မန်ယူက လီဗာပူးရဲ့အပေါ်မှာပဲ တစ်ရာသီလုံး နေတော့မယ်ဆိုတဲ့ ပေါလ်စခိုး

မန်ယူအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းတစ် သင်းဖြစ်လာနိုင်တယ်လို့ ကွင်းလယ်လူဟောင်း ပေါလ်စခိုးက သုံးသပ်ပြော ဆိုလိုက်ပြီး ရာသီအကုန်မှာ အဆင့် ၄ အတွင်း ဝင်မယ့်အသင်းဖြစ်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို လက်ရှိ မှာ အာဆင်နယ်က ဦးဆောင်နေပြီး ဒုတိယနေရာမှာတော့ မန်စီးတီးက တစ် မှတ်အကွာနဲ့ ဖိအားပေးနေပါတယ်။

မန်ယူကတော့ အဆင့် ၅ နေရာမှာ ရှိနေပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ၉ မှတ် ကွာနေပါတယ်။ ဒါပေမဲ့ သရဲနီဂန္ထဝင်ဟောင်းကြီးကတော့ ဒီရာသီမှာ မန်ယူဟာ လီဗာပူး၊ ချဲလ်ဆီး၊ စပါးတို့ရဲ့ အထက်မှာ ရပ်တည်နိုင် မှာဖြစ်ပြီး အဆင့် ၄ ထဲကို ဝင်ရောက်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ပရီးမီး ယားလိဂ်ပြေးလမ်းမှာ မန်စီးတီးအတွက် အာဆင်နယ်တို့ ပြောရမယ့်စကား တချို့ ရှိနေတယ်လို့ ကျွန်တော် ယူဆပါတယ်။ အခုမှ အစောကြီး ရှိပါသေးတယ်။

ရာသီအစပွဲစဉ်နှစ်ခုပြီးတော့ ကျွန်တော် မန်ယူက အဆင့် ၆ အတွင်း တောင် ဝင်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်ခဲ့မိတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၆ ပွဲ အတွင်းမှာသူတို့ဟာ တကယ့်အခွင့်အရေးကောင်းကို သူတို့ကိုယ်သူတို့ ပြန် ပေးခဲ့တယ်။ သူတို့က အကုန်လုံးထဲမှာ အကောင်းဆုံးလိုမျိုးတောင် ဖြစ်နေ တာမျိုးပါ။

သူတို့မှာ စုဖွဲ့မှုကောင်းတဲ့ ကစားသမားအင်အားရှိတယ်။ အခုမှ ရာသီအစပိုင်းပဲ ရှိပါသေးတယ်။ ကစားသမားတွေက မတူညီတဲ့ ကလပ်အ သင်းတွေဆီကနေပြီး လာကြတာပါ။

အသင်းကို ဘယ်လိုပေါင်းစည်းရမယ် ဆိုတာကိုလည်း ဝန်ထမ်းတွေရော အုပ်ချုပ်မှုအဖွဲ့ကပါ နားလည်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတို့ဟာ အဆင့် ၄ အတွင်း ဝင်မယ်ဆိုတာကို ယုံ ကြည်မှု ပိုလာတော့မှာ ဖြစ်ပါတယ်။

သူတို့မှာ အဲဒီလိုမျိုးလုပ်ဖို့ လူစာရင်း ရှိတယ်။ သူတို့ပိုပြီး ပြတ်ပြတ်သားသား လုပ်ရမယ်။ သူတို့ အခွင့်အရေးတွေ ဖန်တီးပြီး ဂိုးတွေသွင်းနိုင်ဖို့သာပဲ ကျွန်တော်တို့ နှပ်ကြောင်းပေးရမယ်။

သူတို့ ဂိုးတွေ ရနေတယ်ဆိုတာလည်း ကျွန်တော်တို့ သိတာပဲလေ’’ လို့ ပေါလ်စခိုး က Talk Sport သတင်းဌာနကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့ တဲ့နှစ်တွေအတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်စီးတီးကို နင်လားငါလား ပခုံး ချင်းယှဉ်နိုင်ခဲ့တဲ့ အသင်းဖြစ်ပေမယ့် အခုလက်ရှိမှာတော့ အဆင့် ၁၀ နေရာ အထိကို ရောက်နေပြီဖြစ်ပါတယ်။

(Zawgyi)

