မန်ယူဂျာစီဝယ်ပြီး အာဆင်နယ်စာတန်းပါ မပါ စစ်ဆေးနေရတဲ့ သရဲနီဖန်တွေ

မန်ယူဂျာစီကို ဈေးကြီးပေးပြီး အမြတ်တနိုးဝယ်ထားခဲ့တဲ့ ပရိသတ်တစ် ယောက်ဟာ လက်ထဲရောက်ပြီးမှ တလွဲကြီးဖြစ်နေလေတော့ တော်တော် လေးကို ဦးနှောက်ခြောက်ခဲ့ရပါတယ်။ သရဲနီတွေရဲ့ ၂၀၂၂-၂၃ ဘောလုံးရာ သီ အိမ်ကွင်း ဝတ်စုံကို adidas ကုမ္ပဏီက ထုတ်လုပ်ခွင့် ရထားတာပါ။

adidas ကမ္ဘာကျော် အားကစားပစ္စည်းကုမ္ပဏီဖြစ်တာကြောင့် ဘောလုံးဂျာစီ တွေနဲ့ပတ်သက်လာရင် ဘာမှ ပြောစရာမရှိလောက်အောင်ကို အရည် အ သွေးကောင်းတွေ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မန်ယူပရိသတ်တစ် ယောက်ကတော့ သူကြုံတွေ့လိုက်ရတဲ့ ဖြစ်ရပ်တစ်ခုကြောင့် အတော်လေး ကို တုန်လှုပ်သွားခဲ့ရပါတယ်။

ပုံမှန်အားဖြင့် adidas ဂျာစီတွေဟာ ချုပ်ရိုး ချုပ်သား ကောင်းမွန်သလို ရင်ဘတ်၊ ပခုံးသား၊ အသင်း အမှတ်တံဆိပ်၊ ကုမ္ပဏီလိုဂို၊ အောက်ခြေစာတန်း အားလုံး ပြောစရာမရှိအောင် ကောင်းပြီး သားပါ။ ဒါကို မန်ယူဂျာစီ အစစ်အမှန် ဝယ်ယူဖူးသူတိုင်းလည်း သိပါတယ်။

ဒါပေမဲ့ အခု မန်ယူပရိသတ်တစ်ယောက် ကြုံခဲ့ရတဲ့ ဖြစ်ရပ်ကတော့ တော် တော်လေးကို ကို့ရို့ကားယား နိုင်လွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လည်ပင်းကြယ်သီးက အာဆင်နယ်ဆိုတဲ့ စာတန်းပါတဲ့ ကြယ်သီးဖြစ်နေပြီး အာဆင်နယ်ဂျာစီအတွက် သုံးတဲ့ကြယ်သီး ဖြစ်နေလို့ပါပဲ။

ဒါကြောင့် TikTok ဗီဒီယို တစ်ခုနဲ့အတူ အဲဒီပရိသတ်က သူဝယ်ထားတဲ့ ဂျာစီအကြောင်းကို လူ မှုကွန်ရက်မှာ ပို့စ်တင်ခဲ့ပါတယ်။ ‘’ကျွန်တော့်ရဲ့ အရမ်းကို ဈေးကြီးလွန်းလှတဲ့ မန်ယူူဂျာစီကို စစ်ဆေးတာမျိုးလေး လုပ်ရုံပါပဲ။

အားလုံးကောင်းတယ်ဗျာ။ adidas တံဆိပ် ကောင်းတယ်။ ကော်လံ မိုက်တယ်။ အေရီယိုရယ်ဒီ စာတန်း ကောင်းတယ်။ နေပါဦးဟ။ အာဆင်နယ် စာတန်းကြီးနဲ့ ဘာကြီးလဲဟ။ေ-ာက်ေ-းမပါတာ ဘာကြီးလဲဟ’’ လို့ စကားပြောပြီး ပို့စ်တင်ခဲ့ပါတယ်။

အဲဒီဗီဒီယိုကို ကြည့်မိတဲ့ သူတစ်ယောက်ကလည်း အခုလို မှတ်ချက်ရေး ထားပါတယ်။ ‘’ငါ့ဟာလည်း မြန်မြန် ကြည့်ဦးမှပါပဲ။ ငါ့ဟာတော့ အကုန် ကောင်းတယ်ဟ။ ကျေးဇူးပါ ခရစ်ရေ’’ ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

နောက် တစ်ယောက်ကတော့ ‘’မင်းတို့ အခုတော့ သိပြီမဟုတ်လား။ adidas အမှား ပါဟ။ ဂလေဇာမိသားစုကြောင့် မဟုတ်ဘူးဆိုတာ’’ ဆိုပြီး သရော်သွားခဲ့ ပါတယ်။

(zawgyi)

