မန်ယူက အိုးနင်းခွက်နင်းဖြစ်နေပေမယ့် ထိပ်တန်းကစားသမားတွေ စိတ်ဝင်စားမှုမြင့်မားနေဆဲပါပဲ

မန်ယူက ပစ်မှတ်ထား ချိန်ရွယ်နေတဲ့ တောင်ပံကစားသမား အန်တိုနီ မားသီးယပ်စ်ဟာ အနာဂတ်နဲ့ ပတ်သက်ပြီး အာမခံချက် မပေးနိုင်ဘူးလို့ တရားဝင် ထုတ်ပြောလိုက်ပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ သူ့ကို နယ်သာလန်ကလပ်က တစ်ယောက်တည်းခွဲပြီး လေ့ကျင့်ခန်းဆင်းခိုင်းတာကြောင့်

မန်ယူကို မပြောင်းဘူးလို့ မပြောနိုင်တဲ့အကြောင်း ဆိုပါတယ်။ သရဲနီတွေဟာ ဒီဘရာဇီးသားကို ခေါ်ယူနိုင်ဖို့အတွက် ပေါင် ၆၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူနည်းပြ အဲရစ်တန်ဟက်ကတော့ ဒီကစားသမားကို နွေဈေးကွက် မပိတ်ခင်မှာ အမိအရ ခေါ်ယူနိုင်ဖို့ စီစဉ်နေဆဲပဲ ဖြစ်ပါတယ်။

‘’ကျွန်တော်ပြောနိုင်တာကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် မိသားစု၊ အားလုံးအပေါ်ကောင်းတဲ့ အေဂျက်ဇ်အသင်း၊ လုပ်ဖော်ကိုင်ဖက်အားလုံးနဲ့ တိုင်ပင်ချင်ပါတယ်။ အဆုံးမှာတော့ အနာဂတ်အတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ရှိမှာပါ’’ လို့ အန်တိုနီက De Telegraff သတင်းဌာနကို ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် အေဂျက်ဇ်မှာ ဆက်ရှိနေဖို့ သေချာပြောနိုင်လားဆိုတဲ့ မေးခွန်းအပေါ်မှာ လည်း အန်တိုနီက ‘’မပြောနိုင်ပါဘူး။ အရိုးရှင်းဆုံး ပြောရမယ်ဆိုရင် ကျွန်တော် မပြောနိုင်ပါဘူး။ အခု ကျွန်တော်က ဘောလုံးကစားနိုင်ဖို့အတွက် အာရုံစိုက်နေပြီး တခြားကိစ္စတွေအားလုံးအတွက်တော့ ကျွန်တော့်အစ်ကိုနဲ့

ကျွန်တော့်အေးဂျင့်တို့ရဲ့ လက်ထဲကို ပုံအပ်ထားပါတယ်။ အကောင်းဆုံးဆိုတာကို သူတို့ ကျွန်တော့်ဆီ အကြံပေးမှာပါ။ အေဂျက်ဇ်မှာ ကျွန်တော်အရမ်းပျော် နေပြီး ၂၀၂၅ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်းလည်း ကျန်ပါသေး တယ်။ ဒီလို လှပသာယာတဲ့ အသင်းအတွက် အချိန်နဲ့အမျှ ကျွန်တော် တတ် စွမ်းသလောက်

ပေးဆပ်သွားမှာပါ’’ လို့ ပြောဆိုခဲ့ပါတယ်။ အခုလို ပြောဆို လိုက်တဲ့ အန်တိုနီရဲ့ စကားကြောင့် နွေဈေးကွက် မတိုင်ခင်မှာ ဆရာဟောင်း ရှိနေတဲ့ မန်ယူအသင်းဆီကို ပြောင်းလာနိုင်တယ်ဆိုတဲ့ သို့လောသို့လော သတင်းတွေလည်း ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူဟာ ဆရာ ဟောင်း တန်ဟက်ရဲ့

လက်အောက်မှာ အများကြီး တိုးတက်လာတော့မှာ ဖြစ်တယ်လို့လည်း အန်တိုနီက မှတ်ချက်ပြုသွားခဲ့ပါတယ်။ ဒါကြောင့် မန်ယူမှာ အိုးနင်းခွက်နင်း ဖြစ်နေပေမယ့် ထိပ်တန်းကစားသမား အချို့ကတော့ စိတ်ဝင်စားမှု ရှိနေဆဲပဲ ဖြစ်တယ်လို့ ဆိုရမှာပါ။

(zawgyi)

မန္ယူက ပစ္မွတ္ထား ခ်ိန္႐ြယ္ေနတဲ့ ေတာင္ပံကစားသမား အန္တိုနီ မားသီးယပ္စ္ဟာ အနာဂတ္နဲ႔ ပတ္သက္ၿပီး အာမခံခ်က္ မေပးႏိုင္ဘူးလို႔ တရားဝင္ ထုတ္ေျပာလိုက္ပါတယ္။ လက္ရွိ ထြက္ေပၚေနတဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔ သူ႔ကို နယ္သာလန္ကလပ္က တစ္ေယာက္တည္းခြဲၿပီး ေလ့က်င့္ခန္းဆင္းခိုင္းတာေၾကာင့္ မန္ယူကို

