မန်ယူကို ပြောင်းဖို့အတွက် နည်းပြတန်ဟက် နားချခဲ့ပုံကို ထုတ်ပြော လိုက်တဲ့ အန်တိုနီ

အေဂျက်ဇ်ကနေပြီး မန်ယူကို ပြောင်းရွှေ့ဖို့အတွက် အခုသီတင်းပတ် အစောပိုင်းမှာ သဘောတူညီမှု ရခဲ့တဲ့

တိုက်စစ်မှူးအန်တိုနီကို လက်ရှိအချိန်မှာတော့ မန်ယူအသင်းဂျာစီနဲ့ ပထမဆုံး စတင်မြင်တွေ့ခွင့်ရပြီဖြစ်ပါတယ်။

အန်တိုနီဟာ အိုးလ်ထရက်ဖို့ဒ်ဆီကို တရားဝင်ရောက်ရှိလာပြီဖြစ်တယ်ဆိုတဲ့ အကြောင်းကို

မန်ယူအသင်းက ကြေညာခဲ့သလို စာချုပ်လက်မှတ် ရေးထိုးနေတဲ့ ဓာတ်ပုံတွေကိုလည်း မန်ယူအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိတဲ့ အန်တိုနီဟာ နယ်သာလန်ကလပ်မှာတုန်းက နည်းပြတန် ဟက်နဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပြီး

အခု အင်္ဂလန်ကို ရောက်လာဖို့အတွက် မန်ယူ အုပ်ကြီးက ဘယ်လို ဆွဲဆောင်ခဲ့သလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

အန်တိုနီကို သရဲနီဂျာစီနဲ့ ပထမဆုံးတွေ့မြင်ခဲ့ရပြီဖြစ်ပေမယ့် ဝတ်ဆင်ကစားခွင့်ရမယ့်

ကျောနံပါတ်ကတော့ ပဟေဠိဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေဆဲပဲ ဖြစ်ပါသေးတယ်။

ဒီဘရာဇီးသားသာ မန်ချက်စတာကလပ်နဲ့အတူ ၅ နှစ်သက်တမ်းစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး

စာချုပ်ပါအချက်အလက်အရ နောက်ထပ် ၁၂ လ သက်တမ်း တိုးခွင့်လည်း ရှိနေပါတယ်။

‘’ကမ္ဘာပေါ်က ပြယုဂ်တစ်ခုဖြစ်တဲ့ မန်ယူလို အသင်းကို ပြောင်းရွှေ့ခွင့်ရတာဟာ

ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ မယုံကြည်နိုင်စရာကောင်းလောက်တဲ့ အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။

ကျွန်တော့်အပေါ် ယုံကြည်ပေးကြသူအကုန်လုံးကို ကျေးဇူးတင်ပါတယ်။

အထူးသဖြင့် ကျွန်တော့်မိသားစု၊ ကျွန်တော့် နည်းပြတွေနဲ့ အသင်းဖော်တွေကိုပေါ့။

ဘာကြောင့်လဲဆိုတော့ သူတို့သာမရှိခဲ့ဘူးဆိုရင် ကျွန်တော် ဒီကို ရောက်လာမှာ မဟုတ်ပါဘူး။

အေဂျက်ဇ်မှာတုန်းက နည်းပြတန်ဟက်ရဲ့ လက်အောက်မှာ ကစားခဲ့ရတာဟာ

ကျွန်တော့်အတွက် တိုးတက်မှုရှိစေသလို အားလုံးပြည့်စုံပါတယ်။

သူ့ရဲ့ နည်းပြပုံနဲ့ ဘောလုံးနည်းစနစ်တွေဟာ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်စေတယ်။

နောက်ပြီး ကျွန်တော်နဲ့ပတ်သက်လို့ မန်ယူမှာ သူ စီစဉ်ထားတဲ့ အစီအစဉ်တွေနဲ့ ရည်ရွယ်ချက်တွေကြောင့်

ကျွန်တော် စိတ်လှုပ်ရှားရပါတယ်’’ လို့ အန်တိုနီက ပြောဆိုခဲ့တဲ့အကြောင်း The Sun သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

zawgyi

မန္ယူကို ေျပာင္းဖို႔အတြက္ နည္းျပတန္ဟက္ နားခ်ခဲ့ပုံကို ထုတ္ေျပာ လိုက္တဲ့ အန္တိုနီ

ေအဂ်က္ဇ္ကေနၿပီး မန္ယူကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ အခုသီတင္းပတ္ အေစာပိုင္းမွာ သေဘာတူညီမႈ ရခဲ့တဲ့

