မန်ယူကို ဝယ်မယ့် စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်တော့ ပေါ်လာပြီ

မန်ယူအသင်းကို အရောင်းစာရင်း တင်လိုက်ပြီးတဲ့နောက် ဗြိတိန်အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ရက်ကလစ်ဖ်ဟာ အိုးလ်ထရက်ဖို့ဒ်ကလပ်ကို တစ်လုံးတည်းတစ်ခဲတည်း

ဝယ်တော့မယ်လို့ သတင်းထွက်လာပါတယ်။ မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ ကလပ်ကို ရောင်းချဖို့အတွက် ပြီး ခဲ့တဲ့ အင်္ဂါနေ့ နှောင်းပိုင်းမှာ တရားဝင် ထုတ်ပြန်ခဲ့တာဖြစ်ပြီး

ဘယ်လို ကမ်းလှမ်းမှုမျိုးကိုမဆို လက်ခံစဉ်းစားသွားမယ်လို့ တရားဝင် ထုတ်ပြောထားပါ တယ်။ ဒါပေမဲ့ အရောင်းအဝယ်အတွက် ခေါ်ဈေးက ပေါင် ၆ ဘီလီယံ အထိ မြင့်မားနေတာကြောင့်

တော်ရုံတန်ရုံ ဓနအင်အားလောက်နဲ့တော့ အနား ကပ်နိုင်မယ့် အနေအထားမရှိပါဘူး။ ဒါကြောင့် အခုလိုမျိုး သတင်းထွက်လာ အပြီးမှာတော့ ဗြိတိန်ရဲ့ ဓနရှင်ကြီး ရက်ကလစ်ဖ်က မန်ယူကို ဝယ်ဖို့ စိတ်ကူး

နေပြီလို့ သတင်းထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူကို ရက်ကလစ်ဖ်တစ် ယောက် ဝယ်ချင်တဲ့ ဆန္ဒက အခုမှ ရှိတာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ ပရိသတ်တွေရဲ့ ဖိအားတွေနဲ့

ရင်ဆိုင်ခဲ့ရတဲ့ ဂလေဇာ မိသားစုဟာ အသင်းကို ရောင်းထုတ်ဖို့ စီစဉ်နေပြီလို့ သတင်းထွက်ခဲ့ချိန်မှာ လည်း ရက်ကလစ်ဖ်က မျက်စိကျနေခဲ့တာမျိုး ရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန် တုန်းကတော့ ဂလေဇာ

မိသားစုဟာ အသင်းကို အလုံးစုံ ရောင်းထုတ်လိုတဲ့ စိတ်မျိုးမရှိဘဲ ရှယ်ယာအနည်းစုကိုသာ ခွဲရောင်းချင်တဲ့ ပုံစံမျိုး ရှိနေခဲ့တာ ကြောင့် အရောင်းအဝယ်ကိစ္စက အရာမထင်ခဲ့တာပါ။ ဒါပေမဲ့ Daily Mail

သတင်းစာရဲ့ ဖော်ပြချက်အရ ရက်ကလစ်ဖ်ဟာ မန်ယူကို ဝယ်ဖို့အတွက် ဆန္ဒရှိပေမဲ့လည်း မတန်တဆဈေးမျိုးနဲ့ ပိုက်ဘောမိနေမှာကို စိုးရိမ်မကင်း ဖြစ်နေတယ်လို့လည်း သိရပါတယ်။ မန်ယူအသင်းရဲ့

လက်ရှိ တန်ကြေးဟာ ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ မနီးရိုးစွဲ အနေအထား ဖြစ်တာကြောင့် အလွန်ဆုံးပေးရရင် ပေါင် ၅ ဘီလီယံလောက်ပဲ ရှိနိုင်မယ်လို့ အများစုက သတ်မှတ်ထားကြတော့

လက်ရှိခေါ်ဈေးနဲ့ဆိုရင် ပေါင် တစ်ဘီလီယံလောက်အထိ ကွာဟနေပါတယ်။ ဗြိတိန်နိုင်ငံသား ရက်ကလစ်ဖ်ဟာ ဘောလုံးအသင်းတွေနဲ့ မစိမ်းတဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ

ပြင်သစ်လီဂူးကလပ် နိုက်စ်အ သင်းကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

(Zawgyi)

မန္ယူကို ဝယ္မယ့္ စီးပြားေရးလုပ္ငန္းရွင္ႀကီး တစ္ေယာက္ေတာ့ ေပၚလာၿပီ

မန္ယူအသင္းကို အေရာင္းစာရင္း တင္လိုက္ၿပီးတဲ့ေနာက္ ၿဗိတိန္အခ်မ္းသာဆုံး စီးပြားေရးလုပ္ငန္းရွင္ျဖစ္တဲ့ ရက္ကလစ္ဖ္ဟာ အိုးလ္ထရက္ဖို႔ဒ္ကလပ္ကို တစ္လုံးတည္းတစ္ခဲတည္း ဝယ္ေတာ့မယ္လို႔

