မန်ယူကို Apple က တကယ်ဝယ်လိုက်ရင်တော့ အိုးလ်ထရက်ဖို့ဒ်ကို ကမ္ဘာ့အကောင်းဆုံးကွင်းအဖြစ် စိတ်ကူးယဉ်လို့ ရသွားပြီ

မန်ယူအသင်းကို ဝယ်ယူဖို့အတွက် i-Phone ထုတ်လုပ်တဲ့ မိခင်ကုမ္ပဏီ Apple က စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာပြီးတဲ့နောက်မှာ အိုးလ် ထရက်ဖို့ဒ်ဟာ

ကမ္ဘာ့အကောင်းဆုံး အားကစားကွင်း ဖြစ်လာနိုင်တယ်လို့ ဆက်စပ်သတင်းတွေက ဆိုပါတယ်။ အမေရိကန်ဒေါ်လာ ၂.၄၅ ထရီလီယံ တန်ကြေးရှိနေတဲ့ Apple ကုမ္ပဏီဟာ

လက်ရှိမှာ မန်ယူကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေပြီဖြစ်တယ်လို့ အင်္ဂလန်အခြေစိုက် Daily Star သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းရဲ့

နောက်ဆက်တွဲသတင်းတစ်ရပ်ကတော့ အမေရိကန်အခြေစိုက် ကုမ္ပဏီဟာ မန်ယူကို တကယ်လို့များဝယ် ယူပိုင်ဆိုင်ခဲ့မယ်ဆိုရင် အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးကိုလည်း

ကမ္ဘာ့ပေါ်မှာ ဘယ်အသင်းကမှ လိုက်လို့မမီနိုင်တဲ့ နည်းပညာခေတ်လွန် အကောင်းဆုံး ကွင်းကြီးတစ်ကွင်းအဖြစ် ပြုပြင်မွမ်းမံ တည်ဆောက်ပေးသွားဖို့ စိတ်ကူးမျိုး

ရှိနေတယ်လို့ သိရပါတယ်။ နည်းပညာမှာ ထိပ်တန်းကို ရောက်နေတဲ့ Apple သာ မန်ယူအသင်းကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင် အိုးလ်ထရက်ဖို့ဒ်ဟာလည်း အားကစားကွင်း

သက်သက်မဟုတ်တော့ဘဲ နည်းပညာအနုသုခုမလက်ရာ မြောက်တဲ့ အားကစားကွင်းကြီးတစ်ကွင်း အဆင့်ကို ရောက်လာနိုင်တယ်လို့ သိရပါတယ်။ မန်ယူအသင်း

လက်ရှိကစားနေတဲ့ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးဟာဆိုရင် ၁၉၁၀ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး သမိုင်းဝင်အမွေအနှစ်တွေ ပိုင်ဆိုင်ထားပေမဲ့

ခေတ်နဲ့အညီ မဟုတ်တော့တဲ့အတွက် ပြီးခဲ့တဲ့ နှစ်အပိုင်းအခြား ကာလအတွင်းမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါ တယ်။ မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ဒ် မွမ်းမံပြင်ဆင်မှု အပိုင်းနဲ့

ပတ်သက် ပြီး နောက်ခံကစားသမားဟောင်း ဂယ်ရီနဗီးလ်ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ထားခဲ့ဖူးတဲ့ စကားရှိပါတယ်။ ‘’သူတို့က ကစားသမား အင်အား ဖြည့်တင်းဖို့အတွက်နဲ့

သက်ဆိုင်ရာ ဌာနအလိုက် မွမ်းမံပြင်ဆင်မှုတွေ လုပ်ဖို့အ တွက် တုပ်တုပ်တောင် မလှုပ်သေးပါဘူး။ သူတို့ဟာ ကွင်းကို မွမ်းမံပြင်ဆင်ဖို့ အတွက်လည်း တုပ်တုပ်ကလေးတောင် မလှုပ်သေးပါဘူး။

မန်ယူအသင်းဟာ လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ကွင်းပြုပြင်မွမ်းမံဖို့အတွက်ဆိုရင် ပေါင် ၁ ဘီလီယံလောက်ကို လိုအပ်မှာ ဖြစ်ပါတယ်’’ လို့ ဂယ်ရီနဗီးလ်က ပြောဆိုခဲ့ ပါတယ်။

(Zawgyi)

မန္ယူကို Apple က တကယ္ဝယ္လိုက္ရင္ေတာ့ အိုးလ္ထရက္ဖို႔ဒ္ကို ကမာၻ႔အေကာင္းဆုံးကြင္းအျဖစ္ စိတ္ကူးယဥ္လို႔ ရသြားၿပီ

