မန်ယူတစ်ကို တစ်ယောက်တည်းလိုလို ခံကစားပြသွားခဲ့တဲ့ အိုမိုနီယာဂိုး သမား အူဇိုနို

မန်ယူက အိုမိုနီယာကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဧည့်သည်အသင်း အတွက် ထင်မှတ်မထားလောက်အောင် ကောင်းမွန်လွန်းတဲ့ ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့တဲ့ ဂိုးသမား ဖရန်ဆစ် အူဇိုနိုကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရ ပါတယ်။

မန်ယူဟာ ယူရိုပါလိဂ်မှာ နောက်တစ်ဆင့် တက်နိုင်ရေးအတွက် အိုမိုနီယာနဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်ဟာ အရေးပါခဲ့ပြီး မဖြစ်မနေ အနိုင်ရ ဖို့ လိုအပ်ခဲ့တာပါ။

ဒါပေမဲ့ သရဲနီတွေရဲ့ မျှော်လင့်ချက်ဟာ ပွဲချိန် မိနစ် ၉၀ ကျော်သည်အထိကို အရောင်မှိန်ခဲ့ရတာပါ။

ဆိုစီဒက်ကို ရှုံးထားခဲ့တဲ့ ပွဲစဉ်အခံရှိတဲ့ မန်ယူဟာ ဒီပွဲနိုင်မှသာပဲ အုပ်စုပထမနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အလားအလာရှိမှာပါ။

တကယ်လို့သာ အုပ်စုဒုတိယနဲ့ နောက် တစ်ဆင့်ကို ရောက်သွားခဲ့မယ်ဆိုရင်တော့ တစ်ဖက်မှာ ချန်ပီယံလိဂ်ကနေ ဆင်းကစားမယ့် အသင်းတစ်သင်းနဲ့ ထိပ်တိုက်ဆုံရမှာဖြစ်လို့ ပိုပြီး ခက်ခဲမှု ရှိလာနိုင်တာမျိုးပါ။ ဒါကြောင့် ဒီပွဲမှာ မန်ယူနည်းပြ တန်ဟတ်ဟာ သွင်းဂိုးတွေ ရဖို့အတွက် တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ စီရော်နယ်ဒို၊ အန်တိုနီတို့ကို ထည့်ကစား ခဲ့ပေမယ့် ပထမပိုင်းတစ်ချိန်လုံး အရာမထင်ခဲ့ပါဘူး။

ဘာကြောင့်လဲဆိုတော့ နိုင်ဂျီးရီးယား ဂိုးသမားအူဇိုနိုရဲ့ အံ့မခန်း ကာကွယ်မှုတွေကြောင့်ပဲ ဖြစ်ပါ တယ်။

မန်ယူအသင်းကို စွဲစွဲမြဲမြဲ အားပေးတဲ့ အူဇိုနိုဟာ ဒုတိယပိုင်းမှာလည်း သရဲနီတွေရဲ့ အပိုင်အခွင့်အရေးတွေကို အကောင်းဆုံး ကာကွယ်ပြသွား ခဲ့တယ်။ ဒီပွဲမှာ မန်ယူဟာ ဘောလုံးပိုင်ဆိုင်မှု ၇၈ ရာခိုင်နှုန်းအထိရှိပြီး ဂိုးကန် သွင်းမှုက ၂၅ ကြိမ်အထိ ရှိခဲ့တာပါ။ ဒါပေမဲ့ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ကွင်းလယ်လူ တွမ်မီနေးရဲ့ သွင်းဂိုးတစ်လုံးတည်းနဲ့ပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုလည်း မန်ယူပရိသတ်တွေ ကိုယ်တိုင် ဒေါသထွက် ခဲ့တာမျိုးတွေ ရှိပါတယ်။

‘’ရက်ရှ်ဖို့ဒ်ဆိုတဲ့ကောင်က ပွဲချိန် မိနစ် ၇၀ အတွင်းမှာတင် ၂၀၂၁-၂၂ ဘောလုံးရာသီက သွင်းထားခဲ့တဲ့ ဂိုးအရေအတွက်လောက်ကို သွင်းနိုင်တာမျိုးဟ’’ လို့ ပရိသတ်တစ်ယောက် က တွစ်တာမှာ ရေးခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့ ‘’ပွဲတစ်ပွဲအ တွင်းမှာ တစ်ဂိုးမှ မသွင်းဘဲနဲ့ ဂိုးကန်သွင်းချက်အများဆုံး ကစားသမားက ဘယ်သူလဲကွာ။

ရက်ရှ်ဖို့ဒ်ကတော့ ငါ့ကို အသေသတ်နေပြီဟ’’ လို့ ရေးသား ခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ အိုမိုနီယာအတွက် အစွမ်းကုန် ကာကွယ်ပေး သွားခဲ့တဲ့ အူဇူနိုကို ရုပ်သံကင်မရာတွေက တစ်ချိန်လုံး ရိုက်ကူးတင်ဆက် ပြသသွားခဲ့ပါတယ်။

(Zawgyi)

မန္ယူတစ္ကို တစ္ေယာက္တည္းလိုလို ခံကစားျပသြားခဲ့တဲ့ အိုမိုနီယာဂိုး သမား အူဇိုႏို

မန္ယူက အိုမိုနီယာကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ဧည့္သည္အသင္း အတြက္ ထင္မွတ္မထားေလာက္ေအာင္ ေကာင္းမြန္လြန္းတဲ့ ကာကြယ္မႈေတြ ျပဳလုပ္သြားခဲ့တဲ့ ဂိုးသမား ဖရန္ဆစ္ အူဇိုႏိုေၾကာင့္ အံ့အားသင့္စရာ ျဖစ္ခဲ့ရ ပါတယ္။