မန္ယူက လီဗာပူးရဲ႕အေပၚမွာပဲ တစ္ရာသီလုံး ေနေတာ့မယ္ဆိုတဲ့ ေပါလ္စခိုး

မန္ယူအသင္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ အေကာင္းဆုံး အသင္းတစ္ သင္းျဖစ္လာႏိုင္တယ္လို႔ ကြင္းလယ္လူေဟာင္း ေပါလ္စခိုးက သုံးသပ္ေျပာ ဆိုလိုက္ၿပီး ရာသီအကုန္မွာ အဆင့္ ၄ အတြင္း ဝင္မယ့္အသင္းျဖစ္တယ္လို႔ ေဟာကိန္းထုတ္လိုက္ပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို လက္ရွိ မွာ အာဆင္နယ္က ဦးေဆာင္ေနၿပီး ဒုတိယေနရာမွာေတာ့ မန္စီးတီးက တစ္ မွတ္အကြာနဲ႔ ဖိအားေပးေနပါတယ္။ မန္ယူကေတာ့ အဆင့္ ၅ ေနရာမွာ ရွိေနၿပီး ထိပ္ဆုံးက အာဆင္နယ္နဲ႔ ၉ မွတ္ ကြာေနပါတယ္။

ဒါေပမဲ့ သရဲနီဂႏၴဝင္ေဟာင္းႀကီးကေတာ့ ဒီရာသီမွာ မန္ယူဟာ လီဗာပူး၊ ခ်ဲလ္ဆီး၊ စပါးတို႔ရဲ႕ အထက္မွာ ရပ္တည္ႏိုင္ မွာျဖစ္ၿပီး အဆင့္ ၄ ထဲကို ဝင္ေရာက္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ ပရီးမီး ယားလိဂ္ေျပးလမ္းမွာ မန္စီးတီးအတြက္ အာဆင္နယ္တို႔ ေျပာရမယ့္စကား တခ်ိဳ႕ ရွိေနတယ္လို႔ ကြၽန္ေတာ္ ယူဆပါတယ္။

အခုမွ အေစာႀကီး ရွိပါေသး တယ္။ ရာသီအစပြဲစဥ္ႏွစ္ခုၿပီးေတာ့ ကြၽန္ေတာ္ မန္ယူက အဆင့္ ၆ အတြင္း ေတာင္ ဝင္ပါ့မလားဆိုၿပီး ကြၽန္ေတာ္ စိုးရိမ္ခဲ့မိတာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ၆ ပြဲ အတြင္းမွာသူတို႔ဟာ တကယ့္အခြင့္အေရးေကာင္းကို သူတို႔ကိုယ္သူတို႔ ျပန္ ေပးခဲ့တယ္။ သူတို႔က အကုန္လုံးထဲမွာ အေကာင္းဆုံးလိုမ်ိဳးေတာင္ ျဖစ္ေန တာမ်ိဳးပါ။

သူတို႔မွာ စုဖြဲ႕မႈေကာင္းတဲ့ ကစားသမားအင္အားရွိတယ္။ အခုမွ ရာသီအစပိုင္းပဲ ရွိပါေသးတယ္။ ကစားသမားေတြက မတူညီတဲ့ ကလပ္အ သင္းေတြဆီကေနၿပီး လာၾကတာပါ။ အသင္းကို ဘယ္လိုေပါင္းစည္းရမယ္ ဆိုတာကိုလည္း ဝန္ထမ္းေတြေရာ အုပ္ခ်ဳပ္မႈအဖြဲ႕ကပါ နားလည္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် သူတို႔ဟာ အဆင့္ ၄ အတြင္း ဝင္မယ္ဆိုတာကို ယုံ ၾကည္မႈ ပိုလာေတာ့မွာ ျဖစ္ပါတယ္။

သူတို႔မွာ အဲဒီလိုမ်ိဳးလုပ္ဖို႔ လူစာရင္း ရွိတယ္။

သူတို႔ပိုၿပီး ျပတ္ျပတ္သားသား လုပ္ရမယ္။ သူတို႔ အခြင့္အေရးေတြ ဖန္တီးၿပီး ဂိုးေတြသြင္းႏိုင္ဖို႔သာပဲ ကြၽန္ေတာ္တို႔ ႏွပ္ေၾကာင္းေပးရမယ္။ သူတို႔ ဂိုးေတြ ရေနတယ္ဆိုတာလည္း ကြၽန္ေတာ္တို႔ သိတာပဲေလ’’ လို႔ ေပါလ္စခိုး က Talk Sport သတင္းဌာနကို ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ ၿပီးခဲ့ တဲ့ႏွစ္ေတြအတြင္း ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ မန္စီးတီးကို နင္လားငါလား ပခုံး ခ်င္းယွဥ္ႏိုင္ခဲ့တဲ့ အသင္းျဖစ္ေပမယ့္ အခုလက္ရွိမွာေတာ့ အဆင့္ ၁၀ ေနရာ အထိကို ေရာက္ေနၿပီျဖစ္ပါတယ္။