မန်ယူက ကက်စ်မီရိုကိုခေါ်ယူလိုက်တဲ့အပေါ် အများကြီး အကောင်းမြင်စရာ မရှိဘူးလို့ ဖာဒီနန် သုံးသပ်

အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ ကက်စ်မီရိုကို မန်ယူက ခေါ်ယူလိုက်တဲ့ အပေါ် အလွန်အမင်း အကောင်းမြင်စရာမရှိဘူးလို့ နောက်ခံလူဟောင်း ရီယို ဖာဒီနန်က ပြောဆိုလိုက်ပြီး အများကြီး မျှော်လင့်ထားလို့ မရနိုင်ဘူးလို့ ဖွင့်ဟလာပါတယ်။

ကက်စ်မီရိုရဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံပိုင်းအရ ပြောစရာမရှိပေမယ့်လည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူခဲ့ပြီး အသင်းရဲ့ တတိယမြောက် လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်စေခဲ့တာက နောက်ဆက်တွဲ ပြဿနာတွေ ရှိနေတယ်လို့ ဖာဒီနန်က

သုံးသပ်ခဲ့ပါတယ်။ ကက်စ်မီရိုကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အထိ ပေးချေရမယ့် စာချုပ်မျိုးနဲ့ ခေါ်ယူခဲ့တဲ့အတွက် သူ့ရဲ့ ပြောင်းရွှေ့ကြေးနှုန်းထား၊ အသက်အရွယ်နဲ့ ပြန်ရောင်းလို့ရမယ့်အခြေအနေ၊ နေရာပေါင်းစုံမှာ ရုန်းကန်နေရတဲ့ မန်ယူရဲ့လက်ရှိအခြေအနေတွေအပေါ်

ဖာဒီနန်က ခြုံငုံ သုံးသပ်သွားခဲ့တာပါ။ ‘’သူက ဈေးများလားဆိုတော့ များတာပေါ့။ မကောင်းတဲ့ဘက်က များနေလားဆိုတော့ အဲဒီလိုပဲ ပြောရမှာပေါ့လေ။ ရှင်းရှင်းပြောမယ်ဗျာ။ သူက အသက် ၃၀ ရှိနေပြီ။ မကောင်းတဲ့ဘက်ကို အများကြီး ရောက်နေတာမျိုး ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် မဆိုလိုဘူးနော်။ ဒါပေမဲ့ စီးပွားရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့

သူ့ကို ပြန်ရောင်းတဲ့အခါ တန်ဖိုးက သုညဖြစ်နေတော့မှာပါ။ ပေါင်သန်း ၆၀+ ၁၀ သန်းဆိုတဲ့ ပြောင်းရွှေ့ကြေးဆိုတော့ ထိပ်တန်း လုပ်ခလစာမျိုးကို ခုန်တက်သွားစေတာပေါ့။ အဲဒီလိုဆိုတော့ ပေါင် သန်း ၁၀၀ နားကို ကပ်နေသလိုမျိုး ဖြစ်သွားပြီလေ။

အဲဒီလိုအခြေအနေမျိုး ကနေ ရုန်းထွက်နိုင်ခဲ့တယ်ဆိုရင် ခင်ဗျား ကံကောင်းတာပါပဲ။ ကျွန်တော်တို့ မှာ ဘဏ္ဍာရေး မလုံလောက်တဲ့အချိန်အခါမျိုးဖြစ်နေပြီဆိုရင် တစ်ယောက်တည်းအပေါ်မှာ ပုံအောသုံးစွဲရမယ့် ကစားသမားမျိုးကို ကျွန်တော်တို့ ခေါ်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် သူက အလုပ်လုပ်ပြဖို့ လိုတယ်။ နည်းစနစ်ပိုင်း၊ ကြံ့ ခိုင်မှုပိုင်း၊ စိတ်ဓာတ်ရေးရာနဲ့ နေရာပေါင်းစုံမှာ ရုန်းကန်နေရတဲ့ အသင်းကို စပိန်ကနေပြီး လာရတဲ့ ကက်စ်မီရိုအနေနဲ့ ယုံကြည်မှုရှိရှိ ကစားပေးနိုင်ဖို့အတွက် အထောက် အပံ့ ကင်းမဲ့နေမှာ သေချာပါတယ်။

သွေးသစ်လောင်းဖို့၊ ပြန်လည်တွန်းအားပေးဖို့နဲ့ ပုံမှန်ပြန်ဖြစ်လာဖို့ လိုအပ်နေတဲ့အသင်းကို ဝင်လာတဲ့ ကက်စ်မီရိုအပေါ် ကြီးမားတဲ့ မေးခွန်းထုတ်စရာတစ်ခုဖြစ်လာတော့မယ်လို့ ကျွန်တော်ထင်ပါတယ်’’ လို့ ဖာဒီနန်က FIVE Youtube ချန်နယ်နဲ့ အစီအစဉ် တစ်ခုမှာ

ပြောဆိုသွားခဲ့ပါတယ်။ မန်ယူက ကွင်းလယ်ပိုင်းအတွက် အားကိုး တကြီးခေါ်လိုက်ပေမယ့် ဖာဒီနန်သုံးသပ်ပုံအရဆိုရင်တော့ ကက်စ်မီရိုဟာ ရီးရဲလ်ကနေ လက်ပူတိုက်ပြီး ရောင်းထုတ်လိုက်တဲ့ တစ်ပတ်ရစ်များ ဖြစ်နေ မလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

(zawgyi)