သတင္းထြက္လာပါတယ္။ မန္ယူအသင္းပိုင္ရွင္ ဂေလဇာမိသားစုဟာ ကလပ္ကို ေရာင္းခ်ဖို႔အတြက္ ၿပီး ခဲ့တဲ့ အဂၤါေန႔ ေႏွာင္းပိုင္းမွာ တရားဝင္ ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ဘယ္လို

ကမ္း လွမ္းမႈမ်ိဳးကိုမဆို လက္ခံစဥ္းစားသြားမယ္လို႔ တရားဝင္ ထုတ္ေျပာထားပါ တယ္။ ဒါေပမဲ့ အေရာင္းအဝယ္အတြက္ ေခၚေဈးက ေပါင္ ၆ ဘီလီယံ အထိ ျမင့္မားေနတာေၾကာင့္

ေတာ္႐ုံတန္႐ုံ ဓနအင္အားေလာက္နဲ႔ေတာ့ အနား ကပ္ႏိုင္မယ့္ အေနအထားမရွိပါဘူး။ ဒါေၾကာင့္ အခုလိုမ်ိဳး သတင္းထြက္လာ အၿပီးမွာေတာ့ ၿဗိတိန္ရဲ႕ ဓနရွင္ႀကီး

ရက္ကလစ္ဖ္က မန္ယူကို ဝယ္ဖို႔ စိတ္ကူး ေနၿပီလို႔ သတင္းထြက္လာခဲ့တာပဲ ျဖစ္ပါတယ္။ မန္ယူကို ရက္ကလစ္ဖ္တစ္ ေယာက္ ဝယ္ခ်င္တဲ့ ဆႏၵက အခုမွ ရွိတာမ်ိဳးေတာ့ မဟုတ္ခဲ့ပါဘူး။ ၿပီးခဲ့တဲ့

ေႏြရာသီေဈးကြက္မွာ ပရိသတ္ေတြရဲ႕ ဖိအားေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဂေလဇာ မိသားစုဟာ အသင္းကို ေရာင္းထုတ္ဖို႔ စီစဥ္ေနၿပီလို႔ သတင္းထြက္ခဲ့ခ်ိန္မွာ

လည္း ရက္ကလစ္ဖ္က မ်က္စိက်ေနခဲ့တာမ်ိဳး ရွိပါတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္ တုန္းကေတာ့ ဂေလဇာ မိသားစုဟာ အသင္းကို အလုံးစုံ ေရာင္းထုတ္လိုတဲ့ စိတ္မ်ိဳးမရွိဘဲ

ရွယ္ယာအနည္းစုကိုသာ ခြဲေရာင္းခ်င္တဲ့ ပုံစံမ်ိဳး ရွိေနခဲ့တာ ေၾကာင့္ အေရာင္းအဝယ္ကိစၥက အရာမထင္ခဲ့တာပါ။ ဒါေပမဲ့ Daily Mail သတင္းစာရဲ႕

ေဖာ္ျပခ်က္အရ ရက္ကလစ္ဖ္ဟာ မန္ယူကို ဝယ္ဖို႔အတြက္ ဆႏၵရွိေပမဲ့လည္း မတန္တဆေဈးမ်ိဳးနဲ႔ ပိုက္ေဘာမိေနမွာကို စိုးရိမ္မကင္း ျဖစ္ေနတယ္လို႔လည္း သိရပါတယ္။

မန္ယူအသင္းရဲ႕ လက္ရွိ တန္ေၾကးဟာ ခ်ဲလ္ဆီး၊ အာဆင္နယ္တို႔နဲ႔ မနီး႐ိုးစြဲ အေနအထား ျဖစ္တာေၾကာင့္ အလြန္ ဆုံးေပးရရင္ ေပါင္ ၅ ဘီလီယံေလာက္ပဲ ရွိႏိုင္မယ္လို႔

အမ်ားစုက သတ္မွတ္ ထားၾကေတာ့ လက္ရွိေခၚေဈးနဲ႔ဆိုရင္ ေပါင္ တစ္ဘီလီယံေလာက္အထိ ကြာ ဟေနပါတယ္။ ၿဗိတိန္ႏိုင္ငံသား ရက္ကလစ္ဖ္ဟာ ေဘာလုံးအသင္းေတြနဲ႔

မစိမ္းတဲ့သူတစ္ေယာက္ျဖစ္ၿပီး လက္ရွိမွာ ျပင္သစ္လီဂူးကလပ္ ႏိုက္စ္အ သင္းကိုလည္း ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။