မန်ယူကို အကန်တွေပဲ ပြောလိုက်တဲ့ ဂရေမီဆောင်းနက်စ်

Sky Sports ရုပ်သံမှာ ဘောလုံးပွဲသုံးသပ်သူလုပ်နေတဲ့ ဂရေမီဆောင်းနက်စ်ကတော့ မန်ယူရဲ့ ကက်စ်မီရို ကို ခေါ်ယူမှုဟာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် ကက်စ်မီရိုဟာ ဘယ်တုန်းကမှ ထိပ်တန်းကစားသမားမဟုတ်ခဲ့ဘူးလို့လည်းဆိုခဲ့ပါတယ်။

မကြာခင်ကမှ မန်ယူဟာ ရီးရဲလ်ကွင်းလယ်လူ ကက်စ်မီရိုကို ယူရိုသန်း(၇၀)နဲ့ခေါ်ယူထားခဲ့တာပါ။ အသက်(၃၀)အရွယ် ကက်စ်မီရိုဟာ ရီးရဲလ်နဲ့အတူ လာလီဂါ မှာသာမက ချန်ပီယံလိဂ်မှာပါ ကြီးမားတဲ့အောင်မြင်မှုတွေကို ရယူပြထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဂရေမီဆောင်းနက်စ်ကတော့ ကက်စ်မီရိုဟာ ထိပ်တန်းကစားသမားတွေနဲ့သာတွဲဖက်ကစားခွင့်ရခဲ့တာဖြစ်ပြီး ထိပ်တန်းကစားသမားအဆင့်မျိုးကို ဘယ်တုန်းကမှ မရောက်ခဲ့ဘူးလို့ မှတ်ချက်ပေးသွားခဲ့တာပါ။ ဒါ့အပြင် အသက်(၃၀)အရွယ်ကစားသမားအတွက်

ယူရိုသန်း (၇၀)ဟာများလွန်းပြီး ကက်စ်မီရိုကြောင့် မန်ယူပိုကောင်းလာ မယ်လို့လည်း မထင်ဘူးလို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ အခုလို ကက်စ်မီရိုကို မန်ယူခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး ဂရေမီဆောင်းနက်စ်တစ်ယောက်တည်း ဝေဖန်သွားခဲ့တာတော့မဟုတ်ပါဘူး။

မန်ယူကစားသမား ဟောင်း ဖာဒီနန်ကလည်း ဝေဖန်မှုတွေပြုလုပ်သွားခဲ့တာပါ။ ဒါပေမယ့် ဖာဒီနန်ကတော့ မိတ်ဆွေအရင်းကြီး စီရော်နယ်ဒိုရှိနေသေးတဲ့အတွက် အနည်းအကျဉ်းလောက်ပဲ ဝေဖန်သွားခဲ့တာတွေ့ရပါတယ်။

အသက်(၃၀)အရွယ် ကစားသမားတစ်ယောက်ကို အပိုဆောင်းကြေးတွေနဲ့ ပေါင်သန်း ၁၀၀ လောက်နီးပါးသုံးစွဲသွားတာဟာ မန်ယူ အတွက်အရှုံးရှိနိုင်တယ်ဆိုပြီးပြောခဲ့တာပါ။ စပိန်မြေကနေလာတဲ့

ကက်စ်မီရိုအနေနဲ့ နည်းစနစ်ပိုင်းတွေအပြင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ပါ ရုန်းကန်ရနိုင်ပြီး အဲဒီအတားအဆီးကိုကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ ကံကောင်းတဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဖာဒီနန်ကပြောခဲ့ပါတယ်။

(zawgyi)