မေျပာင္းဘူးလို႔ မေျပာႏိုင္တဲ့အေၾကာင္း ဆိုပါတယ္။ သရဲနီေတြဟာ ဒီဘရာဇီးသားကို ေခၚယူႏိုင္ဖို႔အတြက္ ေပါင္ ၆၇ သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရၿပီး ျဖစ္ပါတယ္။ ဒါေပမဲ့ မန္ယူနည္းျပ အဲရစ္တန္ဟက္ကေတာ့ ဒီကစားသမားကို ေႏြေဈးကြက္ မပိတ္ခင္မွာ အမိအရ ေခၚယူႏိုင္ဖို႔ စီစဥ္ေနဆဲပဲ

ျဖစ္ပါတယ္။ ‘’ကြၽန္ေတာ္ေျပာႏိုင္တာကေတာ့ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ခ်ႏိုင္ဖို႔အတြက္ မိသားစု၊ အားလုံးအေပၚေကာင္းတဲ့ ေအဂ်က္ဇ္အသင္း၊ လုပ္ေဖာ္ကိုင္ဖက္အားလုံးနဲ႔ တိုင္ပင္ခ်င္ပါတယ္။ အဆုံးမွာေတာ့ အနာဂတ္အတြက္ ေကာင္းမြန္တဲ့ ဆုံးျဖတ္ခ်က္ ရွိမွာပါ’’ လို႔ အန္တိုနီက De Telegraff သတင္းဌာနကို

ေျပာဆိုသြားခဲ့ပါတယ္။ ဒါ့အျပင္ ေအဂ်က္ဇ္မွာ ဆက္ရွိေနဖို႔ ေသခ်ာေျပာႏိုင္လားဆိုတဲ့ ေမးခြန္းအေပၚမွာ လည္း အန္တိုနီက ‘’မေျပာႏိုင္ပါဘူး။ အ႐ိုးရွင္းဆုံး ေျပာရမယ္ဆိုရင္ ကြၽန္ေတာ္ မေျပာႏိုင္ပါဘူး။ အခု ကြၽန္ေတာ္က ေဘာလုံးကစားႏိုင္ဖို႔အတြက္ အာ႐ုံစိုက္ေနၿပီး

တျခားကိစၥေတြအားလုံးအတြက္ေတာ့ ကြၽန္ေတာ့္အစ္ကိုနဲ႔ ကြၽန္ေတာ့္ေအးဂ်င့္တို႔ရဲ႕ လက္ထဲကို ပုံအပ္ထားပါတယ္။ အေကာင္းဆုံးဆိုတာကို သူတို႔ ကြၽန္ေတာ့္ဆီ အႀကံေပးမွာပါ။ ေအဂ်က္ဇ္မွာ ကြၽန္ေတာ္အရမ္းေပ်ာ္ ေနၿပီး ၂၀၂၅ ခုႏွစ္ ေႏြရာသီအထိ စာခ်ဳပ္သက္တမ္းလည္း က်န္ပါေသး တယ္။

ဒီလို လွပသာယာတဲ့ အသင္းအတြက္ အခ်ိန္နဲ႔အမွ် ကြၽန္ေတာ္ တတ္ စြမ္းသေလာက္ ေပးဆပ္သြားမွာပါ’’ လို႔ ေျပာဆိုခဲ့ပါတယ္။ အခုလို ေျပာဆို လိုက္တဲ့ အန္တိုနီရဲ႕ စကားေၾကာင့္ ေႏြေဈးကြက္ မတိုင္ခင္မွာ ဆရာေဟာင္း ရွိေနတဲ့ မန္ယူအသင္းဆီကို ေျပာင္းလာႏိုင္တယ္ဆိုတဲ့ သို႔ေလာသို႔ေလာ

သတင္းေတြလည္း ထြက္ေပၚလာေနၿပီျဖစ္ပါတယ္။ ဒါ့အျပင္ မန္ယူဟာ ဆရာ ေဟာင္း တန္ဟက္ရဲ႕ လက္ေအာက္မွာ အမ်ားႀကီး တိုးတက္လာေတာ့မွာ ျဖစ္တယ္လို႔လည္း အန္တိုနီက မွတ္ခ်က္ျပဳသြားခဲ့ပါတယ္။ ဒါေၾကာင့္ မန္ယူမွာ အိုးနင္းခြက္နင္း ျဖစ္ေနေပမယ့္ ထိပ္တန္းကစားသမား အခ်ိဳ႕ကေတာ့ စိတ္ဝင္စားမႈ ရွိေနဆဲပဲ ျဖစ္တယ္လို႔ ဆိုရမွာပါ။