မန်ယူဆိုတာ ပရိသတ်နဲ့ထပ်တူကျတယ်ဆိုတာကို ပြလိုက်တဲ့ မာတီနက်ဇ်

ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကက်စ်မီရို ဂိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက် အသင်းဖော်တွေနဲ့အတူ အောင်ပွဲမခံဘဲ ပရိသတ်အုပ်ကြီးထဲ ခုန်ဆင်းသွားပြီး အောင်ပွဲခံခဲ့တဲ့ နောက်ခံလူ မာတီနက်ဇ်က သူ့ရဲ့ အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး ရှင်း ချက်ထုတ်လိုက်ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ယူဟာ ပြိုင်ဘက်ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ ပွဲချိန် ၈၇ မိနစ် ပင်နယ်တီ သွင်းဂိုးကြောင့် ရှုံးတော့မလို ဖြစ်ခဲ့ရပေမယ့်

နာကျင်အချိန်ပိုမှာတော့ ကက်စ် မီရိုရဲ့ ချေပဂိုးကြောင့် သရေတစ်မှတ်ရရှိခဲ့ပါတယ်။

ဒီဂိုးကို သွင်းယူပြီးချိန်မှာ တော့ ဂိုးသွင်းသူ ကက်စ်မီရို အပါအဝင် မန်ယူအသင်းသားတွေ အကုန်လုံး နီးပါးဟာ ပေါက်ကွဲအားပြင်းပြင်းနဲ့ အောင်ပွဲခံခဲ့ကြပေမယ့် အာဂျင်တီးနားသား မာတီနက်ဇ်ကတော့ အသင်းဖော်တွေနဲ့အတူ ရှိမနေခဲ့ပါဘူး။

ဒီ သရဲနီ တပ်သားဟာ မန်ယူ ဂိုးသွင်းပြီးချိန်မှာတော့ ပရိသတ် အုပ်ကြီးထဲကို ခုန်ပေါက် ဝင်ရောက်သွားခဲ့ပြီး အမည်မသိတဲ့ ပရိသတ်တစ်ယောက်နဲ့ မျက် နှာချင်းအပ် ရင်ချင်းထပ်ပြီးတော့ကို ပေါက်ထွက်လုမတတ် အောင်ပွဲခံပစ်ခဲ့ တာပါ။

အဲဒီနောက် သူ့ရဲ့ အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး မာတီနက်ဇ်က အခုလို မျိုး ရှင်းချက်ထုတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

‘’ဟေ့လူ။ ခင်ဗျားကို ကျုပ် မသိဘူး။ ဒါပေမဲ့ ဒီနေရာမှာတော့ ကျုပ်တို့က အတူတူပဲဗျ။ အဆုံးအထိ တိုက်ပွဲဝင်တာပေါ့’’ လို့ မာတီနက်ဇ်က တွစ်တာမှာ သူ့ရဲ့ အောင်ပွဲခံတဲ့ ဓာတ် ပုံနဲ့အတူ ပို့စ်တင်ခဲ့ပါတယ်။

အဲဒီနောက် မာတီနက်ဇ်ရဲ့ ပို့စ်အောက်မှာ @SamyA24 လို့ နာမည်ပေးထားတဲ့ တွစ်တာ အသုံးပြုသူတစ်ယောက်က အခုလိုမျိုး မှတ်ချက်ပေးသွားခဲ့ပါတယ်။

‘’ငါလည်း မင်းကို ချစ်တယ် ငါ့ကောင် ရေ။ အဲဒီနောက် ဒီမာတီနက်ဇ်ဆိုတဲ့ကောင်က ငါ့ကို လာနမ်းပြီး ငါ့ဘဝဟာ အခု အထွတ်အထိပ်ကို ရောက်သွားပြီ’’ လို့ ရေးသားခဲ့ပါတယ်။

လူကောင် သေးသေး၊ အရပ်ပုပု ကစားသမားတစ်ယောက်ဖြစ်နေတဲ့ မာတီနက်ဇ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့်လည်း ဒီအာဂျင်တီးနားသားကတော့

မန်ယူပရိသတ်တွေရဲ့ အသည်းနှလုံးကို ခဏလေးအတွင်းမှာ သိမ်းပိုက်နိုင်ခဲ့ တဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါတယ်။

(Zawgyi)