မန္ယူအသင္းကို ဝယ္ယူဖို႔အတြက္ i-Phone ထုတ္လုပ္တဲ့ မိခင္ကုမၸဏီ Apple က စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္လာၿပီးတဲ့ေနာက္မွာ အိုးလ္ ထရက္ဖို႔ဒ္ဟာ ကမာၻ႔အေကာင္းဆုံး

အားကစားကြင္း ျဖစ္လာႏိုင္တယ္လို႔ ဆက္စပ္သတင္းေတြက ဆိုပါတယ္။ အေမရိကန္ေဒၚလာ ၂.၄၅ ထရီလီယံ တန္ေၾကးရွိေနတဲ့ Apple ကုမၸဏီဟာ လက္ရွိမွာ မန္ယူကို ဝယ္ယူဖို႔

အတြက္ စိတ္ဝင္စားေနၿပီျဖစ္တယ္လို႔ အဂၤလန္အေျခစိုက္ Daily Star သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီသတင္းရဲ႕ ေနာက္ဆက္တြဲသတင္းတစ္ရပ္ကေတာ့ အေမရိကန္အေျခစိုက္

ကုမၸဏီဟာ မန္ယူကို တကယ္လို႔မ်ားဝယ္ ယူပိုင္ဆိုင္ခဲ့မယ္ဆိုရင္ အိုးလ္ထရက္ဖို႔ဒ္ ကြင္းႀကီးကိုလည္း ကမာၻ႔ေပၚမွာ ဘယ္အသင္းကမွ လိုက္လို႔မမီႏိုင္တဲ့ နည္းပညာေခတ္လြန္ အေကာင္းဆုံး

ကြင္းႀကီးတစ္ကြင္းအျဖစ္ ျပဳျပင္မြမ္းမံ တည္ေဆာက္ေပးသြားဖို႔ စိတ္ကူးမ်ိဳး ရွိေနတယ္လို႔ သိရပါတယ္။ နည္းပညာမွာ ထိပ္တန္းကို ေရာက္ေနတဲ့ Apple သာ မန္ယူအသင္းကို

ပိုင္ဆိုင္ခဲ့မယ္ဆိုရင္ အိုးလ္ထရက္ဖို႔ဒ္ဟာလည္း အားကစားကြင္း သက္သက္မဟုတ္ေတာ့ဘဲ နည္းပညာအႏုသုခုမလက္ရာ ေျမာက္တဲ့ အားကစားကြင္းႀကီးတစ္ကြင္းအဆင့္ကို ေရာက္လာႏိုင္တယ္လို႔

သိရပါတယ္။ မန္ယူအသင္း လက္ရွိကစားေနတဲ့ အိုးလ္ထရက္ဖို႔ဒ္ ကြင္းႀကီး ဟာဆိုရင္ ၁၉၁၀ ခုႏွစ္ကတည္းက စတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီး သမိုင္း ဝင္အေမြအႏွစ္ေတြ ပိုင္ဆိုင္ထားေပမဲ့ ေခတ္နဲ႔

အညီ မဟုတ္ေတာ့တဲ့အတြက္ ၿပီးခဲ့တဲ့ ႏွစ္အပိုင္းအျခား ကာလအတြင္းမွာ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါ တယ္။ မန္ယူအသင္းရဲ႕ အိုးလ္ထရက္ဖို႔ဒ္ မြမ္းမံျပင္ဆင္မႈ အပိုင္းနဲ႔ ပတ္သက္ ၿပီး

ေနာက္ခံကစားသမားေဟာင္း ဂယ္ရီနဗီးလ္ကလည္း ျပင္းျပင္းထန္ထန္ ေဝဖန္ထားခဲ့ဖူးတဲ့ စကားရွိပါတယ္။ ‘’သူတို႔က ကစားသမား အင္အား ျဖည့္ တင္းဖို႔အတြက္နဲ႔ သက္ဆိုင္ရာ ဌာနအလိုက္

မြမ္းမံျပင္ဆင္မႈေတြ လုပ္ဖို႔အ တြက္ တုပ္တုပ္ေတာင္ မလႈပ္ေသးပါဘူး။ သူတို႔ဟာ ကြင္းကို မြမ္းမံျပင္ဆင္ဖို႔ အတြက္လည္း တုပ္တုပ္ကေလးေတာင္

မလႈပ္ေသးပါဘူး။ မန္ယူအသင္းဟာ လာမယ့္ ၂ ႏွစ္၊ ၃ ႏွစ္အတြင္းမွာ ကြင္းျပဳျပင္မြမ္းမံဖို႔အတြက္ဆိုရင္ ေပါင္ ၁ ဘီလီယံေလာက္ကို လိုအပ္မွာ ျဖစ္ပါတယ္’’ လို႔ ဂယ္ရီနဗီးလ္က ေျပာဆိုခဲ့ ပါတယ္။