳိး ျဖစ္တယ္လုိ႔ သိရပါတယ္။ ‘’ရြန္ေနးက အဲရစ္ တန္ဟတ္နဲ႔ ေတြ႕တယ္။

ေနာက္ၿပီး သူက အရမ္းသေဘာက်ေနတာ။ ဖာဂူ ဆန္လက္သစ္တစ္ေယာက္ကုိ ျမင္ရသလုိမ်ဳိး သူက ထင္ေနတာ။ သူက စိတ္ တစ္ခုတည္းအေပၚမွာအာရုံထားၿပီး စူးစုိက္မႈ အားေကာင္းတယ္။

ေနာက္ၿပီး ျပတ္သားမႈရွိသလုိ သူနည္းျပခ်င္တဲ့ အသင္းကုိ မေရာက္ေရာက္ေအာင္ သြား မယ္ဆုိတဲ့ အျမင္မ်ဳိးပါပဲ။ သူက ၀ါရင့္ နည္းျပေတြဆီကေနၿပီး

အေတြ႕အၾကံဳ ေတြကုိ လာၿပီး ေလ့လာတဲ့ သေဘာမ်ဳိးပါ’’ လုိ႔ The Sun ရဲ႕ သတင္းရင္းျမစ္ ေတြက ေျပာပါတယ္။

ဒါေပမဲ့ တျခားသူေတြရဲ႕ အျမင္မွာေတာ့ ရြန္ေနးဟာ မန္ယူနည္းျပရာထူးကုိ မ်က္စိက်ေနသူျဖစ္ၿပီး တကယ္လုိ႔မ်ား အသင္းကေန တန္ဟတ္ အထုတ္ခံရတာမ်ဳိး ဒါမွမဟုတ္

ထြက္သြားတာမ်ဳိးဆုိရင္ေတာ့ အုိးလ္ထရက္ဖုိ႔ဒ္ရဲ႕ နည္းျပထုိင္ခုံေပၚကုိ တက္ထုိင္ခ်င္တဲ့သေဘာမ်ဳိး ရွိေန တယ္လုိ႔ ေျပာဆုိေနၾကၿပီျဖစ္ပါတယ္။