Sky Sports ႐ုပ္သံမွာ ေဘာလုံးပြဲသုံးသပ္သူလုပ္ေနတဲ့ ဂေရမီေဆာင္းနက္စ္ကေတာ့ မန္ယူရဲ႕ ကက္စ္မီ႐ို ကို ေခၚယူမႈဟာ မွားယြင္းတဲ့လုပ္ရပ္ျဖစ္တယ္လို႔ ေဝဖန္လိုက္ပါတယ္။ ဒါ့အျပင္ ကက္စ္မီ႐ိုဟာ ဘယ္တုန္းကမွ ထိပ္တန္းကစားသမားမဟုတ္ခဲ့ဘူးလို႔လည္းဆိုခဲ့ပါတယ္။

မၾကာခင္ကမွ မန္ယူဟာ ရီးရဲလ္ကြင္းလယ္လူ ကက္စ္မီ႐ိုကို ယူ႐ိုသန္း(၇၀)နဲ႔ေခၚယူထားခဲ့တာပါ။ အသက္(၃၀)အ႐ြယ္ ကက္စ္မီ႐ိုဟာ ရီးရဲလ္နဲ႔အတူ လာလီဂါ မွာသာမက ခ်န္ပီယံလိဂ္မွာပါ ႀကီးမားတဲ့ေအာင္ျမင္မႈေတြကို ရယူျပထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဂေရမီေဆာင္းနက္စ္ကေတာ့ ကက္စ္မီ႐ိုဟာ ထိပ္တန္းကစားသမားေတြနဲ႔သာတြဲဖက္ကစားခြင့္ရခဲ့တာျဖစ္ၿပီး ထိပ္တန္းကစားသမားအဆင့္မ်ိဳးကို ဘယ္တုန္းကမွ မေရာက္ခဲ့ဘူးလို႔ မွတ္ခ်က္ေပးသြားခဲ့တာပါ။

ဒါ့အျပင္ အသက္(၃၀)အ႐ြယ္ကစားသမားအတြက္ ယူ႐ိုသန္း (၇၀)ဟာမ်ားလြန္းၿပီး ကက္စ္မီ႐ိုေၾကာင့္ မန္ယူပိုေကာင္းလာ မယ္လို႔လည္း မထင္ဘူးလို႔ ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့တာျဖစ္ပါတယ္။ အခုလို ကက္စ္မီ႐ိုကို မန္ယူေခၚယူခဲ့တာနဲ႔ ပတ္သက္ၿပီး

ဂေရမီေဆာင္းနက္စ္တစ္ေယာက္တည္း ေဝဖန္သြားခဲ့တာေတာ့မဟုတ္ပါဘူး။ မန္ယူကစားသမား ေဟာင္း ဖာဒီနန္ကလည္း ေဝဖန္မႈေတြျပဳလုပ္သြားခဲ့တာပါ။ ဒါေပမယ့္ ဖာဒီနန္ကေတာ့ မိတ္ေဆြအရင္းႀကီး စီေရာ္နယ္ဒိုရွိေနေသးတဲ့အတြက္

အနည္းအက်ဥ္းေလာက္ပဲ ေဝဖန္သြားခဲ့တာေတြ႕ရပါတယ္။ အသက္(၃၀)အ႐ြယ္ ကစားသမားတစ္ေယာက္ကို အပိုေဆာင္းေၾကးေတြနဲ႔ ေပါင္သန္း ၁၀၀ ေလာက္နီးပါးသုံးစြဲသြားတာဟာ မန္ယူ အတြက္အရႈံးရွိႏိုင္တယ္ဆိုၿပီးေျပာခဲ့တာပါ။

စပိန္ေျမကေနလာတဲ့ ကက္စ္မီ႐ိုအေနနဲ႔ နည္းစနစ္ပိုင္းေတြအျပင္ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာအတြက္ပါ ႐ုန္းကန္ရႏိုင္ၿပီး အဲဒီအတားအဆီးကိုေက်ာ္ျဖတ္ႏိုင္မယ္ဆိုရင္ေတာ့ ကံေကာင္းတဲ့သူတစ္ေယာက္ျဖစ္လာလိမ့္မယ္လို႔ ဖာဒီနန္ကေျပာခဲ့ပါတယ္။