အသက္ ၃၀ အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ကက္စ္မီ႐ိုကို မန္ယူက ေခၚယူလိုက္တဲ့ အေပၚ အလြန္အမင္း အေကာင္းျမင္စရာမရွိဘူးလို႔ ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က ေျပာဆိုလိုက္ၿပီး အမ်ားႀကီး ေမွ်ာ္လင့္ထားလို႔ မရႏိုင္ဘူးလို႔ ဖြင့္ဟလာပါတယ္။

ကက္စ္မီ႐ိုရဲ႕ အသက္အ႐ြယ္နဲ႔ အေတြ႕အႀကဳံပိုင္းအရ ေျပာစရာမရွိေပမယ့္လည္း ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္နဲ႔ ေခၚယူခဲ့ၿပီး အသင္းရဲ႕ တတိယေျမာက္ လုပ္ခလစာ အမ်ားဆုံး ကစားသမား ျဖစ္ေစခဲ့တာက ေနာက္ဆက္တြဲ ျပႆနာေတြ ရွိေနတယ္လို႔ ဖာဒီနန္က သုံးသပ္ခဲ့ပါတယ္။ ကက္စ္မီ႐ိုကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၇၀ အထိ ေပးေခ်ရမယ့္ စာခ်ဳပ္မ်ိဳးနဲ႔

ေခၚယူခဲ့တဲ့အတြက္ သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးႏႈန္းထား၊ အသက္အ႐ြယ္နဲ႔ ျပန္ေရာင္းလို႔ရမယ့္အေျခအေန၊ ေနရာေပါင္းစုံမွာ ႐ုန္းကန္ေနရတဲ့ မန္ယူရဲ႕လက္ရွိအေျခအေနေတြအေပၚ ဖာဒီနန္က ၿခဳံငုံ သုံးသပ္သြားခဲ့တာပါ။ ‘’သူက ေဈးမ်ားလားဆိုေတာ့ မ်ားတာေပါ့။ မေကာင္းတဲ့ဘက္က မ်ားေနလားဆိုေတာ့ အဲဒီလိုပဲ ေျပာရမွာေပါ့ေလ။ ရွင္းရွင္းေျပာမယ္ဗ်ာ။

သူက အသက္ ၃၀ ရွိေနၿပီ။ မေကာင္းတဲ့ဘက္ကို အမ်ားႀကီး ေရာက္ေနတာမ်ိဳး ျဖစ္လိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္ မဆိုလိုဘူးေနာ္။ ဒါေပမဲ့ စီးပြားေရးရႈေထာင့္ကေနၾကည့္မယ္ဆိုရင္ေတာ့ သူ႔ကို ျပန္ေရာင္းတဲ့အခါ တန္ဖိုးက သုညျဖစ္ေနေတာ့မွာပါ။

ေပါင္သန္း ၆၀+ ၁၀ သန္းဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကးဆိုေတာ့ ထိပ္တန္း လုပ္ခလစာမ်ိဳးကို ခုန္တက္သြားေစတာေပါ့။ အဲဒီလိုဆိုေတာ့ ေပါင္ သန္း ၁၀၀ နားကို ကပ္ေနသလိုမ်ိဳး ျဖစ္သြားၿပီေလ။ အဲဒီလိုအေျခအေနမ်ိဳး ကေန ႐ုန္းထြက္ႏိုင္ခဲ့တယ္ဆိုရင္ ခင္ဗ်ား

ကံေကာင္းတာပါပဲ။ ကြၽန္ေတာ္တို႔ မွာ ဘ႑ာေရး မလုံေလာက္တဲ့အခ်ိန္အခါမ်ိဳးျဖစ္ေနၿပီဆိုရင္ တစ္ေယာက္တည္းအေပၚမွာ ပုံေအာသုံးစြဲရမယ့္ ကစားသမားမ်ိဳးကို ကြၽန္ေတာ္တို႔ ေခၚဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ သူက အလုပ္လုပ္ျပဖို႔ လိုတယ္။

နည္းစနစ္ပိုင္း၊ ႀကံ့ ခိုင္မႈပိုင္း၊ စိတ္ဓာတ္ေရးရာနဲ႔ ေနရာေပါင္းစုံမွာ ႐ုန္းကန္ေနရတဲ့ အသင္းကို စပိန္ကေနၿပီး လာရတဲ့ ကက္စ္မီ႐ိုအေနနဲ႔ ယုံၾကည္မႈရွိရွိ ကစားေပးႏိုင္ဖို႔အတြက္ အေထာက္ အပံ့ ကင္းမဲ့ေနမွာ ေသခ်ာပါတယ္။

ေသြးသစ္ေလာင္းဖို႔၊ ျပန္လည္တြန္းအားေပးဖို႔နဲ႔ ပုံမွန္ျပန္ျဖစ္လာဖို႔ လိုအပ္ေနတဲ့အသင္းကို ဝင္လာတဲ့ ကက္စ္မီ႐ိုအေပၚ ႀကီးမားတဲ့ ေမးခြန္းထုတ္စရာတစ္ခုျဖစ္လာေတာ့မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္’’ လို႔ ဖာဒီနန္က FIVE Youtube ခ်န္နယ္နဲ႔ အစီအစဥ္ တစ္ခုမွ

ာ ေျပာဆိုသြားခဲ့ပါတယ္။ မန္ယူက ကြင္းလယ္ပိုင္းအတြက္ အားကိုး တႀကီးေခၚလိုက္ေပမယ့္ ဖာဒီနန္သုံးသပ္ပုံအရဆိုရင္ေတာ့ ကက္စ္မီ႐ိုဟာ ရီးရဲလ္ကေန လက္ပူတိုက္ၿပီး ေရာင္းထုတ္လိုက္တဲ့ တစ္ပတ္ရစ္မ်ား ျဖစ္ေန မလားဆိုတာေတာ့ စိတ္ဝင္စားစရာပါပဲ။