မန်ယူကို ဘာကြောင့်ရှုံးရသလဲဆိုတာကို ထုတ်ပြောလိုက်တဲ့ လီဗာပူး ဂိုးသမား

လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ပြိုင်ဘက်တိုင်းဟာ အခွင့်အရေးကို အကျိုးရှိရှိ အသုံးချနိုင်အောင် အဆုံးစွန်အထိ ကြိုးစားကြပြီး သူတို့အသင်း ကစားပုံကိုလည်း ကြိုတင်လေ့လာထားတာကြောင့် တစ်ခါတလေမှာ အခက်အခဲနဲ့ ကြုံရတာဖြစ်တယ်လို့ လီဗာပူးဂိုးသမား

အလစ်ဆန်ဘက်ကာက သုံးသပ်ခဲ့ပါတယ်။ မန်ယူက လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင် အသင်းဟာ ပြိုင်ဘက်နောက်ခံလူတွေရဲ့ အားနည်းချက်နဲ့ တန်ပြန်တိုက်စစ် ခုခံနိုင်မှု ပျော့ကွက်တွေကို ဖိနင်းပြီး အနိုင်ရလဒ် ရယူသွားခဲ့တာ ဖြစ်ပါ တယ်။

ဒါကြောင့် လီဗာပူးဟာ တစ်ခါတလေမှာတော့ ပြိုင်ဘက်အသင်းတွေ အဖို့ ခန့်မှန်းလို့ရနိုင်တဲ့ အသင်းမျိုး ဖြစ်နေပြီး ဒီအချက်ကို ပြိုင်ဘက်တွေက ကောင်းကောင်း အသုံးချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ‘’ကျွန်တော်တို့နဲ့ ရင်ဆိုင်ကစားတဲ့ အသင်းတွေဟာ ကျွန်တော်တို့ကစားပုံကို

သူတို့ သိထားကြ ပါတယ်။ အဲဒါကို အကျိုးရှိရှိ အသုံးချဖို့ သူတို့ကြိုးစားတယ်။ နောက်ပြီး ကျွန် တော်တို့ကို တိုက်ခိုက်ဖို့ အဲဒီအချက်ကို သုံးဖို့ ကြိုးစားတယ်။ တစ်ခါတလေ မှာတော့ ဒီအချက်က ကျွန်တော်တို့အတွက် အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့

အဲဒီအချက်က ကျွန်တော်တို့ကို အပြစ်ပေးသလိုဖြစ်ခဲ့တာ ပါ။ ဒီညမှတော့ အဲဒီလိုမျိုး ဖြစ်သွားခဲ့တာပါ။ တစ်ခါတလေကျတော့ ပွဲတစ်ပွဲ အတွင်းမှာ ကျွန်တော်တို့က ပိုပြီး ပြည့်စုံနေရပါမယ်။ အဲဒီလို လုပ်ဖို့ကတော့ ခက်ပါတယ်။ ဒါပေမဲ့ အသင်းလိုက် စုစည်းနေကြမယ်ဆိုရင်တော့

ဖြင့် ကျွန် တော်တို့ လုပ်နိုင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ တိုးတက်လာနိုင်ပါတယ်။ ကျွန်တော်တို့ ပွဲချိန်အတွင်းမှာ အရာအားလုံးအတွက် ကြိုးစားအားထုတ်ရုံ လေးပါပဲ။ ဘောလုံးနဲ့အတူ ခံစစ်လည်း ကာကွယ်မှုလုပ်ရမယ်။ ဒါကို ဘယ် လို ပြောင်းလဲပစ်မလဲဆိုတော့

ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ရေးရာက ပြောင်းလဲနေပါပြီ။ တစ်ခါတလေတော့ ပွဲကစားနေချိန်အတွင်းမှာ ကျွန်တော်တို့ အမှားလေး အနည်းငယ်လောက် လုပ်မိတတ်ကြပါတယ်။ အဲဒါက ကျွန်တော် တို့ကို အပြစ်ပေးသွားခဲ့တာပါပဲ’’ လို့ အလစ်ဆန်က မန်ယူနဲ့ ပွဲစဉ်အပြီးမှာ

ပြောဆိုသွားခဲ့တာပါ။ ဒီရာသီအတွက် ပထမဆုံးနိုင်ပွဲ လိုအပ်နေတဲ့ လီဗာပူးဟာ ဘုန်းမောက်နဲ့ ကစားမယ့် စနေနေ့ပွဲစဉ်မှာတော့ အကောင်းဆုံး ပြန်လာနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်းလည်း အလစ်ဆန်က ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