မန္ယူဂ်ာစီကို ေဈးႀကီးေပးၿပီး အျမတ္တႏိုးဝယ္ထားခဲ့တဲ့ ပရိသတ္တစ္ ေယာက္ဟာ လက္ထဲေရာက္ၿပီးမွ တလြဲႀကီးျဖစ္ေနေလေတာ့ ေတာ္ေတာ္ ေလးကို ဦးေႏွာက္ေျခာက္ခဲ့ရပါတယ္။

သရဲနီေတြရဲ႕ ၂၀၂၂-၂၃ ေဘာလုံးရာ သီ အိမ္ကြင္း ဝတ္စုံကို adidas ကုမၸဏီက ထုတ္လုပ္ခြင့္ ရထားတာပါ။ adidas ကမာၻေက်ာ္ အားကစားပစၥည္းကုမၸဏီျဖစ္တာေၾကာင့္ ေဘာလုံးဂ်ာစီ ေတြနဲ႔ပတ္သက္လာရင္ ဘာမွ ေျပာစရာမရွိေလာက္ေအာင္ကို

အရည္ အ ေသြးေကာင္းေတြ ထုတ္လုပ္ေပးႏိုင္ပါတယ္။ ဒါေပမဲ့ မန္ယူပရိသတ္တစ္ ေယာက္ကေတာ့ သူႀကဳံေတြ႕လိုက္ရတဲ့ ျဖစ္ရပ္တစ္ခုေၾကာင့္ အေတာ္ေလး ကို တုန္လႈပ္သြားခဲ့ရပါတယ္။ ပုံမွန္အားျဖင့္ adidas ဂ်ာစီေတြဟာ ခ်ဳပ္႐ိုး ခ်ဳပ္သား ေကာင္းမြန္သလို ရင္ဘတ္၊

ပခုံးသား၊ အသင္း အမွတ္တံဆိပ္၊ ကုမၸဏီလိုဂို၊ ေအာက္ေျခစာတန္း အားလုံး ေျပာစရာမရွိေအာင္ ေကာင္းၿပီး သားပါ။ ဒါကို မန္ယူဂ်ာစီ အစစ္အမွန္ ဝယ္ယူဖူးသူတိုင္းလည္း သိပါတယ္။ ဒါေပမဲ့ အခု မန္ယူပရိသတ္တစ္ေယာက္ ႀကဳံခဲ့ရတဲ့ ျဖစ္ရပ္ကေတာ့ ေတာ္ ေတာ္ေလးကို ကို႔႐ို႕ကားယား ႏိုင္လြန္းပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ လည္ပင္းၾကယ္သီးက အာဆင္နယ္ဆိုတဲ့ စာတန္းပါတဲ့ ၾကယ္သီးျဖစ္ေနၿပီး အာဆင္နယ္ဂ်ာစီအတြက္ သုံးတဲ့ၾကယ္သီး ျဖစ္ေနလို႔ပါပဲ။ ဒါေၾကာင့္ TikTok ဗီဒီယို တစ္ခုနဲ႔အတူ အဲဒီပရိသတ္က သူဝယ္ထားတဲ့ ဂ်ာစီအေၾကာင္းကို လူ မႈကြန္ရက္မွာ ပို႔စ္တင္ခဲ့ပါတယ္။

‘’ကြၽန္ေတာ့္ရဲ႕ အရမ္းကို ေဈးႀကီးလြန္းလွတဲ့ မန္ယူူဂ်ာစီကို စစ္ေဆးတာမ်ိဳးေလး လုပ္႐ုံပါပဲ။ အားလုံးေကာင္းတယ္ဗ်ာ။ adidas တံဆိပ္ ေကာင္းတယ္။ ေကာ္လံ မိုက္တယ္။ ေအရီယိုရယ္ဒီ စာတန္း ေကာင္းတယ္။ ေနပါဦးဟ။

အာဆင္နယ္ စာတန္းႀကီးနဲ႔ ဘာႀကီးလဲဟ။ေ-ာက္ေ-းမပါတာ ဘာႀကီးလဲဟ’’ လို႔ စကားေျပာၿပီး ပို႔စ္တင္ခဲ့ပါတယ္။ အဲဒီဗီဒီယိုကို ၾကည့္မိတဲ့ သူတစ္ေယာက္ကလည္း အခုလို မွတ္ခ်က္ေရး ထားပါတယ္။ ‘’ငါ့ဟာလည္း ျမန္ျမန္ ၾကည့္ဦးမွပါပဲ။

ငါ့ဟာေတာ့ အကုန္ ေကာင္းတယ္ဟ။ ေက်းဇူးပါ ခရစ္ေရ’’ ဆိုၿပီး တုံ႔ျပန္ခဲ့ပါတယ္။ ေနာက္ တစ္ေယာက္ကေတာ့ ‘’မင္းတို႔ အခုေတာ့ သိၿပီမဟုတ္လား။ adidas အမွား ပါဟ။ ဂေလဇာမိသားစုေၾကာင့္ မဟုတ္ဘူးဆိုတာ’’ ဆိုၿပီး သေရာ္သြားခဲ့ ပါတယ္။