မန္ယူဆိုတာ ပရိသတ္နဲ႔ထပ္တူက်တယ္ဆိုတာကို ျပလိုက္တဲ့ မာတီနက္ဇ္

ခ်ဲလ္ဆီးနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ကက္စ္မီ႐ို ဂိုးသြင္းႏိုင္ခဲ့ၿပီးတဲ့ေနာက္ အသင္း ေဖာ္ေတြနဲ႔အတူ ေအာင္ပြဲမခံဘဲ ပရိသတ္အုပ္ႀကီးထဲ ခုန္ဆင္းသြားၿပီး ေအာင္ ပြဲခံခဲ့တဲ့ ေနာက္ခံလူ မာတီနက္ဇ္က သူ႔ရဲ႕ ေအာင္ပြဲခံပုံနဲ႔ပတ္သက္ၿပီး ရွင္း ခ်က္ထုတ္လိုက္ပါတယ္။

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ မန္ယူဟာ ၿပိဳင္ဘက္ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပြဲခ်ိန္ ၈၇ မိနစ္ ပင္နယ္တီ သြင္းဂိုးေၾကာင့္ ရႈံးေတာ့မလို ျဖစ္ခဲ့ရေပမယ့္ နာက်င္အခ်ိန္ပိုမွာေတာ့ ကက္စ္ မီ႐ိုရဲ႕ ေခ်ပဂိုးေၾကာင့္ သေရတစ္မွတ္ရရွိခဲ့ပါတယ္။

ဒီဂိုးကို သြင္းယူၿပီးခ်ိန္မွာ ေတာ့ ဂိုးသြင္းသူ ကက္စ္မီ႐ို အပါအဝင္ မန္ယူအသင္းသားေတြ အကုန္လုံး နီးပါးဟာ ေပါက္ကြဲအားျပင္းျပင္းနဲ႔ ေအာင္ပြဲခံခဲ့ၾကေပမယ့္ အာဂ်င္တီးနား သား မာတီနက္ဇ္ကေတာ့ အသင္းေဖာ္ေတြနဲ႔အတူ ရွိမေနခဲ့ပါဘူး။

ဒီ သရဲနီ တပ္သားဟာ မန္ယူ ဂိုးသြင္းၿပီးခ်ိန္မွာေတာ့ ပရိသတ္ အုပ္ႀကီးထဲကို ခုန္ေပါက္ ဝင္ေရာက္သြားခဲ့ၿပီး အမည္မသိတဲ့ ပရိသတ္တစ္ေယာက္နဲ႔ မ်က္ ႏွာခ်င္းအပ္ ရင္ခ်င္းထပ္ၿပီးေတာ့ကို

ေပါက္ထြက္လုမတတ္ ေအာင္ပြဲခံပစ္ခဲ့ တာပါ။ အဲဒီေနာက္ သူ႔ရဲ႕ ေအာင္ပြဲခံပုံနဲ႔ပတ္သက္ၿပီး မာတီနက္ဇ္က အခုလို မ်ိဳး ရွင္းခ်က္ထုတ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

‘’ေဟ့လူ။ ခင္ဗ်ားကို က်ဳပ္ မသိဘူး။ ဒါေပမဲ့ ဒီေနရာမွာေတာ့ က်ဳပ္တို႔က အတူတူပဲဗ်။ အဆုံးအထိ တိုက္ပြဲဝင္တာေပါ့’’ လို႔ မာတီနက္ဇ္က တြစ္တာမွာ သူ႔ရဲ႕ ေအာင္ပြဲခံတဲ့ ဓာတ္ ပုံနဲ႔အတူ ပို႔စ္တင္ခဲ့ပါတယ္။

အဲဒီေနာက္ မာတီနက္ဇ္ရဲ႕ ပို႔စ္ေအာက္မွာ @SamyA24 လို႔ နာမည္ေပးထားတဲ့ တြစ္တာ အသုံးျပဳသူတစ္ေယာက္က အခုလိုမ်ိဳး မွတ္ခ်က္ေပးသြားခဲ့ပါတယ္။ ‘’ငါလည္း မင္းကို ခ်စ္တယ္ ငါ့ေကာင္ ေရ။

အဲဒီေနာက္ ဒီမာတီနက္ဇ္ဆိုတဲ့ေကာင္က ငါ့ကို လာနမ္းၿပီး ငါ့ဘဝဟာ အခု အထြတ္အထိပ္ကို ေရာက္သြားၿပီ’’ လို႔ ေရးသားခဲ့ပါတယ္။

လူေကာင္ ေသးေသး၊ အရပ္ပုပု ကစားသမားတစ္ေယာက္ျဖစ္ေနတဲ့ မာတီနက္ဇ္နဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈေတြ ရွိခဲ့ၾကေပမယ့္လည္း ဒီအာဂ်င္တီးနားသားကေတာ့ မန္ယူပရိသတ္ေတြရဲ႕ အသည္းႏွလုံးကို ခဏေလးအတြင္းမွာ သိမ္းပိုက္ႏိုင္ခဲ့ တဲ့ ကစားသမားတစ္ေယာက္ ျဖစ္ေနပါတယ္။