လီဗာပူးအသင္းနဲ႔ ရင္ဆိုင္ရတဲ့အခါ ၿပိဳင္ဘက္တိုင္းဟာ အခြင့္အေရးကို အက်ိဳးရွိရွိ အသုံးခ်ႏိုင္ေအာင္ အဆုံးစြန္အထိ ႀကိဳးစားၾကၿပီး သူတို႔အသင္း ကစားပုံကိုလည္း ႀကိဳတင္ေလ့လာထားတာေၾကာင့္ တစ္ခါတေလမွာ အခက္အခဲနဲ႔ ႀကဳံရတာျဖစ္တယ္လို႔

လီဗာပူးဂိုးသမား အလစ္ဆန္ဘက္ကာက သုံးသပ္ခဲ့ပါတယ္။ မန္ယူက လီဗာပူးကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အိမ္ရွင္ အသင္းဟာ ၿပိဳင္ဘက္ေနာက္ခံလူေတြရဲ႕ အားနည္းခ်က္နဲ႔ တန္ျပန္တိုက္စစ္ ခုခံႏိုင္မႈ ေပ်ာ့ကြက္ေတြကို ဖိနင္းၿပီး အႏိုင္ရလဒ္ ရယူသြားခဲ့တာ ျဖစ္ပါ တယ္။

ဒါေၾကာင့္ လီဗာပူးဟာ တစ္ခါတေလမွာေတာ့ ၿပိဳင္ဘက္အသင္းေတြ အဖို႔ ခန႔္မွန္းလို႔ရႏိုင္တဲ့ အသင္းမ်ိဳး ျဖစ္ေနၿပီး ဒီအခ်က္ကို ၿပိဳင္ဘက္ေတြက ေကာင္းေကာင္း အသုံးခ်ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ‘’ကြၽန္ေတာ္တို႔နဲ႔ ရင္ဆိုင္ကစားတဲ့ အသင္းေတြဟာ

ကြၽန္ေတာ္တို႔ကစားပုံကို သူတို႔ သိထားၾက ပါတယ္။ အဲဒါကို အက်ိဳးရွိရွိ အသုံးခ်ဖို႔ သူတို႔ႀကိဳးစားတယ္။ ေနာက္ၿပီး ကြၽန္ ေတာ္တို႔ကို တိုက္ခိုက္ဖို႔ အဲဒီအခ်က္ကို သုံးဖို႔ ႀကိဳးစားတယ္။ တစ္ခါတေလ မွာေတာ့ ဒီအခ်က္က ကြၽန္ေတာ္တို႔အတြက္

အလုပ္ျဖစ္ပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ရံမွာေတာ့ အဲဒီအခ်က္က ကြၽန္ေတာ္တို႔ကို အျပစ္ေပးသလိုျဖစ္ခဲ့တာ ပါ။ ဒီညမွေတာ့ အဲဒီလိုမ်ိဳး ျဖစ္သြားခဲ့တာပါ။ တစ္ခါတေလက်ေတာ့ ပြဲတစ္ပြဲ အတြင္းမွာ ကြၽန္ေတာ္တို႔က ပိုၿပီး ျပည့္စုံေနရပါမယ္။ အဲဒီလို လုပ္ဖို႔ကေတာ့

ခက္ပါတယ္။ ဒါေပမဲ့ အသင္းလိုက္ စုစည္းေနၾကမယ္ဆိုရင္ေတာ့ျဖင့္ ကြၽန္ ေတာ္တို႔ လုပ္ႏိုင္ပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ တိုးတက္လာႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ ပြဲခ်ိန္အတြင္းမွာ အရာအားလုံးအတြက္ ႀကိဳးစားအားထုတ္႐ုံ ေလးပါပဲ။

ေဘာလုံးနဲ႔အတူ ခံစစ္လည္း ကာကြယ္မႈလုပ္ရမယ္။ ဒါကို ဘယ္ လို ေျပာင္းလဲပစ္မလဲဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ စိတ္ဓာတ္ေရးရာက ေျပာင္းလဲေနပါၿပီ။ တစ္ခါတေလေတာ့ ပြဲကစားေနခ်ိန္အတြင္းမွာ ကြၽန္ေတာ္တို႔

အမွားေလး အနည္းငယ္ေလာက္ လုပ္မိတတ္ၾကပါတယ္။ အဲဒါက ကြၽန္ေတာ္ တို႔ကို အျပစ္ေပးသြားခဲ့တာပါပဲ’’ လို႔ အလစ္ဆန္က မန္ယူနဲ႔ ပြဲစဥ္အၿပီးမွာ ေျပာဆိုသြားခဲ့တာပါ။ ဒီရာသီအတြက္

ပထမဆုံးႏိုင္ပြဲ လိုအပ္ေနတဲ့ လီဗာပူးဟာ ဘုန္းေမာက္နဲ႔ ကစားမယ့္ စေနေန႔ပြဲစဥ္မွာေတာ့ အေကာင္းဆုံး ျပန္လာႏိုင္မယ္လို႔ ယုံၾကည္တဲ့အေၾကာင္းလည္း အလစ္ဆန္က ေျပာဆိုသြားခဲ့ပါတယ္။