မန်ယူကို ဝယ်ချင်နေတဲ့ မိုက်ကယ်နိုက်တန်ဆိုတာ ဘယ်လိုလူစားလဲ

လက်ရှိအသင်းပိုင်ရှင် ဂလေဇာမိသားစုဆီကနေပြီး မန်ယူအသင်းကို ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်လာသူကတော့ မိုက်ကယ်နိုက်တန်ဆိုသူပဲ ဖြစ်ပါတယ်။ ဗြိတိန် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ မိုက်ကယ်နိုက်တန်နဲ့ အကျုးတူကုမ္ပဏီလုပ်ငန်းစုအဖွဲ့ဟာ မန်ယူကိုဝယ်ယူဖို့

စိုင်းပြင်းနေပြီဖြစ်တယ်လို့ မန်ချက်စတာညနေခင်း သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ ၂၀၀၅ ခုနှစ်မှာ မန်ယူအသင်းကို စတင်ဝယ်ယူပိုင်ဆိုင်ပြီးနောက် အခုလက်ရှိအချိန်မှာတော့ ဖိအားတွေအများအပြားကို ရင်ဆိုင်နေရပြီဖြစ်တဲ့ ဂလေဇာမိသားစုဟာ အဲရစ်တန်ဟက်ကို

နည်းပြသစ်အဖြစ်ခန့်အပ်ပြီး သရဲနီခေတ်သစ်တစ်ခုကို ထူထောင်ဖို့ ကြိုးစားနေပေမယ့် ကံဆိုးစွာနဲ့ပဲ ဖိအားတွေက တိုးပြီးရင်းတိုးလာနေပါပြီ။ ရာနဲ့ချီတဲ့ မန်ယူအသင်းပရိသတ်တွေဟာ ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်မှာလည်း အသင်းပိုင်ရှင် ဂလေဇာမိသားစုကို

ဆန္ဒပြခဲ့တာရှိခဲ့ပါတယ်။ အခုလို ဖိအားမျိုးတွေရှိလာနေတာကြောင့် အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ လက်ဝယ်ပိုင်ဆိုင်မှုတွေကို ခုံခံကာကွယ်နိုင်စွမ်း ကျဆင်းလာနေပြီဖြစ်လို့ ရောင်းထုတ်ရတော့မယ့် အခြေအနေမျိုး ဖြစ်လာနေပါပြီ။ မိုက်ကယ်နိုက်တန်ဆိုတာက

အသက် ၇၀ အရွယ်ရှိနေပြီဖြစ်တဲ့ ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ငယ်နုစဉ်အချိန်တုန်းကတော့ ဘောလုံးသမားဖြစ်ဖို့ ရည်ရွယ်ချက်ရှိခဲ့သူပေါ့။ နောက်ပြီး သူဟာ မန်ယူကို ၁၉၈၉ ခုနှစ်မှာ ပေါင်သန်း ၂၀ နဲ့ ဝယ်ယူဖို့အတွက် ကြိုးစားခဲ့ပါသေးတယ်။

အဲဒီအချိန်တုန်းကတော့ သူပေးတဲ့ဈေးဟာ စံချိန်တင် နှုန်းထားတစ်ရပ်ဖြစ်ခဲ့တာပါ။ သူ့ရဲ့ကမ်းလှမ်းမှုကို အဲဒီအချိန်က မန်ယူအသင်းအမှုဆောင်အရာရှိချုပ်ဖြစ်သူ မာတင်အက်ဒ်ဝက်စ်က လက်ခံခဲ့တာကြောင့် အရောင်းအဝယ်ဖြစ်ပြီလို့တောင် ထင်ခဲ့ကြတာပါ။

ဒါပေမဲ့ သီတင်းပတ်အတန်ကြာအောင် ဆွေးနွေးမှုတွေလုပ်ပြီးတဲ့နောက် အဓိကရင်းနှီးမြုပ်နှံကြမယ့် လုပ်ငန်းရှင်တွေ စားပွဲဝိုင်းကနေပြီး ထပြန်သွားခဲ့လို့ အရောင်းအဝယ် မဖြစ်မြောက်ခဲ့ပါဘူး။ အဓိက အကြောင်းအရင်းကတော့ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာရာထူးတွေကို လျာထားသတ်မှတ်ရာ

မှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့ မန်ချက်စတာညနေခင်း သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မန်ယူအသင်း လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာအကြောင်းကို ကောင်းကောင်းနားလည်တယ်လို့ နိုက်တန်က ဒီသီတင်းပတ်ထဲမှာ ပြောဆိုခဲ့ပါတယ်။

(zawgyi)

လက္ရွိအသင္းပိုင္ရွင္ ဂေလဇာမိသားစုဆီကေနၿပီး မန္ယူအသင္းကို ဝယ္ယူဖို႔ ႀကိဳးစားေနတယ္လို႔ သတင္းထြက္လာသူကေတာ့ မိုက္ကယ္ႏိုက္တန္ဆိုသူပဲ ျဖစ္ပါတယ္။ ၿဗိတိန္ စီးပြားေရးလုပ္ငန္းရွင္ျဖစ္သူ မိုက္ကယ္ႏိုက္တန္နဲ႔ အက်ဳးတူကုမၸဏီလုပ္ငန္းစုအဖြဲ႕ဟာ