မန္ယူဟာ ယူ႐ိုပါလိဂ္မွာ ေနာက္တစ္ဆင့္ တက္ႏိုင္ေရးအတြက္ အိုမိုနီယာနဲ႔ ကစားခဲ့တဲ့ အိမ္ကြင္းပြဲစဥ္ဟာ အေရးပါခဲ့ၿပီး မျဖစ္မေန အႏိုင္ရ ဖို႔ လိုအပ္ခဲ့တာပါ။

ဒါေပမဲ့ သရဲနီေတြရဲ႕ ေမွ်ာ္လင့္ခ်က္ဟာ ပြဲခ်ိန္ မိနစ္ ၉၀ ေက်ာ္သည္အထိကို အေရာင္မွိန္ခဲ့ရတာပါ။ ဆိုစီဒက္ကို ရႈံးထားခဲ့တဲ့ ပြဲစဥ္အခံရွိတဲ့ မန္ယူဟာ ဒီပြဲႏိုင္မွသာပဲ အုပ္စုပထမနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ အလားအလာရွိမွာပါ။ တကယ္လို႔သာ အုပ္စုဒုတိယနဲ႔ ေနာက္ တစ္ဆင့္ကို ေရာက္သြားခဲ့မယ္ဆိုရင္ေတာ့ တစ္ဖက္မွာ ခ်န္ပီယံလိဂ္ကေန ဆင္းကစားမယ့္ အသင္းတစ္သင္းနဲ႔ ထိပ္တိုက္ဆုံရမွာျဖစ္လို႔ ပိုၿပီး ခက္ခဲမႈ ရွိလာႏိုင္တာမ်ိဳးပါ။

ဒါေၾကာင့္ ဒီပြဲမွာ မန္ယူနည္းျပ တန္ဟတ္ဟာ သြင္းဂိုးေတြ ရဖို႔အတြက္ တိုက္စစ္မွာ ရက္ရွ္ဖို႔ဒ္၊ စီေရာ္နယ္ဒို၊ အန္တိုနီတို႔ကို ထည့္ကစား ခဲ့ေပမယ့္ ပထမပိုင္းတစ္ခ်ိန္လုံး အရာမထင္ခဲ့ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ဂ်ီးရီးယား ဂိုးသမားအူဇိုႏိုရဲ႕ အံ့မခန္း ကာကြယ္မႈေတြေၾကာင့္ပဲ ျဖစ္ပါ တယ္။ မန္ယူအသင္းကို စြဲစြဲၿမဲၿမဲ အားေပးတဲ့ အူဇိုႏိုဟာ ဒုတိယပိုင္းမွာလည္း သရဲနီေတြရဲ႕ အပိုင္အခြင့္အေရးေတြကို အေကာင္းဆုံး ကာကြယ္ျပသြား ခဲ့တယ္။ ဒီပြဲမွာ မန္ယူဟာ ေဘာလုံးပိုင္ဆိုင္မႈ ၇၈ ရာခိုင္ႏႈန္းအထိရွိၿပီး ဂိုးကန္ သြင္းမႈက ၂၅ ႀကိမ္အထိ ရွိခဲ့တာပါ။

ဒါေပမဲ့ နာက်င္အခ်ိန္ပိုမွာ သြင္းယူခဲ့တဲ့ ကြင္းလယ္လူ တြမ္မီေနးရဲ႕ သြင္းဂိုးတစ္လုံးတည္းနဲ႔ပဲ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ အပိုင္အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တဲ့ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ကိုလည္း မန္ယူပရိသတ္ေတြ ကိုယ္တိုင္ ေဒါသထြက္ ခဲ့တာမ်ိဳးေတြ ရွိပါတယ္။

‘’ရက္ရွ္ဖို႔ဒ္ဆိုတဲ့ေကာင္က ပြဲခ်ိန္ မိနစ္ ၇၀ အတြင္းမွာတင္ ၂၀၂၁-၂၂ ေဘာလုံးရာသီက သြင္းထားခဲ့တဲ့ ဂိုးအေရအတြက္ေလာက္ကို သြင္းႏိုင္တာမ်ိဳးဟ’’ လို႔ ပရိသတ္တစ္ေယာက္ က တြစ္တာမွာ ေရးခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့ ‘’ပြဲတစ္ပြဲအ တြင္းမွာ တစ္ဂိုးမွ မသြင္းဘဲနဲ႔ ဂိုးကန္သြင္းခ်က္အမ်ားဆုံး ကစားသမားက ဘယ္သူလဲကြာ။

ရက္ရွ္ဖို႔ဒ္ကေတာ့ ငါ့ကို အေသသတ္ေနၿပီဟ’’ လို႔ ေရးသား ခဲ့ပါတယ္။ ဒီပြဲအၿပီးမွာေတာ့ အိုမိုနီယာအတြက္ အစြမ္းကုန္ ကာကြယ္ေပး သြားခဲ့တဲ့ အူဇူႏိုကို ႐ုပ္သံကင္မရာေတြက တစ္ခ်ိန္လုံး ႐ိုက္ကူးတင္ဆက္ ျပသသြားခဲ့ပါတယ္။