တိုက္စစ္မႉးအန္တိုနီကို လက္ရွိအခ်ိန္မွာေတာ့ မန္ယူအသင္းဂ်ာစီနဲ႔ ပထမဆုံး စတင္ျမင္ေတြ႕ခြင့္ရၿပီျဖစ္ပါတယ္။

အန္တိုနီဟာ အိုးလ္ထရက္ဖို႔ဒ္ဆီကို တရားဝင္ေရာက္ရွိလာၿပီျဖစ္တယ္ဆိုတဲ့ အေၾကာင္းကို

မန္ယူအသင္းက ေၾကညာခဲ့သလို စာခ်ဳပ္လက္မွတ္ ေရးထိုးေနတဲ့ ဓာတ္ပုံေတြကိုလည္း မန္ယူအသင္းက ထုတ္ျပန္ခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ရွိတဲ့ အန္တိုနီဟာ နယ္သာလန္ကလပ္မွာတုန္းက နည္းျပတန္ ဟက္နဲ႔ လက္တြဲခဲ့ဖူးသူျဖစ္ၿပီး

အခု အဂၤလန္ကို ေရာက္လာဖို႔အတြက္ မန္ယူ အုပ္ႀကီးက ဘယ္လို ဆြဲေဆာင္ခဲ့သလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။

အန္တိုနီကို သရဲနီဂ်ာစီနဲ႔ ပထမဆုံးေတြ႕ျမင္ခဲ့ရၿပီျဖစ္ေပမယ့္ ဝတ္ဆင္ကစားခြင့္ရမယ့္

ေက်ာနံပါတ္ကေတာ့ ပေဟဠိဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ရွိေနဆဲပဲ ျဖစ္ပါေသးတယ္။

ဒီဘရာဇီးသားသာ မန္ခ်က္စတာကလပ္နဲ႔အတူ ၅ ႏွစ္သက္တမ္းစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး

စာခ်ဳပ္ပါအခ်က္အလက္အရ ေနာက္ထပ္ ၁၂ လ သက္တမ္း တိုးခြင့္လည္း ရွိေနပါတယ္။

‘’ကမာၻေပၚက ျပယုဂ္တစ္ခုျဖစ္တဲ့ မန္ယူလို အသင္းကို ေျပာင္းေ႐ႊ႕ခြင့္ရတာဟာ

ကြၽန္ေတာ့္ရဲ႕ ကစားသမားဘဝမွာ မယုံၾကည္ႏိုင္စရာေကာင္းေလာက္တဲ့ အခိုက္အတန႔္တစ္ခုျဖစ္ပါတယ္။

ကြၽန္ေတာ့္အေပၚ ယုံၾကည္ေပးၾကသူအကုန္လုံးကို ေက်းဇူးတင္ပါတယ္။

အထူးသျဖင့္ ကြၽန္ေတာ့္မိသားစု၊ ကြၽန္ေတာ့္ နည္းျပေတြနဲ႔ အသင္းေဖာ္ေတြကိုေပါ့။

ဘာေၾကာင့္လဲဆိုေတာ့ သူတို႔သာမရွိခဲ့ဘူးဆိုရင္ ကြၽန္ေတာ္ ဒီကို ေရာက္လာမွာ မဟုတ္ပါဘူး။

ေအဂ်က္ဇ္မွာတုန္းက နည္းျပတန္ဟက္ရဲ႕ လက္ေအာက္မွာ ကစားခဲ့ရတာဟာ

ကြၽန္ေတာ့္အတြက္ တိုးတက္မႈရွိေစသလို အားလုံးျပည့္စုံပါတယ္။

သူ႔ရဲ႕ နည္းျပပုံနဲ႔ ေဘာလုံးနည္းစနစ္ေတြဟာ ကြၽန္ေတာ့္အတြက္ အေကာင္းဆုံးျဖစ္ေစတယ္။

ေနာက္ၿပီး ကြၽန္ေတာ္နဲ႔ပတ္သက္လို႔ မန္ယူမွာ သူ စီစဥ္ထားတဲ့ အစီအစဥ္ေတြနဲ႔ ရည္႐ြယ္ခ်က္ေတြေၾကာင့္

ကြၽန္ေတာ္ စိတ္လႈပ္ရွားရပါတယ္’’ လို႔ အန္တိုနီက ေျပာဆိုခဲ့တဲ့အေၾကာင္း The Sun သတင္းစာက ေဖာ္ျပသြားခဲ့ပါတယ္။