မန္ယူကိုဝယ္ယူဖို႔ စိုင္းျပင္းေနၿပီျဖစ္တယ္လို႔ မန္ခ်က္စတာညေနခင္း သတင္းဝက္ဘ္ဆိုက္က ေဖာ္ျပထားပါတယ္။ ၂၀၀၅ ခုႏွစ္မွာ မန္ယူအသင္းကို စတင္ဝယ္ယူပိုင္ဆိုင္ၿပီးေနာက္ အခုလက္ရွိအခ်ိန္မွာေတာ့ ဖိအားေတြအမ်ားအျပားကို ရင္ဆိုင္ေနရၿပီျဖစ္တဲ့ ဂေလဇာမိသားစုဟာ

အဲရစ္တန္ဟက္ကို နည္းျပသစ္အျဖစ္ခန႔္အပ္ၿပီး သရဲနီေခတ္သစ္တစ္ခုကို ထူေထာင္ဖို႔ ႀကိဳးစားေနေပမယ့္ ကံဆိုးစြာနဲ႔ပဲ ဖိအားေတြက တိုးၿပီးရင္းတိုးလာေနပါၿပီ။ ရာနဲ႔ခ်ီတဲ့ မန္ယူအသင္းပရိသတ္ေတြဟာ ၿပီးခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္ခင္မွာလည္း အသင္းပိုင္ရွင္ ဂေလဇာမိသားစုကို

ဆႏၵျပခဲ့တာရွိခဲ့ပါတယ္။ အခုလို ဖိအားမ်ိဳးေတြရွိလာေနတာေၾကာင့္ အသင္းပိုင္ရွင္ ဂေလဇာမိသားစုဟာ လက္ဝယ္ပိုင္ဆိုင္မႈေတြကို ခုံခံကာကြယ္ႏိုင္စြမ္း က်ဆင္းလာေနၿပီျဖစ္လို႔ ေရာင္းထုတ္ရေတာ့မယ့္ အေျခအေနမ်ိဳး ျဖစ္လာေနပါၿပီ။ မိုက္ကယ္ႏိုက္တန္ဆိုတာက အသက္ ၇၀ အ႐ြယ္ရွိေနၿပီျဖစ္တဲ့

ကမာၻေက်ာ္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ၿပီး ငယ္ႏုစဥ္အခ်ိန္တုန္းကေတာ့ ေဘာလုံးသမားျဖစ္ဖို႔ ရည္႐ြယ္ခ်က္ရွိခဲ့သူေပါ့။ ေနာက္ၿပီး သူဟာ မန္ယူကို ၁၉၈၉ ခုႏွစ္မွာ ေပါင္သန္း ၂၀ နဲ႔ ဝယ္ယူဖို႔အတြက္ ႀကိဳးစားခဲ့ပါေသးတယ္။ အဲဒီအခ်ိန္တုန္းကေတာ့ သူေပးတဲ့ေဈးဟာ စံခ်ိန္တင္ ႏႈန္းထားတစ္ရပ္ျဖစ္ခဲ့တာပါ။

သူ႔ရဲ႕ကမ္းလွမ္းမႈကို အဲဒီအခ်ိန္က မန္ယူအသင္းအမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ မာတင္အက္ဒ္ဝက္စ္က လက္ခံခဲ့တာေၾကာင့္ အေရာင္းအဝယ္ျဖစ္ၿပီလို႔ေတာင္ ထင္ခဲ့ၾကတာပါ။ ဒါေပမဲ့ သီတင္းပတ္အတန္ၾကာေအာင္ ေဆြးေႏြးမႈေတြလုပ္ၿပီးတဲ့ေနာက္ အဓိကရင္းႏွီးျမဳပ္ႏွံၾကမယ့္

လုပ္ငန္းရွင္ေတြ စားပြဲဝိုင္းကေနၿပီး ထျပန္သြားခဲ့လို႔ အေရာင္းအဝယ္ မျဖစ္ေျမာက္ခဲ့ပါဘူး။ အဓိက အေၾကာင္းအရင္းကေတာ့ ဘုတ္အဖြဲ႕ဝင္ ဒါ႐ိုက္တာရာထူးေတြကို လ်ာထားသတ္မွတ္ရာမွာ သေဘာထားကြဲလြဲမႈေတြ ရွိခဲ့တယ္လို႔

မန္ခ်က္စတာညေနခင္း သတင္းဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ မန္ယူအသင္း လက္ရွိရင္ဆိုင္ေနရတဲ့ ျပႆနာအေၾကာင္းကို ေကာင္းေကာင္းနားလည္တယ္လို႔ ႏိုက္တန္က ဒီသီတင္းပတ္ထဲမွာ ေျပာဆိုခဲ့ပါတယ္။