မန်ယူကို သင့်တော်တဲ့ပိုင်ရှင်သစ်ဆီရောင်းချသွားတော့မယ်လို့ ဂလေဇာမိသားစု ပြောပြီ

ဂလေဇာမိသားစုဟာ မန်ယူအသင်းကိုရောင်းချတော့မယ်လို့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ရော်နယ်ဒိုနဲ့နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလိုက်ပြီလို့ ထုတ်ပြန်ခဲ့တဲ့နောက်

ဆက်တိုက်ဆိုသလို အမေရိကန်ပိုင်ရှင်တွေဟာ အသင်းကိုအရောင်းစာရင်း တင်လိုက်တာဖြစ်တယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ၁၇ ကြာနန်းစံထားခဲ့ပေမဲ့ ကစားကွင်းနဲ့

လေ့ကျင့်ရေးကွင်းအတွက်ငွေကြေးစိုက်ထုတ်နိုင်စွမ်းမရှိခြင်း၊ ကွင်းတွင်းခြေစွမ်း ကျဆင်းလာမှုတွေကြောင့် ပရိသတ်တွေဟာ ဂလေဇာမိသားစုကိုပိုင်ရှင်နေရာက ဆင်းပေးဖို့

အဆက်မပြတ် တောင်းဆိုလာခဲ့ကြတာဖြစ်တယ်။ လက်ရှိမှာတော့ ဂလေဇာမိသစားစုဟာ မန်ယူအသင်းကိုတကယ်သစ္စာစောင့်သိနိုင်မယ့် ပိုင်ရှင်သစ်လက်ထဲလွှဲပြောင်းပေးတော့မယ်လို့

ထုတ်ပြန်သွားပါတယ်။ ဒီထုတ်ပြန်ချက်မှာတော့ “မန်ယူနဲ့ပတ်သတ်ရင်တော့ ပရိသတ်နဲ့ နောက်လိုက် ၁.၁ ဘီလီယံရှိတဲ့အသိုက်အဝန်းအပေါ်စိတ်အားထက်သန်မှုနဲ့ သစ္စာစောင့်သိနိုင်ရပါမယ်။

အောင်မြင်မှု သမိုင်းကြောင်းတည်မြဲဖို့အတွက်ကြိုးစားပေးမှာပါ၊ ဘုတ်အဖွဲ့ဝင်တွေဘက်က ဒီကိစ္စကိုအသေအချာလုပ်ဆောင်သွားမှာဖြစ်တယ်။ ကျွန်တော်တို့ပရိသတ်တွေကို

အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရမယ်၊ လက်ရှိနဲ့ အနာဂါတ်မှာ မန်ယူအတွက်သိသာတဲ့အခွင့်အလမ်းတွေကို တစ်ဆင့်တက်လုပ်ဆောင်နိုင်ဖို့ဖြစ်တယ်။ ဒီကာလတစ်လျှောက်လုံးမှာ

ကျွန်တော်တို့ရဲ့ ပရိသတ်၊ ရှယ်ယာရှင်တွေနဲ့ သက်ဆိုင်သူအားလုံးရဲ့အကျိုးစီးပွားအတွက်အာရုံစိုက်လုပ်ဆောင်ပေးသွားမှာပါ” လို့ ပါရှိခဲ့ပါတယ်။

(Zawgyi)

မန္ယူကို သင့္ေတာ္တဲ့ပိုင္ရွင္သစ္ဆီေရာင္းခ်သြားေတာ့မယ္လို႔ ဂေလဇာမိသားစု ေျပာၿပီ

ဂေလဇာမိသားစုဟာ မန္ယူအသင္းကိုေရာင္းခ်ေတာ့မယ္လို႔ အတည္ျပဳထုတ္ျပန္လိုက္ပါတယ္။ ေရာ္နယ္ဒိုနဲ႔ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီလို႔ ထုတ္ျပန္ခဲ့တဲ့ေနာက္ ဆက္တိုက္ဆိုသလို

အေမရိကန္ပိုင္ရွင္ေတြဟာ အသင္းကိုအေရာင္းစာရင္းတင္လိုက္တာျဖစ္တယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ ၁၇ ၾကာနန္းစံထားခဲ့ေပမဲ့ ကစားကြင္းနဲ႔ ေလ့က်င့္ေရးကြင္းအတြက္ေငြေၾကးစိုက္ထုတ္ႏိုင္စြမ္းမရွိျခင္း၊

ကြင္းတြင္းေျခစြမ္းက်ဆင္းလာမႈေတြေၾကာင့္ ပရိသတ္ေတြဟာ ဂေလဇာမိသားစုကိုပိုင္ရွင္ေနရာကဆင္းေပးဖို႔အဆက္မျပတ္ေတာင္းဆိုလာခဲ့ၾကတာျဖစ္တယ္။ လက္ရွိမွာေတာ့

ဂေလဇာမိသစားစုဟာ မန္ယူအသင္းကိုတကယ္သစၥာေစာင့္သိႏိုင္မယ့္ ပိုင္ရွင္သစ္လက္ထဲလႊဲေျပာင္းေပးေတာ့မယ္လို႔ ထုတ္ျပန္သြားပါတယ္။ ဒီထုတ္ျပန္ခ်က္မွာေတာ့ “မန္ယူနဲ႔ပတ္သတ္ရင္ေတာ့ ပရိသတ္နဲ႔

ေနာက္လိုက္ ၁.၁ ဘီလီယံရွိတဲ့အသိုက္အဝန္းအေပၚစိတ္အားထက္သန္မႈနဲ႔ သစၥာေစာင့္သိႏိုင္ရပါမယ္။ ေအာင္ျမင္မႈသမိုင္းေၾကာင္းတည္ၿမဲဖို႔အတြက္ႀကိဳးစားေပးမွာပါ၊ ဘုတ္အဖြဲ႕ဝင္ေတြဘက္က

ဒီကိစၥကိုအေသအခ်ာလုပ္ေဆာင္သြားမွာျဖစ္တယ္။ ကြၽန္ေတာ္တို႔ပရိသတ္ေတြကို အေကာင္းဆုံးဝန္ေဆာင္မႈေပးႏိုင္ရမယ္၊ လက္ရွိနဲ႔ အနာဂါတ္မွာ မန္ယူအတြက္သိသာတဲ့

အခြင့္အလမ္းေတြကိုတစ္ဆင့္တက္လုပ္ေဆာင္ႏိုင္ဖို႔ျဖစ္တယ္။ ဒီကာလတစ္ေလွ်ာက္လုံးမွာ ကြၽန္ေတာ္တို႔ရဲ႕ ပရိသတ္၊ ရွယ္ယာရွင္ေတြနဲ႔

သက္ဆိုင္သူအားလုံးရဲ႕အက်ိဳးစီးပြားအတြက္အာ႐ုံစိုက္လုပ္ေဆာင္ေပးသြားမွာပါ” လို႔ ပါရွိခဲ့ပါတယ္။